BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Monday, April 30, 2012

လောကနီတီစကားများ....


ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
• အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
• အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
• သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
• အလောင်းအစား ကစားများခြင်း ။
• မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
• ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။
• တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
• တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
• အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
• တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

• ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
• ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
• မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
• ရဟန်းသည် တရား၌သာ မွေ့လျော်၏။

• ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
• မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
• စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
• ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ
ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ
အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။
ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။

ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။

မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို
အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။

ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။
ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။


• သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏ . . .
• သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏. . .

• သူယုတ်မာတို့နှင့် ပေါင်းဖတ်ခြင်းကို စွန့်လွှတ်လော့ . . .
• သူတော်ကောင်းကို ပေါင်းဖက်အပ်သူကို သာ ဆည်းကပ်လော့ . . .
• ကုသိုလ်ကောင်းမှုကို အစဉ်အမြဲ ပြုလော.့ . .
• မမြဲသော အဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲ အောက်မေ့ဆင်ခြင်လော့ . . .

• သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌ မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏. .

• ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏. .
• သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏. . .
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့
ကျရောက်ငြားသော်လည်း သူတော်ကောင်း တရားကို မစွန့်.

• င်္ခြသေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား. . .
• ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏

* မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
• မတော်မမှန်အကောက်ဥာဏ် သုံးတတ် သူကို တော်တည့်ဖြောင့်မှန်စွာ ကျင့်သုံး ခြင်းဖြင့် အောင်နိုင်ရာ၏.
• ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
• မဟုတ်မှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်နိုင်ရာ၏.
• ကျွေးမွေးပေးကမ်းခြင်းသည် မယဉ်ပါးသူကို ယဉ်ပါးစေနိုင်၏ ခပ်သိမ်းသော အကျိုးကိစ္စကိုလည်း ပြီးစေနိုင်၏.
• ကျွေးမွေးပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း သူတစ်ထူအပေါ်သာလွန်နိုင်၏. အများ၏ရိုသေလေးစားမှုကို လည်းရယူနိုင်၏.
ဤလောက၌-
• ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
• နှမြောတွန့်တိုဝန်တိုခြင်းသည်ကား အမုန်းဆေးမည်၏. အခြံအရံမဲ့ အထီးကျန် ဘ၀သို့ ရောက်စေတတ်၏.
လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ

ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။

- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.

အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။

* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။

* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ။
* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။
• ပထမအရွယ်ပညာရှာ၊ဒုတိယအရွယ် ဥစ္စာရှာ၊တတိယအရွယ် တရားရှာ။
• အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
• အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
• ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
• မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
• အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
• အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။


လူမသိသူမသိ အပြုံးများ



ကြုံလိုက်ရတဲ့ ထမင်းလုံးတွေက ဝါးတရိုက်စာ အကွာကိုရောက်နေကြတယ်။
မနက်ဖြန်လည်း တွေ့မယ်၊ သဘက်ခါလည်း တွေ့မယ်။
ခါးချိအောင် ထမ်း၊ ကြိမ်းစပ်နေအောင် ရွက်ရတဲ့ ဒီခေါင်းတွေ၊
ဘဝအသိပညာ - မသင်ပေးရဘဲ စုနေကြမှာပဲ။

သမုဒ္ဒရာ ၀မ်းတစ်ထွာကို အကြွေးဆပ်ဖို့
ဒီဝန်ကိုထမ်း ၊ ဒီလမ်းကိုလျှောက်
မကြောက်တဲ့စိတ်တွေနဲ့ ၊
ပလီတတ်တဲ့လောကကို
ရိုးသားစွာပြုံးပြတတ်ကြတယ်
တုမမှီစွာ- မပြိုင်ဘဲနဲ့ အောင်နိုင်နေတဲ့အလှစစ်ပေါ့။

Sunday, April 29, 2012

"မိန်းကလေး တို့ ရဲ့  အလှနဲ့ တန်ဖိုး"


မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။
တချို့က မိန်းကလေးတွေဟာ "တောင်တန်း" လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်တဲ့။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ပါဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို
ဆက်လုပ်သူ ဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းလေးတစ်ပွင့်ပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းလေး ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြပါဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးလည်း ဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းလေး ဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းလေးတစ်ပွင့်ရဲ့ ကြန်အင် လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုမိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမယ်၊ ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံးနဲ့ လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်ပါတယ်။ လင်းလက်တဲ့အပြုံးကိုလည်း တွေ့မြင်နိုင်ပါတယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ပါဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာလည်းမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို
ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာတော့ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်ကြတယ်။
မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊
ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ စည်းစိမ်မချမ်းသာလို့
ကျွန်မတို့ သိမ်ငယ်နေစရာမလိုပါဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် စွမ်းဆောင်နိုင်ကြပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူးနော်။
မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ လည်းမဆိုင်ပါဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လိုဖွယ် အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး ကြမ်းတမ်းယုတ်ညံ့သောစကားမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်ဆောင်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့တန်ဖိုးရှိရှိ လှလှပပ ရှင်သန်နေထိုင်သင့်ပါသည်။ ။မူရင်းရေးသားသူ နိုင်းနိုင်းစနေ


Saturday, April 28, 2012

တရားအားထုတ်ခြင်းဟူသည်..

စိတ်၏အလုပ်ဖြစ်သည့်ကမ္မဋ္ဌာန်းခေါ် (Meditation)အားထုတ်ရာတွင် စိတ်ကိုအာရုံတစ်ခုတွင် တည်ငြိမ်စေ
ရန်စတင်လေ့ကျင့်ရသည်။ ဤသည်ကို ယနေ့ခေတ်တွင်
တရားအားထုတ်ခြင်းဟုခေါ်ကြသည်။အမှန်မှာစိတ်ကိုဂနာငြိမ်စေရန် ထိန်းသိမ်းခြင်း၊ စိတ်ကိုသူ့သဘာဝအတိုင်းလွှတ်မထားခြင်း (Control of mind)
သာဖြစ်သည်။ အတွင်းသိစိတ်ဖြင့် အပြင်သိစိတ်ကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ အပြင်သိစိတ်(ပဉ္စ၀ိညာဏ)များသည် ပြင်ပအာရုံများရှိရာသို့ ခန္ဓာကိုယ်ပြူတင်းပေါက်(ဒွါရ)များမှ ထွက်၍ သွားလေ့ရှိပါသည်။အပြင်သိစိတ်များက အာရုံရှိရာထွက်သွားသကဲ့သို့ အတွင်းသိစိတ်(မနောဝိညာဏ)များကလည်း အာရုံများ
ကိုဆွဲခေါ်လေ့ရှိ၏။ ဤသည်မှာ ၀ိညာဏစိတ်များ၏ အပြန်အလှန်အာရုံနှင့် ပလူးတတ်သည့်သဘာဝများဖြစ်သည်။ ထို့ကြောင့်မျက်စိကိုပိတ် ဆိတ်ငြိမ်ရာမှာ တရားအားထုတ်ကြရသည်။ အကြောင်းမူမျက်စိကိုပိတ်
ထားခြင်းဖြင့် မျက်စိရှေ့ရောက်လာသည့် အာရုံအဆင်းမြင်ကွင်းကို တားမြစ်လိုက်သည်။ ဆိတ်ငြိမ်ရာရှာရခြင်းမှာမူ မိမိတို့တရားအားထုတ်သည့်နည်းများသည် ဘုရားအလောင်းသိဒ္ဓတ္ထ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ အားထုတ်စဉ်ကလို မိမိလက်ဖြင့် နားမျက်စိ၊ နှာခေါင်းပေါက်တို့ကို ပိတ်၍ကျင့်သည်မဟုတ်ကြပါ။
(သို့) ဟိန္ဒူယောဂကျင့်စဉ်ကဲ့သို့လက်မနှစ်ခုဖြင့် နားနှစ်ဘက်။ လက်ညိုး ၊လက်ခလယ်လေးခုဖြင့် မျက်စိနှစ်လုံး။ လက်သူကြွယ်နှစ်ခုဖြင့် နှာခေါင်းနှစ်ပေါက်ကိုပိတ်၍ ပါးစပ်နှစ်ခုကို ခပ်တင်းတင်း လေမထွက်စေနိုင်
အောင် စေ့ထားကာကျင့်ကြသည်မဟုတ်ပါ။ မျက်စိနှစ်ဘက်ကိုသာ လက်မပါအလိုအလျောက် သာမန်စိတ်အဖြင့်ပိတ်ထားကာ နားနှာခေါင်းကိုမူ ဖွင့်ထားကြသည်။ အကယ်၍ဆူညံသည့်နေရာတွင် အားထုတ်ပါက ဖွင့်ထားသည့်နားမှ အသံများဝင်ရောက်လာသဖြင့် ကြားသိစိတ်ဖြစ်စဉ်များ ပေါ်ပေါက်လာကာ အတွင်းသိစိတ်က မထိန်းသိမ်းနိုင်တော့ဘဲ အပြင်သိစိတ်နောက်သို့ စိတ်ရေစီးကြောင်း(The current of Mind)အတိုင်း စီးဆင်းလိုက်ပါလျှက် ထားသည့်နေရာတွင် စိတ်ကမနေတော့သဖြင့် တည်ငြိမ်မှု(Concentrate)ပျက်ကာ သတိလက်လွှတ်ဖြစ်ရလေသည်။ သမာဓိ(Concentration)မဖြစ်နိုင်ဟု
ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်ဆိတ်ငြိမ်ရာသည်လည်း တရားအားထုတ်ရာတွင် လိုအပ်သည့်အချက်ဖြစ်သည်။ အဓိကမှာစိတ်ကို ပြင်ပအာရုံများသို့ မလိုက်စေဘဲ ထားရာအာရုံတစ်ခုတည်းတွင်သာ နေစေရန်လေ့ကျင့်ရမည်ဖြစ်သည်။ ထားရာအာရုံသည် ပြင်ပအာရုံ(External Sense)ဖြစ်လျှင် သမထလမ်း(Concentration Method)ဟု ဆိုရမည်။ ဤသည်မှာ ရိုးရာကမ္မဋ္ဌာန်းလမ်းစဉ်ဖြစ်သည်။ဗုဒ္ဓမပွင့်ပေါ်မီ(သို့) သတ္တ၀ါစဖြစ်စဉ်မှစ၍ ရှိခဲ့သဖြင့် ရိုးရာကမ္မဋ္ဌာန်းဟုခေါ်လိုက်ခြင်းဖြစ်သည်။
အနိမ့်ဆုံးအဆင့် စိတ်မငြိမ်သက်ဖြစ်နေလျှင် ဘ၀င်မကျနိုင်သဖြင့် အိပ်လို့မပျော်နိုင်ပေ။ အိပ်ပျော်ရန်မှာ စိတ်ငြိမ်ဖို့လိုပေသည်။ ယင်းသည်ပင်လျှင်ရိုးရာကမ္မဋ္ဌာန်းဖြစ်တော့သည်။ ထို့ကြောင့်စိတ်ငြိမ်ရုံမျှ လုပ်သည့်ကမ္မဋ္ဌာန်းမှန်သမျှသည် သမထသာရှိသေးသည်။ ပြင်ပအာရုံကိုမယူဘဲ အတွင်းအာရုံ (Internal Sense)ဟုခေါ်နိုင်သည့် ကိုယ့်ခန္ဓာကိုယ်အတွင်း ရုပ်ကိုဖြစ်စေ၊ နာမ်ကိုဖြစ်စေ စိတ်ငြိမ်ရုံမျှ ရှုကြည့်နေလျှင်လည်း
သမာဓိသမထပင်ဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံတွင်ဗုဒ္ဓပွင့်ပေါ်ရာနေရာများ လူစည်ကားလာသဖြင့် ဗုဒ္ဓတရားသည်လည်း အရှိန်တက် လူများစိတ်ဝင်စားမှုများလား၍ ၀ိပဿနာအမည်ခံကာ ဟိန္ဒူယောဂများရောထွေးယှက်တင်ဟောပြောပြသကာ ဗုဒ္ဓ၏၀ိပဿနာယောင်ယောင် ပြနေကြသည့်ဆရာများလည်းပေါ်ပေါက်နေသည်။ ဟိန္ဒူအတ္တ၀ါဒသည် မည်သည့်အခါကမှ အရှုံးမပေး၊ တနည်းနည်းဖြင့် အနိုင်ယူခဲ့သည့်အ
စဉ်အလာရှိသည်ကို ထေရ၀ါဒဗုဒ္ဓ၀ါဒီများ အထူးမမေ့အပ်သည့်အချက်ဖြစ်သည်။ ဟိန္ဒူဝါဒသည် အကြမ်းဖက်အနိုင်ယူမရလျှင် အနုနည်းဖြင့်အမြဲတမ်းပူးသတ်ခဲ့သည့် သမိုင်းအစဉ်အလာရှိသည်။ထိုကြောင့်မဟာယာနမြောက်ပိုင်းဗုဒ္ဓဘာသာဟူ၍ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။သမာဓိလုပ်ငန်းအစဉ်အလာ
သည်လည်း ဟိန္ဒူဘာသာတွင်အဓိကအချက်ဖြစ်သည်။ သမထကြောင့်ရသည့်တန်ခိုးစွမ်းရည် (Psychic
Power)များသည် ယင်းတို့ဘာသာ၏ အထွဋ်အမြတ်ထားကြသည့်အရာဖြစ်သည်။ တန်ခိုး(Miracle)များရ
လျှင်(Sant)သန္တငြိမ်သက်သူ ရဟန္တာအဖြစ်သတ်မှတ်ကြသည်။ အခြားဘာသာများကလည်း (Psychic Power & mircle)တန်ခိုးများ ရလျှင်ပင် (Saint) ရဟန္တာဂိုဏ်းဝင် ဖြစ်သည်ဟုပင်သတ်မှတ်ကြပါသည်။
လောလောဆယ်ဆယ်လူတိုင်းသိကြသည့် မာသာထရီဆာ( ကာလကတ္တားမှ ခရစ်ယာန် သီလာရှင်ဆရာမကြီး) သည် လွန်ခဲ့သည့် 1997 ခုနှစ်က သေဆုံးခဲ့သည်။ 1998 ခုနှစ်တွင်သူ့ဓာတ်ပုံပါသည့်လော့ကတ်များကိုဝတ်ဆင်ကြသူများသည်ရောဂါများပျောက်ကင်းကြသည်ဟုဆိုသည်။
ထို့ကြောင့်ယင်းတို့အဖွဲ့ခေါင်းဆောင်ကပုတ်ရဟန်းမင်းကြီးထံစိန့်(Saint)ခရိယာန်ရဟန္တာဘွဲ့ပေးရန်
တောင်းဆိုကြောင်း သတင်းများမှာကြည့်ရှုရသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင် (Psychic power)တန်ခိုးရသည် မရသည်၊ (Mircles)တန်ခိုးကြီးသည်မကြီးသည်မှာ အဓိကမဟုတ်။ ဗုဒ္ဓကတန်ခိုးပြခြင်းကိုပင် ပိတ်ပင်ခဲ့သေးသည် မဟုတ်ပါလား။ သို့သော်ထေရ၀ါဒ ဗုဒ္ဓ၀ါဒီတို့သည်လည်း အတ္တကို ဗုဒ္ဓ၀ါဒ(မြန်မာ့ရိုးရာ)အရ ဖြုတ်နေကြသော်လည်း အတွင်းစိတ်တွင်မူ အတ္တကကင်ဆာရောဂါအဖြစ် အမြစ်တွယ်နေကြသည်မှာ ကြာပြီဖြစ်၍ အနတ္တနောက်သို့မလိုက်နိုင်သေးဘဲတန်ခိုးများနောက်ကောက်ကောက်ပါတုန်းပင်ရှိကြောင်း
တွေ့ရသည်။ရိုးရာ(သီလဗ္ဗတုပါဒါန်)အလေ့စွဲ၊အကျင့်စွဲဓလေ့ထုံးစံများကိုအမှား(သီလဗ္ဗတပရာမာသ)
အဖြစ်မမြင်နိုင် မပယ်နိုင်ဖြစ်နေကြသည်။ ဤသို့သောထေရ၀ါဒီလူတကာများကြားတွင် တိတ္တယပက္ကန္တက
ရဟန်းများစားသာ ကြွားသာကာ စားဝတ်နေရေး အထက်တန်းကျစွာ နေနိုင် စားနိုင်၊ သွားနိုင် ကြွားနိုင်
သည့်(Boastful power) တန်ခိုးများဖြင့် ဘုန်းကြီးကုန်ကြသည်။ ဤသို့ဖြင့် ရိုးရာကမ္မဋ္ဌာန်းမှမလွှတ်နိုင်ဘဲ(Peace of mind or the power with pride) စိတ်ချမ်းသာရရုံမျှဖြင့် ကျေနပ်နေကြသည်။ဗုဒ္ဓ၏အဓိကကမ္မဋ္ဌာန်းသည် ၀ိပဿနာ(ရိုးရာလွန်)ကမ္မဋ္ဌာန်းဖြစ်သည်။ ဗုဒ္ဓသည်ရိုးရာမှန်သမျှ ဖဲခွာစွန့်လွှတ်ခဲ့သူဖြစ်
သည်။ သတ္တလောကတွင် ပညာရှိနှင့်သူတော်ကောင်း အခေါ်ခံရသူတို့နောက်သို့ လိုက်သူမဟုတ်။မည်သည့် ပညာရှိ သူတော်ကောင်းဆိုသူတို့မှ မထုတ်ဖော်နိုင်သည့်တရားတော်ကို ထုတ်ဖော်နိုင်သူ
(Discovere)ဖြစ်သည်။ သူထုတ်ဖော်သည့်တရားသည် ဖြူစင် သန့်ရှင်း အညစ်ကြေးကင်းစင်သည့်(Noble)အရိယာတရားဖြစ်သည်။ ဗုဒ္ဓသည် သူထုတ်နိုင်သည့်တရားတော်ကို ဟောပြကြေညာရာတွင်
ဘယ်သူ့မျက်နှာကိုမှမငဲ့၊ သူ့အကြောင်းကိုပင် မငဲ့၊ တည့်တည့်မတ်မတ် ရှင်းလင်းဟောပြခဲ့သည်။ဤသို့သောတရားစကားမျိုးကို နားလည်လိုက်မီနိုင်အောင် မွေးရာပါဗီဇစိတ်(ခေါ်)ပဋိသန္ဓေ+ ဘ၀င်စိတ်တို့တွင် ဥာဏ်(ခေါ်)(Genesis –Knowledge or IQ )မြင့်မားစွာ ပါရှိဖို့လိုသည်။ ဗုဒ္ဓဘာသာ၏အဓိကအချက်မှာ နေရာတကာဥာဏ်ကို အသုံးချခိုင်းခြင်းဖြစ်သည်။ ဥာဏ်ကိုအသုံးချခိုင်းသော်လည်း ကြိုးစားမှု(Effort or Energy) ၀ီရိယနှင့် လုပ်ငန်းအပေါ် မျက်ခြည်မပြတ်မှု(Mindfulness)သတိတို့ကို အမြဲတမ်းမှတ်မိနေရန် သညာ(Perception or Memory)ရှိနေဖို့လိုပါသည်။ မကြိုးစားဘဲအပျင်းထူနေသူကို ဗုဒ္ဓက မကြိုက်ရုံမျှမက အပြစ်ပင်တင်သေးသည်။ ထို့ကြောင့်သတိ(Mindfulness)နှင့် ၀ီရိယ(Energy)ကို ဥာဏ်(
Knowledge)နှင့် ထိန်းကွပ်ထားပြီး မှတ်ဥာဏ်(Memory)အားကောင်းရေးသည် ဗုဒ္ဓဘာသာဝင်တို့လိုက်နာရမည့်အဓိကအလုပ်ဖြစ်သည်။ ထို့ကြောင့် ၀ိပဿနာတရားကို သတ္တလောက၏ အစဉ်အလာရိုးရာ (Tradition) ကို ပယ်ဖျက်နိုင်သည်။ ရိုးရာတံတိုင်းကိုထိုးဖောက်ကျော်လွန်နိုင်သည့် ပဋိဝေဓ( Penetration)ရိုးရာလွန်ကမ္မဋ္ဌာန်း ဖြစ်ကြောင်းဆိုခြင်းဖြစ်သည်။ ၀ိပဿနာဟူသည် ၀ိ+ပဿနာ= အထူး+မြင်ခြင်၊ကြည့်ခြင်းဟု အဓိပ်ပါယ်ရသည်။ အထူးဆိုသည်ကို အထူးထူး အခြားခြား၊ အထူထူး အပြာပြား၊ ကွဲကွဲပြားပြား၊ သေသေချာချာ စေ့စေ့စပ်စပ် ဟုအဓိပ္ပါယ်ဖော်လျှင် ၀ိ =ဟူသည် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း(Analysis) ဖြစ်လာသည်။ ၀ိပဿနာကို ကြည့်ခြင်း၊ မြင်ခြင်း အဓိပ္ပါယ်ဖော်လျှင် ကြည့်မြင်၊ တွေ့မြင်၊ ရှုမြင် သိမြင်၊ တွေးမြင် ဟု မြင်ဆိုသည့်စကား၏ဒီဂရီကွာခြားပုံကို
နားလည်လာမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် (Insight)ဟု ပြန်လေ့ရှိကြရာ ယင်းကိုလေ့လာလျှင်လည်း IN= အတွင်း အထဲ၊ Sight= မြင်ခြင်းကြည့်ခြင်း ပင်ဖြစ်သည်။ သတ္တ၀ါတိုင်း ကြည့်ပါ မြင်ပါဆိုလျှင် ကိုယ့်ကိုယ်ကိုကြည့်ဖို့ထက် ပြင်ပကိုသာကြည့်လေ့ရှိသည်မှာ ထုံးစံဖြစ်သည်။ ထို့ကြောင့်အတွင့်ဖောက်၍ ကိုယ့်ကိုယ်ကိုမြင်နိုင်သည့်အမြင်ကို (Insight)ဟုဆိုသည်။ သို့ဖြင့် ၀ိပဿနာဆိုသည့်ုစကားကပင် ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရှုခြင်း (Self Analitical View
Or Self Investigation or Self Analysis) ဆိုသည့်သဘော ဆောင်သည်ကိုတွေ့ရမည်။
(မြန်မာဆေးဝင်္ဂဘာကျောင်းဆရာတော် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိ Looking Right View for စာအုပ်မှထုတ်နုတ်တင်ပြပါသည်။)




Friday, April 27, 2012

အိပ်ဆေးမစားဘဲအိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ(ဆေး)


လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။
အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။
အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်-
(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။
(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။
(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။
(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။
(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။
(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။
အကိုး။ ဒေါက်တာမောင်မောင်ညို (အံပဖွယ်သုတစာစောင်)

အတူမအိပ်သင့်သည့်အရာ(၅)မျိုး..။ ဆေးပညာ။


                   1. DON’T SLEEP WITH WATCH
Watches can emit a certain level of radioactivity.Though small, but if you wear

 your watch to bedfor a long time, 
it might have adverse effects on your health.
                   ၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…

နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့…
.ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..
                     2. DON’T SLEEP WITH BRA
Scientists in America have discovered those thatwear bras for more than 12 hours have
a higher risk of getting breast cancer.
So go to bed without it.

                       ၂. အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက
ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

                        3. DON’T SLEEP WITH PHONE
Putting the phone beside your bed or anywhere near you is not encouraged.
Though some of us will use phones as alarm clocks,but please put the phone as far as possible.Scientists have proved that electrical items includingmobile phone and television

 sets emit magnetic waves when used.
These waves can cause disruptions to our nervous system.Therefore if
you need to put your mobile phone near you, switch it off first.

                         ၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့
အသုံးပြုတတ်ကြပါတယ်….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာထားသင့်ပါတယ်. … ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ
အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

                4. DON’T SLEEP WITH MAKE UP
People who sleep with make up might have skin problems in the long run.
Sleeping with make up will cause the skin to have difficulty inbreathing and problem in

 perspiring. You will also need a much longer
time to go into deep sleep.

                     ၄.မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်…မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…

                    Lastly…..
              5. DON’T SLEEP WITH OTHERS’ WIFE / HUSBAND
You may never wake up again.
               ၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူမအိပ်စက်သင့်ပါဘူးတဲ့

…ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့ပါဘူး ။
(မြန်မာဆေးဗဟုသုတမှတင်ပြပါသည်)



Thursday, April 26, 2012

ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့် ကြေညာချက်။ 1987-ခုနှစ်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ မှာ မဆလ တစ်ပါတီ အာဏာရှင် နေ၀င်း လက်ထက် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး စိန်လွင် (၁၉၈၈ ခုနှစ် လူသတ်သမား) ကနေ လက်မှတ်ရေးထိုးပြီး ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့် ကြေညာချက်ကို အကြောင်းပြချက် ဘာမှမရှိဘဲနဲ့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ဒီလို ငွေစက္ကူ (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်တွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့လို့  မြန်မာပြည်သူပြည်သားအများ လက်ဝယ်မှာ ကိုင်တွယ် အသုံးပြုနေတဲ့ငွေတွေဟာ တရားမ၀င် ငွေစက္ကူဘ၀အဖြစ်ကို ရောက်သွားခဲ့ရလို့  ပြည်သူပြည်သားတွေ ရုတ်ချည်းဆိုသလို နေ့ စဉ် စားဝတ်နေရေးအတွက် ဘာမှ ၀ယ်စားလို့  ၀ယ်ထားလို မရတော့တဲ့အထိ ဒုက္ခအတော်ရောက်ခဲ့ပါတယ်။ မဆလအာဏာရှင်ရဲ့  မတရားကြေညာတဲ့ အမိန့် ကြောင့် လက်ဝယ်ရှိတဲ့ ငွေစက္ကူတွေ လုံးဝ သုံးမရဖြစ်ပြီး ပြည်သူလူထုတွေ ဘ၀ပျက်ကြရတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ စက်တင်ဘာလ (၅) ရက်နေ့ က စနေနေ့ ဖြစ်ပါတယ်။ ငွေစက္ကူတွေ တရားမ၀င်တော့ဖူးလို့  ကြေညာလိုက်တဲ့အချိန်က နေ့ လည် (၁၁) နာရီမှာပါ။ မြန်မာ့အသံရေဒီယိုကနေ ကြေညာချက် ကြားလိုက်ရတယ်ဆိုရင်ဘဲ စနေနေ့ ဖြစ်လို့  အပြင်သွားကြ လည်ကြပတ်ကြ ဈေးဝယ်ထွက်ကြဖို့ ဆိုပြီး လမ်းမပေါ်ရောက်နေသူတွေရော၊ မနက် အိမ်ပြင်ထွက်နောက်ကျလို့  ကမန်းကတန်းဟန်ပြင်ပြီး ထွက်ကြဖို့  ပြင်ဆင်နေကြသူတွေရော ဟာကနဲ ဟင်ကနဲ ဖြစ်ကြပြီး၊ နာရီပိုင်းအတွင်းမှာဘဲ အားလုံးငြိမ်သက်သွားကြပါတယ်။ လမ်းတွေပေါ်မှာလည်း ချက်ချင်း လူသူကင်းမဲ့သွားကာ ခြောက်ကပ်ကပ်နဲ့  တစ်စုံတစ်ခုသော ကံကြမ္မာဆိုးကြီး ကျခံထားရတဲ့ လောကကြီးလို ဖြစ်သွားခဲ့ပါတယ်။

ရေဒီယိုမှာ ဆက်တိုက် ထုတ်လွင့်ကြေညာနေတဲ့ အဲ့ဒီအမိန့် ကို ကြားရတဲ့ ပြည်သူတွေမှာ သောကရောက် စိတ်ဆင်းရဲကြပြီး၊ နောက်နေ့ တွေ ဘယ်လို စားဝတ်နေရေးအတွက် ရင်ဆိုင်ကြရမလည်းဆိုတာကို မတွေးတတ်တော့လောက်အောင် စိုးရိမ်ပူပန်ကြရတယ်။ နေ၀င်း အာဏာရှင်အုပ်စုကိုလည်း ဒေါသထွက် ကျိန်ဆဲကြရတဲ့အထိ ပြည်သူတစ်ဦးချင်းစီတိုင်း ဒုက္ခနဲ့  ရင်ဆိုင်ခဲ့ကြရပါတယ်။

လူကြီးမိဘတွေလည်း မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ကြ၊ အနှစ်နှစ်အလလကြာ ငွေကြေး စုဆောင်းထားသူတွေလည်း သဲထဲရေသွန်သလို လက်ဝယ်ကငွေတွေရော ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေရော တန်ဖိုးမဲ့တဲ့ စက္ကူစတွေလို ဖြစ်သွားကြလို့  နှမြောတသဖြစ်ကြ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း အရှုံးတွေ ချက်ချင်း ရင်ဆိုင်ကြရ၊ တစ်နေ့ လုပ်မှ တစ်နေ့ စားကြရတဲ့ ဆင်းရဲသားပြည်သူတွေလည်း မွဲသထက် မွဲပြီး နောက်နေ့ ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိနဲ့ ဖြစ်ကြရတာကြောင့်၊ လူကြီးသူမတွေ မပြောနဲ့  ကလေးတွေကအစ မိဘတွေ အဆူအငေါက်ခံရလို့  မျက်နှာလေးတွေ ညှိုးညှိုးနဲ့  ကုပ်ချောင်းချောင်းဖြစ်ကာ ငြိမ်နေကြရတယ်။ အားလုံး ကိုယ်စီကိုယ်ငှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘ၀ကို လက်တွေ့ မှာ ရုတ်တရက် ပိုင်ဆိုင်လိုက်ကြရတယ်။ အစားထိုးပြန်လဲပေးမယ့် အရိပ်အယောင်နဲ့  အာမခံကြေညာတာမျိုးလည်း မရှိတဲ့တာကြောင့် ဒီငွေကြေးစက္ကူတွေအတွက် မျှော်လင့်ချက်တောင် ထားမရခဲ့ဘူး။
ဆင်းရဲသားပြည်သူတွေ၊ သာမန်ပြည်သူတွေ၊ အစိုးရအမှုထမ်းအရာထမ်းတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  ဘ၀ပျက်ရလောက်အောင် ငွေစက္ကူဆုံးရှူံးမှုကို ကြီးကြီးမားမား ရင်ဆိုင်ရပေမယ့်၊ အာဏာရှင်အသိုင်းအ၀ိုင်းကသူတွေ၊ ဌာနဆိုင်ရာ ၀န်ကြီးမိသားစုတွေ၊ နီးစပ်သူတွေကတော့ တရားမ၀င်ငွေစက္ကူ ကြေညာမယ့် သတင်းကို တိုးတိုးတိတ်တိတ် ကြိုသိထားတာကြောင့် မိမိတို့ ပိုင်ဆိုင်တဲ့ ငွေစက္ကူတွေကို ကျောက်မျက်ရတနာ အစရှိတာတွေနဲ့  လဲလှယ်ဝယ်ယူ သိမ်းဆည်းထားပြီးကြပါပြီ။ စားနပ်ရိက္ခာ ဆီဆန်ဆားတွေကိုလည်း ကြိုတင်ပြီး ၀ယ်ယူသိမ်းဆည်း လှောင်ထားပြီးကြပါပြီ။ ပြည်သူတွေမှာသာ ဒီတရားမ၀င် ငွေကြေးကြေညာမှုဒဏ်ကို ရက်ရက်စက်စက်ကြီး ခါးစီးခံလိုက်ခဲ့ရပါတယ်။
ဒီ့အပြင် မြို့ အသီးသီး နယ်အရပ်ရပ်ကနေ ကျောင်းလာတက်ကြပြီး အဆောင်နေသူ ကျောင်းသူကျောင်းသားတွေမှာလည်း မိဘတွေဆီက ထောက်ပံ့မှုတွေ ရပ်ကုန်ကြပြီး၊ ကျောင်းလခတွေ စားဝတ်နေရေးတွေအတွက် အကြပ်အတည်း ဖြစ်ကြရတယ်။ ငွေကြေးစက္ကူတွေကို ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ သိမ်းဆည်းလိုက်တာကြောင့် ပြည်သူတွေဆီက အေးဓါးမြတိုက်သလိုဖြစ်ပြီး ဒုက္ခရောက်ကြရတဲ့ အခြေအနေတွေ၊ ကျောင်းသူကျောင်းသားတွေပါ ပညာရေး နေထိုင်ရေး အခက်အခဲဖြစ်ကုန်ကြတဲ့ အနေအထားတွေကြောင့်၊ အာဏာရှင်နေ၀င်း မဆလတစ်ပါတီကို မကျေမနပ် ခံပြင်းပြီး ထိခိုက်ခံစားထားရတာကြောင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ဖြစ်လာတဲ့အချိန်မှာ ကျောင်းသားပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ဆင်နွဲမှု ဖြစ်ပေါ်စေခဲ့တာ ဖြစ်တယ်။
၁၉၈၇ ခုနှစ်တုန်းက (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်ငွေစက္ကူတွေ သိမ်းဆည်းခဲ့ပြီးနောက်ပိုင်းကြတော့ ငွေစက္ကူအသစ်တွေဖြစ်တဲ့ (၄၅) ကျပ်တန်နဲ့  (၉၀) ကျပ်တန်တွေ ထုတ်လာတာ တွေ့ ရှိရတယ်။ မတရားငွေစက္ကူများအဖြစ် ကြေညာသိမ်းဆည်းခဲ့တဲ့ ငွေစက္ကူတွေကိုလည်း လုံးဝ အစားထိုး လဲလှယ်ပေးတာ မပြုလုပ်ခဲ့ပါ။

ဒီငွေစက္ကူအသစ်တွေရဲ့  တန်ဖိုးဂဏန်းဟာ ၄၅ နဲ့  ၉၀ ဖြစ်ပြီး နေ၀င်းရဲ့ အကြိုက် ၉ ဂဏန်းနဲ့  ပြောင်းလဲ ယတြာခြေတာဖြစ်သလို၊ တစ်ဘက်ကလည်း ဒီငွေစက္ကူရုပ်ပုံတွေမှာ ဆရာစံနဲ့  သခင်ဖိုးလှကြီး ပုံတွေထည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ဒီကနေ စပြီး စတင်ဖယ်ရှားလိုက်တာပါ။ ဗိုလ်ချူပ်အောင်ဆန်းပုံကို ပြောင်းပြီး ချက်ချင်း အခြားပုံတစ်ခုခုထည့်လိုက်ရင် ပြည်သူတွေ မကျေမနပ်ဖြစ်ကာ ဆူပူထကြွမှာ ကြောက်လို့  ၊ အများပြည်သူ လက်ခံတဲ့ သာယာဝတီ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဆရာစံနဲ့  ရေနံမြေအလုပ်သမားတော်လှန်ရေး ခေါင်းဆောင် သခင်ဖိုးလှကြီးပုံတွေနဲ့  ပြောင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ ပုံရိပ်မှန်သမျှကို ဖြောက်ဖျက်ပြစ်လိုက်ကြပြီး အခုခေတ် ငွေစက္ကူတွေမှာ ခွေးလိုလို ခြင်္သေ့လို လို ကျက်သရေယုတ်တဲ့ ဘာသမိုင်းမှတ်တမ်းမှ မရှိတဲ့ တိရစ္ဆာန်အကောင်ပုံနဲ့  ဖေါ်ပြပါတော့တယ်။

ဒါကြောင့်မို့ လို့  ဘယ် အာဏာရှင်လက်ထက်မှာမဆို ငွေစက္ကူတွေဟာ အာမခံ မရှိဖူးဆိုတာကို သတိထားကြရမှာ ဖြစ်တယ်။ ငွေစက္ကူတန်ဖိုးဟာ အာဏာရှင်တို့ စိတ်ကြိုက် ပြောင်းလဲလေ့ရှိတာကိုလည်း သတိပြုရမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။
(အာဏာရှင် မဆလတို့ ရဲ့  အမိန့် ကြေညာစာမှတ်တမ်းအား သိမ်းဆည်းထားကာ နောင်လာနောက်သားများ သိရှိစေရန်အတွက် ပြန်လည်ဖေါ်ပြပေးခဲ့သော ကိုရွှေမောင်အား အထူးကျေးဇူးတင်ရှိပါသည်)။

Wednesday, April 25, 2012

WHY RESPECT OUR PARENTS ..

As Buddhist children we respect our parents. We worship them in the morning
before we go to school and again we worship , before going bed.
When we worship them they bless us. Their blessing are very powerful
because their love unlimited and pure.


Our parents have sacrificed a lot when we were small babies.
At that time we were unable to attend to our day to day work.
We were not able to talk. When we were felt hungry or thirsty we just
cried. Mother was always there to fulfill our requirements. She fed us, looked
after us and attended all the work.
We looked clean and pretty due to her uninvited attention and care. She did not
get proper sleep when we were small babies.
She did not leave us when we were sick. Mothers work for twenty four hours, unpaid,
uninvited and without any request.
Father was there to help her by sharing the work. He helped mother to protect us.
Both of them taught us the first few words to make our lives easier rather
than crying for everything. We were taught good habits from the child-hood.
They helped us to walk and talk. If not for them we would have covered with dirt.
When we started the schooling, they arranged everything possible for our safety.
Helped us in our homework and they wanted us to have a better life than what they had. When we were young and able to attend to our requirements, still they helped us. Until the day we earn and start and independent life they will be behind us,
waiting to help whenever we ask.
As such, can we wash our hand off, when we are independent?
Can we forsake them when we can look after ourselves?
Parents are precious because , we are because of them though we will be because of
ourselves. Mother, Father, we are grateful for all sacrifices you did. If not for you. We will not be able to see the world.
A very big thank to both of you> Just as you devoted your lives, we promise to devote our time and energy to protect you and give love to make you happy.

" The blessings we get from parents have a miraculous power ”

Monday, April 23, 2012

BUDDHA STATUE...

We need to remember the people we love and like. As we need to remember them in
their from, we take photographs and keep them in a photo album or frame them
so that we can keep them inside our house . This is same with the things we like too.



There are symbols which represent some important things, such as Pagoda, national
flag and Buddhist flag. When we see them we get a feeling of love, respect and loyalty. In the same way, We have Buddha Statues at our homes, temples and even
in some places on the road side.
Buddhist pay homage to the Buddha statue, which they keep a separate place at their
house. This is a daily routine of most of Buddhists, as they believe that they should start the day after paying homage to the Buddha.
When Buddhists stand in front of the Buddha statue, ti reminds them about the great qualities of this noble teacher. Although they are made of marble, wood, clay or
granite, we see the great qualities such as Metta, (loving kindness} Muditha (sympathetic joy} and Karuna {compassion} from the face of that non-living form.
This is why people like to have a Buddha statue at their homes and work places.
Huge Buddha statue are found in the temple. Many people go to the temple on Poya
days and on special days to pay homage to the Buddha. As such, temples need bigger statues than what we have at our homes.
Before we pay homage to the Buddha, better we look at the structure to find and
understand the great qualities. Say, "We love you lord and want to be like you ”
Daily try to cultivate good habits and develop Metta, Muditha and Karuna.
“The Buddha statue helps us to remind His great qualities"
“The Buddhism is the religious of the freedom"



Sunday, April 22, 2012

မြတ်စွာဘုရားသီတင်းသုံးတော်မူရာ သတ္တ သတ္တာဟ လေ့လာစရာအဖြာဖြာ ... SEVEN WEEKS AFTER THE ENLIGHTENMENT .

မြတ်စွာဘုရားအလောင်းတော်မြတ်သည် ဥရုဝေလတောအုပ်၌ ဖွားဖက်တော် မဟာဗောဓိ ညောင်ပင်ကြီးကို နောက်မှီတံကဲပြုလျက် အရှေ့လောကဓာတ်သို့ မျက်နှာတော်ရှေ့ရှုပြု၍ ရွှေပလ္လင်တော်မြတ် အထက်၌ထိုင်နေတော်မူကာ ဘုရားမဖြစ်သမျှ ငါမထပေဟုအဓိဋ္ဌာန်ဖြင့် ကမ္မဋ္ဌာန်းဘာဝနာကို ပွားတော်မူခဲ့သော
 ထိုနေရာတော်သည် မဟာဗောဓိညောင်ပင်ရင်းရှိ အပရာဇိတပလ္လတော်နေရာပင် ဖြစ်ပေသည်။
                                           ၁။ ပထမ သတ္တာဟ
မြတ်စွာဘုရားအလောင်းတော်မြတ်သည်ဥရုဝေလတောအုပ်၌ဖွားဖက်တော်မဟာဗောဓိ ညောင်ပင်ကြီးကိုနောက်မှီတံကဲပြုလျက်အရှေ့လောကဓာတ်သို့မျက်နှာတော်ရှေ့ရှုပြု၍

ရွှေပလ္လင်တော်မြတ်အထက်၌ထိုင်နေတော်မူကာဘုရားမဖြစ်သမျှငါမထပေဟု
အဓိဋ္ဌာန်ဖြင့်ကမ္မဋ္ဌာန်းဘာဝနာကိုပွားတော်မူခဲ့သောထိုနေရာ
တော်သည်မဟာဗောဓိညောင်ပင်ရင်းရှိအပရာဇိတပလ္လင်တော်နေရာပင် ဖြစ်ပေသည်။ဘုရားအလောင်တော်မြတ်သည်ရွှေပလ္လင်တော်မြတ်အထက်၌ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူသည့်နေရာ၌ပင်မာရ်နတ်စသောရန်သူအပေါင်းတို့ကိုအောင်မြင်တော်မူပြီး 
ညဥ့်ဦးယံမှာ ပုဗ္ဗေနိဝါသ နုဿတိဥာဏ်တော်ကိုလည်းကောင်း၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခု အဘိဥာဏ်ကိုလည်းကောင်း၊မိုးသောက်ယံ၌အာသ၀က္ခယဥာဏ်တော်ကိုလည်းကောင်း၊
ရရှိတော်မူသဖြင့်အာရုံတက်ချိန်လုဆဲဆဲအရုဏ်မတက်မီဝိသာခါနက္ခတ်နှင့်ယှဉ်လျက်
သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။ထိုသို့ဘုရားအဖြစ်သို့ရောက်ရှိပြီး
နောက်မြတ်စွာဘုရားရှင်သည်အပရာဇိတရွှေပလ္လင်တော်မြတ်အထက်၌(၇)ရက်ပတ်လုံး
ဖလသမာပတ်ဈန်ချမ်းသာကိုဝင်စားတော်မူပြီးသီတင်းသုံးနေ၍နေထိုင်တော်မူခဲ့သည့်အတွက်ကြောင့် 
ရွှေပလ္လင်တော်နှင့်မဟာဗောဓိညောင်ပင်မြတ်နေရာကိုပလ္လင်္ကသတ္တာဟဟုခေါ်တွင်ကြသည်။
                       1. UNDER THE BOHDI TREE:
During the whole of the 1st week, the Buddha sat under the Bodhi tree enjoying the happiness of freedom or the joy of everlasting Peace . He was then free from disturbing thoughts .

              ၂။ ဒုတိယ သတ္တာဟ
အနိမိသသတ္တာဟသည်မြတ်စွာဘုရား

အလောင်းတော် သိဒ္ဓတ္ထမင်းသားသည်
ဘုရားအဖြစ်သို့ရောက်ရှိတော်မူသော မဟာဗောဓိပင်မြတ်၏ အရှေ့မြောက်
ဘက်ဒေါင့်ရှိ ကုန်းမြင့်ပေါ်တွင် တည်
ရှိပါသည်။ထိုကုန်းတော်မြတ်ရှိ နေရာ
တော်မြတ်မှနေ၍ မြတ်စွာဘုရားရှင်သည် ရပ်တော်မူလျက်ဘုရားအဖြစ်
သို့ရောက်ရှိတော် နေရာတော်မြတ် အပရာဇိတရွှေပလ္လင်နှင့် မဟာဗောဓိပင်ညောင်ပင်ကြီးကို ကျေးဇူးကြီးမားလွန်းလို့ မမှိတ်သောမျက်စိတော်အစုံတို့ဖြင့် (၇) ရက်တိုင်တိုင် ကြည့်ရှုတော်မူခဲ့လေသည်။ ထိုသို့ကြည့်ရှုခြင်းကို အနိမိသသတ္တာဟ ဟုခေါ်တွင်လေသည်။ မြတ်စွာဘုရားရှင်သည် မမှိတ်သောမျက်စိအစုံတို့ဖြင့် ကြည့်ရှုတော်မူခဲ့သော နေရာတော်၌ အမြင့်ပေ(၅၀)ခန့် လောက်ရှိသောစေတီတော်တစ်ဆူရှိလေသည်။ထိုစေတီလှိုဏ်ဂူအတွင်း၌မြတ်ဗုဒ္ဓရုပ်ပွားတော်များ စမ်ပါယ်တော်မူလျက် ရှိနေပါသည်။
                      2. GAZING AT THE TREE .
During the second week, as a great deed of thankfulness or gratitude to the Bodhi treeWhich sheltered Him during His struggle for Buddhahood , He stood a few feet from theBodhi tree gazing or looking at the tree 

without moving His eye for the whole week.He was meditating on the Bodhi tree. Following this noble example all Buddhists still pay respect or homage to,
 not only the Original Bodhi tree, but also its descendants .
                                        ၃။ တတိယ သတ္တာဟ
မြတ်စွာဘုရားအလောင်းတော်မြတ်သည်ဘုရားအဖြစ်သို့ရောက်ရှိတော်မူသည်ကိုနတ်ဗြဟ္မာများ

တချို့မယုံကြည်ကြသေးသဖြင့် ထိုနတ်ဗြဟ္မာတို့ယုံကြည်လာအောင်ယုံမှားသံသယကင်းရှင်းအောင်မြတ်စွာဘုရားရှင်သည် ကောင်းကင်သို့တက်၍ရတနာစင်္ကြလျှောက်ပြတော်မူလျှက်ပင်ရေမီးတန်ခိုးပြဋိဟာအစုံကို ပြသခဲ့ရသည်။ထိုကောင်းကင်မှဆင်းသက်တော်မူပြီးမဟာဗောဓိညောင်ပင်အနီး၌ရတနာစင်္ကြံ
လျှောက်၍နေတော်မူခဲ့ပါသည်။ ထိုရတနာစကြံင်္လမ်း နေရာတော်မြတ်ကို စင်္ကမသတ္တာဟုခေါ်ဆိုပါသည်။ ထိုစင်္ကမသတ္တာဟသည်ပလ္လင်္ကသတ္တာဟနှင့်အနိမိသသတ္တာဟနှစ်ခုကြားတွင်တည်ရှိပြီးရတနာစင်္ကြံဟု
သိရှိနိုင်ရန်အုတ်ခုံလမ်းပေါ်တွင် အထိမ်းအမှတ် ကြာပွင့်ပန်းတစ်ဆယ့်ကိုးပွင့်တို့ကို ထုလုပ်၍ ပြသထားပါသည် ။
မြတ်စွာဘုရား စင်္ကြံလျှောက်ပြတော်မူသော ရတနာရွှေလမ်းတော်သည် ယခုအခါ မဟာဗောဓိစေတီတော်မြတ်နှင့်အနီးကပ်ဆုံးတည်ရှိနေပါသည် ။
                          3. GOLDEN BRIDGE .
He again meditated during the third week. Lord Buddha saw through His mind’s eye
And knew that the Devas in the heavens were not sure whether He had attained Enlightenment completely as He continued to stay there . Then to prove His Enlightenment
To them the Buddha created golden bridge in the air and walked up and down for The whole week .

                                     ၄။ စတုတ္ထ သတ္တာဟ
စတုတ္ထသတ္တာဟသည် ဗောဓိညောင်ပင်မြတ်၏ အနောက်မြောက်ဘက်ရှိကိုက်(၁၀၀) ခန့်အကွာ နတ်ဗြဟ္မာတွေဖန်ဆင်း လှူဒါန်းအပ်သော ရတနာဃရရွှေစံအိမ် ကျောင်းတော်မြတ်ရှိပေသည်။ ထိုရတနာဃရရွှေစံအိမ် ကျောင်းတော်မြတ်၌ (၇)ရက်ပတ်လုံးသီတင်းသုံးတော်မူခဲ့ပြီးမြတ်စွာဘုရားရှင်သည်မိမိဟောရမည့်တရားတော်မြတ်နှင့် အဘိဓမ္မာတရားတော်မြတ်ကို ဆင်ခြင်တော်မူခဲ့သည်။ပဌာန်းတရားတော်မြတ်ကို ဆင်ခြင်တော်မူသည့်အခါမှာမြတ်ဗုဒ္ဓဘုရားရှင်ကိုယ်တော်မှ ရောင်ခြည်တော်(၆)ပါး ကွန့်မြူးပေါ်ထွက်တော်မူလေသည်။ မြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့သော
 ရွှေစံအိမ်ကျောင်းတော်မြတ်နေရာကို ရတနာဃရသတ္တာဟဟု ခေါ်တွင်လေသည်။ ထိုနေရာတော်မြတ်တွင်အုတ်တိုင်ငယ်ကျောင်းဆောင်တစ်ခုတည်ဆောက်ထားပြီ်
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိနေပါသည်။ ရတနာဃရရွှေစံအိမ် ကျောင်းတော်မြတ်အနီးပတ်ဝန်းကျင်တွင် စေတီအငယ်များစွာတို့ကိုတွေ့ရပေသည်။ ထိုရွှေစံအိမ်ကျောင်းတော်မြတ်အနီး၌ဒလိုင်းလားမားဘုန်းတော်ကြီးတပည့်များဖြစ်ကြသည့် တိဘက်ဘုန်းတော်ကြီးများသည် အဖွဲ့လိုက် အုပ်စုလိုက် အချိန်ပြည့် ၀မ်းလျားမှောက်၍ သုမေဓာရှင်ရသေ့ဘုရားဆုကို ပန်သည့်ပမာ မြတ်စွာဘုရားရှင်ကို ပူဇော်နေကြသည် ။
                       4. JEWELLED CHAMBER :
In the fourth week, He created a beautiful jeweled chamber and sitting inside it
Meditated on the higher Teaching , or ABIDHAMMA. His mind and body were so purified
That six coloured rays came out of his body. They were blue. Yellow, red ,white, orange and Mixture of these five.Today these six colours from the Buddhist flag. In fact that week onwards all the six colours were round his whole body. Each colour represented one noble Quality of the Buddha. Yellow for Holiness, white for purity, Blue for confidence, red for wisdom, orange for desirelessness and the maxed colour represented all these very nble Qualities and we too, if we develop our minds and bodies to high degree of purity, can Gain these colours .
                                 ၅။ ပဉ္စမ သတ္တာဟ
ပဉ္စမသတ္တာဟသည်မြတ်စွာဘုရားရှင်ရတနာဃရသတ္တာဟရွှေစံအိမ်တော်မှထတော်မူပြီး မဟာဗောဓိညောင်ပင်မြတ်၏ အရှေ့ဘက်တည့်တည့်ရှိ ကိုက်(၁၀၀)ခန့်ကွာဝေးသော အရပ်၌ ဆိတ်ကြောင်း ညောင်ပင်အောက်သို့ ကြွရောက်တော်မူခဲ့ပါသည်။ ထိုဆိတ်ကြောင်းညောင်ပင်အောက်မှာ မြတ်စွာဘုရားသည် ၀ိမုတ္တိချမ်းသာကို အာရုံပြုလျက် ဖလသမာပတ်ချမ်းသာမြတ်ဖြင့် (၇)ရက်တိုင်တိုင်ခံစားတော်မူသည်။
ဆိတ်ကျောင်းညောင်ပင်ရှိသည့်နေရာတော်မြတ်ကိုအဇပါလသတ္တာဟဟုခေါ်တွင်ပါသည်။ ဤနေရာတော်မြတ်တွင်ဟုံဟုံကပုဏ္ဏားက ဗြဟ္မဏပြဿနာကိုမေးလျှောက်ခဲ့သည်။ တဏှာ၊ အရတီ၊ ရဂါ ဆိုတဲ့ မာရ်နတ်သမီးသုံးယောက်လာပြီး ဖြားယောင်းကြလို့ အနိုင်ယူခဲ့သောနေရာလည်းဖြစ်သည်။ ထိုနေရာတွင်ပင်မြတ်စွာဘုရားရှင်သည် သတ္တ၀ါတွေကိုတရားဟောဖို့ ဆင်ခြင်နေစဉ် နက်နဲသိမ်မွေ့သောငါ၏တရားတော်ကို နားလည်ခြင်းငှါစွမ်းနိုင်လိမ့်မည်မဟုတ် စိတ်တော်ဖြစ်နေတဲ့အချိန်မှာ သဟမ်ပတိဗြဟ္မာ
ကြီးလာရောက်ပြီးတရားဟောတော်မူပါရန်လျှောက်ထားတောင်းပန်သောနေရာလည်းဖြစ်ပေသည်။
ယခုအခါ၌ဆိတ်ကျောင်းညောင်ပင်အဇပါလသတ္တာဟနေရာတော်ကိုကျောက်တိုင်တစ်ခ

ုစိုက်ထူထားရှိပါသည်။ ထိုကျောက်တိုင်သည်မဟာဗောဓိစေတီတော်မြတ်ကြီးသို့အဆင်း
ဘုရားရင်ပြင်လမ်းအလယ်တွင်ရှိပါသည်။ထိုအဇပါလကျောက်တိုင်၏အနီးနား၌မြန်မာနိုင်ငံမှ
လှူဒါန်းထားသောကြေးခေါင်လောင်း(၂)လုံးကိုလည်းတွေ့မြင်နိုင်ပါသည် ။
                                      5. THREE GIRLS .
During this week, the fifth week, while he was enjoying the joys of freedom sitting under the famous Ajapala Banyan Tree near the Bodhi tree, three most beautiful and charming girls called Tanna, Rati and Raga came to disturb his meditation by dancing in the most

Seductive and charming manner. They did everything to tempt Lord Buddha to watch their dance. He just shut his eyes and continued his meditation and many hours later they felt so
Tired that they left him in peace .
                                 ၆။ ဆဋ္ဌမ သတ္တာဟ
ဆဋ္ဌမသတ္တာဟသည်မြတ်စွဘုရားအဖြစ်သို့ရောက်ရှိတော်မူသည့်မဟာဗောဓိညောင်ပင်မြတ်၏ အရှေ့တောင်ဘက်ရှိ ကျည်းပင်ပေါက်ရာအရပ်ရှိသည်။ထိုအရပ်သို့ကြွရောက်တော်မူပြီး ထိုကျည်းပင်အောက်တွင်မြတ်စွာဘုရားရှင်သည်(၇)ရက်ပတ်လုံးဖလသမာပတ်ချမ်းသာကို ၀င်စားတော်မူ၍နေတော်မူခဲ့လေသည်။ထိုအချိန်တွင်မိုးရွာလေကြမ်းတိုက်ခတ်လာသောအခါ မြတ်စွာဘုရားရှင်အားမုစလိန္ဒာနဂါးမင်းသည်လာရောက်ပြီးအခွေဖြင့်ရစ်ပတ်ကာပေးခဲ့ပြီး ဦးခေါင်းပါးပြင်ဖြင့်အုပ်မိုးထားလျက်ပူဇော်ခဲ့လေသည်။ထိုကျည်းပင်ပေါက်ရာအရပ်၌မြတ်စွာ

ဘုရားရှင်သည် (၇)ရက်ပတ်လုံးဖလသမာပတ်ကိုဈာန်ချမ်းသာကိုခံစားတော်မူခဲ့သည့်
နေရာတော်မြတ်ကိုမုစလိန္ဒာသတ္တာဟဟုခေါ်ပါသည်။ထိုကျည်းပင်ပေါက်ရောက်ရာအရပ်၌ယခုအခါ
မုစလိန္ဒာအိုင်ဟု ခေါ်ဆိုနေကြသောရေကန်ကြီးတစ်ခုရှိပြီးကန်ပေါင်ရိုးပေါ်တွင်
ကျည်းပင်များစီတန်းလျက်စိုက်ထူထားလျက်ရှိပါသည်။
ရေကန်ထဲ၍မြန်မာနိုင်ငံမှကောင်းမှုတော်ဖြစ်သောမုစလိန္ဒာမြတ်စွာရုပ်ပွားတော်တစ်ဆူ ပူဇော်ထားရှိပါသည်။ထိုရေကန်အဆင်းလမ်းတွင်ကုသိုလ်ထူး၊မထူးအဓိဋ္ဌာန်ပြုရန်
ကျောက်တိုင်ကြီးတစ်တိုင်ရှိပါသည်။ထိုကျောက်တိုင်ပေါ်သို့ငွေအကြွေစေ့ဖြင့်ဆုတောင်း
 ပစ်တင်ကြပါသည်။မေတ္တာစိတ်သက်ဝင်ကြသူတိုင်းသတ္တ၀ါအပေါ်မှာအစဉ်သနားတတ်သောသူတို့သည် 
ရေကန်ထဲရှိ ငါးများအား အစာကျွေးပြီး ကုသိုလ်ယူလျက်ရှိကြပါသည်။
                         6. MUCALINDA (TREE )
He went and meditated at the foot of another tree called Mucalinda tree. As it was raining

Very heavily a huge king cobra came and coined his body seven times round the Buddha’s body, but kept his hood over the Buddha’s head so that the Buddha’s was protected from getting wet by the heavy rain. When the rain stopped , the snake became a young man and
Paid his respects to Lord Buddha. This snake was supposed to be supernatural being thenThe Buddha said 

“ Happy is he who is contented. Happiness is for him who has heard theTruth and for him who sees the truth. Happy is he who has goodwill in this world towardsBeings. Happy is who lives who lives in this world with non-attachment, passingbeyondsensedesires.
Thedisappearance of the “ I am conceit is indeed the highest happiness .
 
                                   ၇။ သတ္တမ သတ္တာဟ
သတ္တမသတ္တာဟသည်မြတ်စွာဘုရားအဖြစ်သို့ရောက်ရှိတော်မူသည့်မဟာဗောဓိညောင်ပင်မြတ်၏ တောင်ဘက်အနီးကပ်လျက်ရှိသော လင်းလွန်းပင်ပေါက်ရောက်သော အရပ်ရှိပေသည်။ ထိုလင်းလွန်းပင်အောက်သို့ကြွရောက်တော်မူပြီးလင်းလွန်းပင်အောက်၌မြတ်စွဘုရားရှင်သည် (၇)ရက်ပတ်လုံးဖလသမာပတ်ဈာန်ချမ်းသာကိုဝင်စားတော်မူလျက်သီတင်းသုံး၍နေတော်မူခဲ့လေသည်။ မြတ်စွာဘုရားနေတော်မူခဲ့သောလင်းလွန်းပင်နေရာကိုရာဇရတနသတ္တာဟဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်သည်သတ္တသတ္တာဟ(၄၉)ရက်တိတိဖလသမာပတ်ဈာန်ချမ်းသာမြတ်ဖြင့် ဆွမ်းဘောဇဉ်အဟာရတို့ကိုမသုံးဆောင်ဘဲနေတော်မူခဲ့သည်။ထိုသတ္တသတ္တဟမှထဖို့ရန် နောက်နေ့တစ်နေ့မနက်ပိုင်းအချိန်တွင်မြတ်စွာဘုရားရှင်အားဆွမ်းအလို့ငှါနတ်ကောင်းနတ်မြတ်တို့၏ လမ်းညွန်ချက်ဖြင့်တဖုဿနဲ့ဘလ္လိကညီနောင်နှစ်ပါးတို့သည်ဘုရားရှင်အားပျားမုန့်ဆွမ်းကိုကပ်လှူရသော

နေရာလည်းဖြစ်သည်။မြတ်စွာဘုရားထံမှတဖုဿနဲ့ဘလ္လိကညီနောင်နှစ်ပါးတို့သည်ဘုရား၊
တရားဆိုတဲ့သရဏဂုံနှစ်ပါးကိုပထမဆုံးတည်ခဲ့ပြီးမြတ်စွာဘုရား၏ဆံတော်မြတ်ကိုခံယူရရှိသည့်
နေရာလည်းဖြစ်ပေသည်။ထိုနေရာမြတ်တွင်ယခုလက်ရှိမြန်မာနိုင်ငံမှစိုက်ပျိုးပူဇော်ထားသော
လင်းလွန်းပင်တစ်ပင်တည်ရှိနေပြီးကျောက်တံတိုင်းဖြင့်ကာရံထားရှိပေသည် ။

                             7. RAJATANA TREE .
During the seventh week He was meditating under a tree called the Rajatana tree.On the 50thmorning , after his long fast for seven week, two merchants came to his presence. They were called Tapussa and Bhallika. In fact, they were going different direction to another cit. Tapussa and Bhallika offered the Buddha rice-cake and honey.The two merchants, by talking the two Refuges- in the Buddha and Dhamma , becameThe first lay followers of the Buddha. There was no Sangha or Order of monks then. TheyRequested the Buddha for something sacred to keep with them. The Buddha wiped his headWith his right hand and got some hair and gave these to them. This hair was called Kesa Datu(Hair Relic). With this sacred hair Relics, Tapussa and Bhallikha left the place. Later when they reached their hometown they built pagodas and enshrined thesesacred hairRelics in them.

( ကိုးကား / ဗုဒ္ဓပူဇာဝန္ဒနာကျမ်း နဲ့ THE LIFE OF THE BUDDHA စာအုပ်များမှ ထုတ်နုတ်တင်ပြသည် ။)

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488