BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Friday, December 28, 2012

စပ်ကူး မပ်ကူး မလွယ်ဘူး


လူထွက် ရဟန်း၊
နန်းကျ ဘုရင်၊
ပင်စင် အငြိမ်းစား၊

ယောက်ျားလူထူး၊
ဤသုံးဦးကား၊
စပ်ကူး မပ်ကူး၊
မလွယ်ဘူးတည့်။

နေထိုင်ရေးခက်ခဲသူ သုံးယောက်ရှိသည်ဟူ၏။ ယင်းသုံးဦးသည်ကား---
၁။ လူထွက်ရဟန်း
၂။ နန်းကျဘုရင်
၃။ ပင်စင်အငြိမ်းစား-တို့ ဖြစ်ပါသည်။


၁။ လူထွက်ရဟန်း---
ယင်းသည် ရှေးစကားဖြစ်ပုံရသည်။ ယခုခေတ်မှာတော့ ဘုန်းကြီးလူထွက်ဟု
ဆိုကြသည်။ ဘုန်းကြီးလူထွက်များသည် အတိတ်ကာလက ရဟန်းဘဝတုန်းက နေရ ထိုင်ရ
နှီးနှောပြောဆိုရသည် များမှာလည်း လူဝတ်ကြောင်များနှင့် မတူသော
ရဟန်းသာမဏေများနှင့်အတူ နေထိုင်ပြောဆိုရသည်။
လေ့လာသင်ယူရသည်များမှာလည်း လူမှုကိစ္စအတတ်ပညာများနှင့် မစပ်ဆိုင်။
သံသရာဝဋ်မှ ထွက်မြောက်ကြောင်း တရားစာပေများဖြစ်သည်။


ရဟန်းဘဝ မပျော်မွေ့သဖြင့် လူ့ဘောင်လောကသို့ ရောက်လာသည့်အခါ
ကလေးသူငယ်များကို စာသင်ရာ၌ လူ့လောက ကကြီး၊ ခကွေးမှစ၍ သင်ရလေရာ
အရာရာစိမ်းနေသည်။


စားဝတ်နေရေးမှာလည်း မြတ်စွာဘုရား၏ သာသနာ့ဝန်ကို ထမ်းဆောင်နေသောကြောင့် မြတ်စွာဘုရား
ပေးသနားသည့် စားစရာ၊ ဝတ်စရာ၊ နေစရာများကို ရခဲ့ပေရာ မိမိကိုယ်တိုင်
ရှာဖွေလုပ်ကိုင်ရန်မလိုဘဲ
ပြည့်စုံခဲ့သည်။ လူ့ဘဝကိုရောက်သောအခါတွင်ကား စားဝတ်နေရေးအတွက်
ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင်ရှာဖွေရပေတော့သည်။ လုပ်ခဲ့သည့်အလေ့အကျင့်
မရသေးသည့်အတွက် စိမ်းနေပြန်သည်။


ပြင်ပတွင် စကားပြောရာ၌လည်း ရဟန်းဘဝတုန်းနှင့် လားလားမျှ မဆိုင်တော့ချေ၊
အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ခေါ်ဝေါ်ရမည့်အစား ဒကာကြီး၊ ဒကာမကြီး-ဟူသော
ဝေါဟာရနှင့် ကွဲလွဲလှပေသည်။ သွားလာနေထိုင်ပုံကလည်း အတော်ပင်သတိထားရသည်။
ရဟန်းဘဝတုန်းက သင်္ကန်းတင်သည့် ဘယ်ဘက်လက် မလှုပ်မရှား ငြိမ်သက်ခဲ့သည်မှာ
တော်ရုံနှင့်မပျောက်နိုင်။ သတိထားပြီး လှုပ်ရှားပေးနေရသည် မဟုတ်ပါလော။


ရှေးကပုံပြင်တပုဒ်ရှိသည်။ လူထွက်ခါစ ရဟန်းလူထွက်တယောက် ဆီရောင်းလေတော့--
ဆီဗျို့...ဆီ..
ဆီများ ကပ္ပိကြဦးမလား...လို့ ယောင်အော်မိသည်။
ဟဲ့..ဟဲ့..ဆီသည်ကြီးက ဘုန်းကြီးလူထွက်ကြီးနဲ့တူတယ်လို
့ မိန်းမတချို့က
ရယ်မောပြောသံကြားလေရာ
ယောင်လို့ပါ ဒကာမကြီးတို့-လို့ ပြန်ပြောမိကာ မိမိမှားမှန်းသိတော့
အတင်းပြေးခဲ့ရသတဲ့။


ဤသို့သောအကြောင်းများကြောင့် ရဟန်းဘဝမှ လူ့ဘဝသို့ပြောင်းလာသည့်
ရဟန်းလူထွက်များအား စပ်ကူးမပ်ကူး မလွယ်ဘူး-ဟု ဆိုရမည်သာတည်း။


၂။ နန်းကျဘုရင်---
ယခုခေတ်မှာတော့ နန်းကျသည့်ဘုရင်က ရှားပါးပစ္စည်းတခုဖြစ်သည်။
ဇာတ်ပွဲထဲတွင်လောက်သာရှိသည်။
ရှေးကဘုရင်များသည် ဘုန်းတန်ခိုး အလွန်ကြီးကြသည်။ လိုတရ ပြည့်ဝကြသည်။
လူတို့၏ အသက်စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်သည်ဟုပင် မှတ်တမ်းတင်
ပြောစမှတ်ရှိခဲ့သည်။


ဘုရင်များသည်လည်း သူတို့အသုံးအနှုန်းဝေါဟာရ သီးသန့်ရှိသည်။ ရေသောက်သည်ကို
ရေကြည်တော်
သောက်သည်-ဟု ပြောရသည်။ ထမင်းစားသည်ကိုလည်း ပွဲတော်တည်သည်-ဟု ပြောရသည်။
လမ်းသွားသည်ကို စကြာတော်ဖြန့်သည်။ ကြွချီတော်မူသည်ဟု ပြောရသည်။ ရေနှင့်
အစားအသောက် စသည်တို့ကို ကိုယ်တိုင်ယူသောက်စားရသည်မရှိ။ ကျေးတော်၊
ကျွန်တော်၊ ကိုယ်လုပ်တော်တွေကသာ ဆက်သ,ရသည်။ သွားလိုရာသို့လည်း
ကျေးကျွန်တို့က ယေါတော်၊ စကြာယာဉ်တော်များဖြင့် ထမ်းပို့သယ်ဆောင်ရသည်။


ယင်းသို့ ဘုန်းတော် ကံတော် ကြီးမားကြသည့် ရှင်ဘုရင်များသည် မိမိထက်
ဘုန်း၊ လက်ရုံး၊ တန်ခိုး၊ အာဏာကြီးသူတက်လာ၍ နန်းကျသောအခါ မပြောတတ်,
မဆိုတတ်၊ မသောက်တတ် မစားတတ်၊ မသွားတတ် မလာတတ်၊ မနေတတ် ဖြစ်သွားသည်။
ရေကြည်တော် ဆက်သ,သူ၊ ပွဲတော်အုပ် ဆက်သ,သူ မရှိတော့ပြီ။ အစစအရာရာ
အခက်အခဲရှိလာတော့သည်။ ဤသို့ နန်းကျဘုရင်များ နေရေးထိုင်ရေး
အခက်အခဲကြုံတွေ့ရသည်။


၃။ ပင်စင်အငြိမ်းစား---
အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ အခစားဘဝဟူသည် ကောင်းသည် ဆိုးသည်
ပြောဖွယ်မရှိ။ မိမိအားပေးအပ်၍ မိမိက လုပ်ပါမည်ဟု ဝန်ခံထားသော
အလုပ်တာဝန်များကို ထမ်းဆောင်ရသည်။ နည်းသည် များသည် ပြောရန်မလို။
မိမိရာထူး၊ အလုပ်တာဝန်အတွက် သတ်မှတ်ထားသည့် လုပ်အားခကို ခံယူရသည်။
ပိုလျှင်စု၍ လိုလျှင် ရှာရုံသာရှိသည်။ မှန်မှန်လုပ်၊ မှန်မှန်ယူ၊
မှန်မှန်သုံးနေရသည်။ အေးဆေးသည်ဖြစ်စေ၊ ပူပင်သည်ဖြစ်စေ ဤအခစားဘဝအခြေအနေ၌
အကျင့်ရ နေသားကျနေပြီဖြစ်သည်။


ရက်ပေါင်းများစွာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ
ကျင်လည်ခဲ့ရသည်ဖြစ်သောကြောင့် ယဉ်ပါးနေပြီဖြစ်သည်။ ယင်းသို့ ကျင်းသားရ၊
နေသားကျပြီး ယဉ်ပါးသော အခြေအနေမှ အပြောင်းအလွဲဖြစ်ကာ
ပင်စင်အငြိမ်းစားဘဝသို့ ရောက်လာသည်ဆိုလျှင် အူကြောင်ကြောင်၊ ယောင်ချာချာ
ဖြစ်နေတတ်ပေသည်။ လုပ်ကိုင်နေကျအလုပ်ကလည်း စွန့်ခွါခဲ့ရပြီ။
လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူများနှင့်လည်း ဝေးခဲ့ပြီ။ ရနေကျ
အခကြေးငွေများကိုလည်း မ၇တော့။ သုံးစွဲနေကျအတိုင်းလည်း သုံးစွဲနိုင်ချင်မှ
သုံးစွဲနိုင်ပေမည်။ အခြေအနေအဟောင်းမှ အခြေအနေအသစ်သို့ပြောင်းလာခါစ
ပင်စင်အငြိမ်းစားအတွက် မလွယ်ကူတော့။ အခက်အခဲနှင့် ကြုံရပေတော့မည်။
ဤသည်များကို သုံးသပ်၍ ----


လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်အငြိမ်းစား၊ ယောကျာ်းလူထူး၊
ဤသုံးဦးကား၊ စပ်ကူးမပ်ကူး၊ မလွယ်ဘူးတည့်။


ကျွန်တော်သည် အစိုးရဝန်ထမ်းတဦး ဖြစ်သည်။ (၂၀၁၁)ခုနှစ်ထဲတွင်
အသက်(၆၀)နှစ်ပြည့် ပင်စင်သွားရတော့မည်။ ပင်စင်နီးနေသည့်အတွက် ပြင်ဆင်စရာ
မရှိမဟုတ် ရှိသည်။ မည်သည့်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းကိုမျှ မဝင်ဘဲ စာပေများ
ဇောက်ချရေးတော့မည်ဟု ကြိုတင်စီစဉ်ထားသည်။ ကြိုတင်၍
ပြီးခဲ့သော(၁၀)နှစ်ခန့်မှစ၍ စာပေလောကထဲသို့ ခြေလှမ်းတဖက်
လှမ်းထားပြီးဖြစ်သည်။ သို့သော် အထက်ဖော်ပြချက်များအရ ပင်စင်အငြိမ်းစားဘဝ
စပ်ကူးမပ်ကူး ကာလရောက်သည့်အခါ တောင်တောင်အီအီ မဖြစ်ဖို့တော့
တင်းရင်းထားရဦးမည်။ တကယ်ပဲ တင်းရင်းရလေမလား၊ ပင်စင်အငြိမ်းစားဘဝတွေက
စပ်ကူးမပ်ကူးကာလ တကယ်ပဲ မလွယ်ဘူးလား။ မိမိဉာဏ်ရှိသလောက်နှင့်
သုံးသပ်မိသည်။


ဆာဂျေအေ ဦးမောင်ကြီး---
မြန်မာသက္ကရာဇ် (၁၂၃၃-၁၃၁၆) ခုနှစ်ခန့်က ထင်ရှားကျော်ကြားသည့်
ပုဂ္ဂိုလ်ကြီးမှာ ဆာဂျေအေ ဦးမောင်ကြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်ကြီးသည်
မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာသည့် တဦးတည်းသော ဘုရင်ခံဖြစ်သည်။
တရားဝန်ကြီး ပြည့်ထဲရေးဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးလည်း ဖြစ်ခဲ့သေးသည်။


မြန်မာသက္ကရာဇ်(၁၃၁၂)ခုနှစ်ခန့်
အခါက ထိုင်းနိုင်ငံ လန်ပန်းမြို့၊
ညောင်ဝိုင်းကျောင်းဆရာတော် အရှင်ဝါယမ ရန်ကုန်မြို့သို့ ကြွတော်မူလာသည်။
ဆရာတော်မှာ ထိုင်းနိုင်ငံ၌ သာသနာပြုနေတော်မူသော်လည်း မူရင်းဇာတိမှာ
ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ စည်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည်
ထိုင်းနိုင်ငံမှရောက်လာပြီး ထိုင်းနိုင်ငံရှိ မြန်မာအမျိုးသားများနှင့်
အတက်အသွယ်ရှိသည်။ ဆာဂျေအေ ဦးမောင်ကြီးထံသို့ ကြွတော်မူသည်။


ထိုအခါ ပင်စင်အငြိမ်းစားဖြစ်သည့် ဆာဂျေအော ဦးမောင်ကြီးသည် သားသမီး
ဆွေမျိုးသင်္ဂဟ အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်း စည်းစိမ်ဥစ္စာ
ပြည့်စုံချမ်းသာစွာရှိသည်။ သို့သော် လူများစွာနှင့် တွေ့ဆုံမှုကို
ရှောင်ရှားကာ နေက္ခမ္မပါရမီဖြည့်လျက် ကမ္မဋ္ဌာန်းတရား ပွားများနေကြောင်း
ဆရာတော်ဦးဝါယမက မိန့်ကြားတော်မူသောကြောင့် အေးချမ်းစွာ တရားပွားနေသည့်
ပင်စင်စား အငြိမ်းစားကြီးအကြောင်းကို လေ့လာမှတ်သားခဲ့ရသည်။


စာပေလောကတွင်လည်း တပ်မတော်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက်အကြီးအကဲ၊
အရာထမ်းများစွာ အငြိမ်းစားယူပြီး စာရေးသားမှုပြုနေကြသည်။ ပင်စင်စား
အငြိမ်းစားနှင့် မတူချေတော့ ပျော်မွေ့နေကြသည်ကို တွေ့ရသည်။


ဤသို့ဆိုလျှင်  ပင်စင်အငြိမ်းစား၏ စပ်ကူးမပ်ကူးကာလ မလွယ်ဘူးဟူသော စာချိုးသည်---
ထို့ပြင်တဝ၊ ပျော်ရွှင်မြူးတူး၊ လူထူး ၆-ဦး ဆိုသည့် ဧကစ္စေဝါဒလင်္ကာလည်း
ရှိနေပြန်သေးတော့-
အိမ်ထောင်ဦးစ၊
ထီပေါက်စနှင့်၊
ထောင်မှလွတ်ကင်း၊
ပဉ္ဇင်းလူထွက်၊
နန်းတက်ဘုရင်၊
ပင်စင်အငြိမ်းစား၊
ယောက်ျားလူထူး၊
ဤခြောက်ဦးကား၊
အရူးအမူး၊
လွန်ပျော်မြူး၏။


လင်္ကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ-
၁။ အိမ်ထောင်ဦးစ လူသား
၂။ ထီပေါက်စ လူသား
၃။ ထောင်မှထွက်လာခါစ လူသား
၎။ ရဟန်းဘဝမှ ထွက်လာခါစ လူသား
၅။ ဘိသိက်ခံ ထီးန်းတက်ပြီးခါစ လူသား
၆။ ပင်စင်စား အငြိမ်းစားဖြစ်ခါစ လူသား
ဤလူခြောက်ယောက်တို့သည် အရူးအမူး အလွန်ပျော်မြူးကြသူများ ဖြစ်သည်ဟု ဆိုပေသည်။

မိမိသည် ဝန်ထမ်းဖြစ်သည့်အတွက် ပင်စင်စားရခြင်းသည် နည်းခြင်း၊
များခြင်းကို အသာထား၍ မိမိထမ်းဆောင်ပြီးမြောက် အောင်မြင်မှုအတွက်
လုပ်ကိုင်လာခဲ့ရသည့် ဝန်ထုပ်ဝတ်ပိုး တာဝန်ဝတ္တရားကြီးကို
မိမိအလှည့်ကုန်ဆုံးသည်အထိ ချောချောမောမောဖြင့် ချထား၍
အနားယူခွင့်ရခဲ့လေပြီဖြစ်ရာ မည်မျှဝမ်းသာအားရ ဖြစ်လေမည်နည်း။
ပေါ့ပေါ့ပါးပါး စိတ်အားကိုယ်အား အနားယူခွင့်ရသွားပြီ ဖြစ်သည်။


ယင်းသို့ ပေါ့ပေါ့ပါးပါး အနားယူခွင့်ရသွားပြီဖြစ်သောကြော
င့် မိမိဝါသနာပါ
လေ့လာလုပ်ကိုင်ချင်ပါလျက် မလေ့လာ၊ မလုပ်ကိုင်ရသေးသော အလုပ်များကိုလည်း
လုပ်ကိုင်ခွင့်ရသွားပြီဖြစ်သည်။ ယင်းသို့ ဝါသနာပါရာအလုပ်နှင့်
လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်နိုင်ခွင်ရခြင်းသည်လည်း လူပလောက၊
လူ့ဘဝ၌ အလွန်အရသာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အခွင့်အရေးကြီးကို
ရရှိခြင်းဖြစ်ပေသည်။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝသစ်တခုကို
အစပြုလိုက်ခြင်းပင် ဖြစ်သည်။ ပင်စင်အငြိမ်းစားအဖြစ် အောင်ပွဲကြီးရခဲ့ရာမှ
ဆက်လက်၍ အောင်ပွဲအသစ်များရရန် ဦးတည်လိုက်ခြင်းပင် ဖြစ်ပေ၏။
ထို့ကြောင့် အရူးအမူး ပျော်ရွှင်မြူးတူးသူ ၆-ဦးစားရင်းတွင်
ပင်စင်အငြိမ်းစားကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။


ဖော်ပြပါ ပျော်ရွှင်မြူးတူးသူ ၆-ဦးတွင် ခြွင်းချက်အနေဖြင့်
မကြိုက်မနှစ်သက်ဘဲ ညားကြရသည့် အိမ်ထောင်ဦးည၊
ထီပေါက်သည်ကြားရ၍ ရူးသွားသူ၊
ထောင်ကလွတ်ပြီး အခြားအမှုနှင့် ထပ်အဖမ်းခံရသူ၊
ရဟန်းလူထွက်ပြီး အဆက်အသွယ်ပြုထားသည့် အမျိုးသမီးက လက်မခံသော ရဟန်းလူထွက်၊
နန်းတက်သည့်ညမှာပင် အဆိပ်မိသေဆုံးရသည့် ဘုရင်၊
ရသည့်လုပ်သက်ဆုငွေနှင့် ပင်စင်လစာများ နည်းပါး၍ မလောက်အင စိတ်ညစ်ရသူ
ပင်စင်စားများ ရှိနေတတ်ပေသေးရာ ပျော်ရွှင်မြူးတူးဖြစ်ဖွယ်ရာဟူ
သည်တို့ကို
ချင့်တွက်ဖွယ်ရာ ရှိပေတော့၏။

တရားသဘောအရ ဝေဖန်ကြည့်ပါမူ ပင်စင်အငြိမ်းစားတိုင်း၏ဘဝကို ဝမ်းနည်းကြေကွဲ
အခက်အခဲဘဝတွေချည်းသာ ဖြစ်သည်ဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ၊
ဝမ်းသာရွှင်ပျ သာယာလှသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပေသေးသည်။

ပင်စင်အငြိမ်းစားဘဝတိုင်းကို ဝမ်းသာရွှင်ပျ သာယာလှသည့်ဘဝများဟု
ဆိုပြန်လျှင်လည်း အငြင်းပွားစရာ။ ဝမ်းနည်းကြေကွဲ အခက်အခဲရှိနေသည့်
ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပြန်သည်။ ဤသို့ဆိုလျှင်
ပင်စင်အငြိမ်းစားနှင့် အမှန်တရားကား မည်သို့ပါနည်း။


ပင်စင်အငြိမ်းစားနှင့် အမှန်တရား (သမာနဝါဒ လင်္ကာ)---
ပင်စင်အငြိမ်းစား၊ အိုယောက်ျား၊
သင်အားယခု၊ လမ်းညွှန်ပြုအံ၊
လူ့ဘဝတာ၊ တစ်သက်လျာကား၊
မကြာခဏ၊ မြန်လွန်းလှ၏၊
တက်ကြွပျော်ဖွယ်၊ အားငယ်ညှိုးမှု၊
ကိစ္စစုကို၊ မပြုရှောင်ရှား၊
စွန့်ပယ်ထား၍၊ တရားအမှန်၊
သိမြင်ရန်သာ၊ ကြိုးစားကာဖြင့်၊
ထွက်ရာလမ်းစဉ်၊ လိုက်စေချင်သည်၊
ပင်စင်အငြိမ်းစား၊ အိုယောက်ျား...။


လူသားတို့ထွက်ရာလမ်း---
အမှန်တရား သိမြင်ရေးဟူသော ထွက်ရာလမ်းသည် ပင်စင်အငြိမ်းစားများနှင့်သာ
ကန့်သတ်သက်ဆိုင်သည်မဟုတ်ပါ။ ပင်စင်အငြိမ်းစားများကဲ့သို့ပင်
လူသားတိုင်းမှာ ဘဝသံသရာ၌ ရွှင်လန်းအားရ တက်ကြွမြူးပျော်ဖွယ်တွေ အသင်္ချေအနန္တ
တွေ့ကြရ၊ ဆုံကြရ၊ ကြုံကြရပါသည်။ အားငယ်ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲမှုတွေ
အသင်္ချေအနန္တနှင့် ကြုံကြရ၊ ဆုံကြရပါသည်။


ယင်း အကောင်း,အဆိုးနှစ်ပါး လောကဓံတရားများ၏ နောက်ကွယ်မှာ ဝဲလည်လိုက်နေရန်
မသင့်ပါ။ အမှန်တရားကိုသိမြင်၍ ထွက်ရာလမ်းစဉ်လိုက်ရန်မှာ
ပင်စင်အငြိမ်စားများသာမက လူသားတိုင်း လူသားတိုင်း လိုအပ်လှပါသည်။


ကိုမောင်သန်းဝင်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)


ကောက်နှုတ်ဖော်ပြသည်
(မော်လူး)

Monday, December 24, 2012

လီကွမ်ယု စင်္ကာပူ

စင်ကာပူနိုင်ငံ ချမ်းသာသောနိုင်ငံဖြစ်အောင် ဦးစီးဆောင်ရွက်ခဲ့သော
လီကွမ်ယု-သည် လီမျိုးနွယ်ဝင်
ဟတ်ကာတရုတ်လူမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၁၉၂၃-ခုနှစ် စက်တင်ဘာလ ၁၆-ရက်နေ့တွင်
စင်ကာပူ၌ မွေးဖွားခဲ့သည်။ လီကွမ်ယု၏ ဘိုးဘွားများသည်
၁၉-ရာစုနှောင်းပိုင်းမှစ၍ စင်ကာပူနိုင်ငံ၌
စတင်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ
ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့်
သင်ကြားသော စာသင်ကျောင်းများသို့
တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍
ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင်
အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် မိဘများ၏
ကြပ်မတ်မှုကြောင့်
၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး စင်ကာပူတွင်
နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ၀င်ခွင့်ရခဲ့သည်။
လီကွမ်ယုသည် ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့်
စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် ၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ်
အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ ပထမစွဲ၍
အောင်မြင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။
ဂျပန်ခေတ်တွင်
တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက်
ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။
၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ်
အလုပ်ရခဲ့သည်။

လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ
မုန့်ပဲသရေစာရောင်းသူ စသည့် ကြုံရာအလုပ်များဖြင့်လည်း ၀မ်းရေးကို တဖက်က
ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု ရှာဖွေစုဆောင်း
ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို
စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့်
ကိုလိုနီဝါဒ ကျင့်သုံးမှုများကို ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်

အတွက်
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ
လည်း ကိန်းအောင်းလာခဲ့သည်။
၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်)
ချူးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့်
ပညာသင်ခဲ့စဉ်အတွင်း ဘ၀တူလက်ဝဲယိမ်း စင်ကာပူ-မလေး ကျောင်းသားများနှင့်
ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို ခံခဲ့ရသည်။

၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ၀တ်လုံအဖြစ်
ဆောင်ရွက်လျက် တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး
နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး
သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင်
ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို
စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင်
ပိုမိုတိုးချဲ့လာသည့် ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။

၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ
ဖြစ်လာသည်။ လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏
ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု သြဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ
စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ လီကွမ်ယုသည်
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင်
ကြိုးစားခဲ့သည်။

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး
စတုရန်းမိုင် ၁၇၃-မိုင် ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ
လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု ၁၉၅၉-စင်ကာပူဒေသ၌ ၀န်ကြီးချုပ်
ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင်
အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို
ထမ်းဆောင်ခဲ့ရသည်။ ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့်
အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် အဓိကရုဏ်များ၊ PAP ပါတီမှာ
ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊
ဘဏ္ဍာရေးလိုငွေများပြားမှု စသည့် စီးပွားရေးပြဿနာပေါင်းစုံကို
ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌ လီကွမ်ယုသည် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့်
တိုးတက်လာစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့်
စားဝတ်နေရေး အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်
ဖန်တီးသကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း
ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ အများသုံးအိမ်သာတွင်
သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ
ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင်
အသန့်ရှင်းဆုံးနှင့် စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။
မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင်
ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ၀န်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန်
စည်းကမ်းတင်းကျပ် ထားသကဲ့သို့ လာဘ်စားဖို့မလိုအောင်လည်း လုပ်ခလစာများ
လုံလုံလောက်လောက် ပေးထားသည်။ ၀န်ကြီးချုပ် လီကွမ်ယု၏ လစာမှာ
အမေရိကန်သမ္မတ၏ လစာထက်ပင် များသည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာ
နိုင်ငံရေးတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင်
၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP ပါတီကသာ အာဏာရရှိနေသည်။
နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကို အထူးအလေးထားသည်။
ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများ
တွင်
စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ၀န်ကြီးချုပ်ဟောင်း
ဝါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊
စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ
ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက
အရေးပါသောအကြောင်းရင်း တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ
မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။

ကိုးကား

ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)

Tuesday, November 27, 2012

Welcome toTazaungmone Festival of Lights (Taunggyi-Shanstate)

In 'Tazaungmone' (November), Tazaunding' Festival is held on the full
moon day of Tazaungmone
according to the Myanmar calendar. Homes, buildings and streets are
illuminated and monks are
provided with robes and various requisites at Kahtein (ceremony of
offering robe to monks). The offering of 'Ma-tho-thin-gan'
saffron-coloured robes weaving ceremony is held on the eve of the full
moon day of 'Tazaungmone' in one night. On that day, young women teams
of weavers compete with one another to complete weaving robes
overnight. Crowds watch intensely as the'go signal is given for the
teams to start speed weaving at a stretch from evening onwards till
completion at dawn for offering to the great image of Lord Buddha. The
weaving of this special robe is still done the traditional way as a
demonstration and contest of weaving skill.

During the 'Kahtein' Festival some Myanmar young men usually send up

fire balloons.

Hot Air Balloons & Fireworks Festival


The Taunggyi hot-air balloon competition is the most popular main

attraction in Myanmar during winter.
The hot-air balloons are made up of hand-made paper beautifully
designed with colorful fireworks and
firecrackers.

Foreign tourists who are touring Taunggyi during November can surely

consider yourselves lucky as you
have the chance to see the beauty and enjoyment Tazaungdaing Festival
in Taunggyi.

Tazaungmone Festival of Lights

Venue: nation wide

Kyaiktiyo Pagoda (Golden Rock) Festival

Venue - Kyaik Hto, Mon State

Hot Air Balloons & Fireworks Festival

Venue - Taunggyi, Shan State

Tuesday, November 20, 2012

အစောင့်အရှောက်ဟူသည်

ကိုယ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ နုတ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ စိတ်ဖြင့်မကောင်းမှုကိုပြုသောသူတို့သည် မိမိကိုယ်မိမိ စောင့်ရှောက်သူများမဟုတ်ကြပေ။
ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခေတ်မီသော ကွန်မန်ဒိုခြေလျင်တပ်၊ နည်းပညာ
ကြီးများဖြင့် စောင့်ရှောက်ကာရံထားစေကာမူ မိမိကိုယ်မိမိ စောင့်ရှောက်သူများမဟုတ်ကြပေ။
ထိုစောင့်ရှောက်သူများသည် ပြင်ပအစောင့်ရှောက်များသာဖြစ်၍ အတွင်းအစောင့်ရှောက်မဟုတ်သော
ကြောင့် စိတ်ချနိုင်သောအစောင့်ရှောက်မဟုတ်နိုင်ပေ။
ကိုယ်ဖြင့်ကောင်းသောအမှုကို ပြုသောသူ၊ နုတ်ဖြင့်ကောင်းသောအမှုကိုပြုသောသူ၊ စိတ်ဖြင့် ကောင်းသော
အမှုကိုပြုသောသူတိုသည့် မိမိကိုယ်မိမိ အမှန်တကယ်စောင့်ရှောက်သူများဖြစ်ကြသည်။
ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ် စသည့် ခေတ်မီသောလက်နက်တပ်ကြီးများဖြင့် မစောင့်ထားသော်လည်း မိမိကိုယ်မိမိ စောင့်ရှောက်သူများဖြစ်ကြသည်။
ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊
စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏။ ကိုယ် နုတ် စိတ်နှလုံး သုံးပါးလုံးကို စောင့်စည်းနိုင်သူကို
ပစ္စုပ္ပန်ရော တမလွန်အတွက်ပါ မိမိကိုယ်မိမိ လုံခြုံအောင် စောင့်ရှောက်သူများဟု ဆိုအပ်၏။
(သံယုတ္တပါဠိတော်  ကောသလသံယုတ္တ သုတ္တန်)

Friday, November 9, 2012

ကမ္ဘာ ဆိုတာဘာလဲ .....

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ .......
ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ......
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်......
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆

Friday, October 26, 2012

Thadingyut Festival or Myanmar Lighting Festival


Thadingyut Festival or Myanmar Lighting Festival is one of the greatest festival in Myanmar. Actually Thadingyut Festival or Myanmar Lighting Festival is religious 
root festival rather than cultural festival. But later it becomes more like cultural festival.

Thadingyut’ (October) is the end of the Buddhist Lent or the rains retreat. It is the festival of lights on the full-moon day, one day before and one day after. Houses and streets in cities and towns are brilliantly illuminated. Pagodas are also crowded with people doing meritorious deeds. It is not only a time of joy but also of thanksgiving and playing homage to teachers, parents and elders, and asking pardon for whatever misdeeds in speech or thought they might have committed during the year, and elders also readily forgive if these is anything to forgive. This beautiful custom of Myanmar people serves as a bridge across the generation gap which often is the cause of trouble in many other countries.


Illuminations are there to celebrate the anniversary of Buddha’s return from the celestial abode where He had spent the lent teaching the celestials about His Law.


Among the gods was the one who was the mother of Buddha, reborn there. It was on the full moon day of Thadingyut month that Buddha descended to the abode of humans. He and His disciples were attended by a heavenly host of celestials who created a pathway of star ladder. Buddhist on earth illuminated the homes and streets to welcome Buddha and His disciples.

http://www.myanmarlife.com/

 သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ သို့မဟုတ်
သားကောင်းရတနာများနေ့လို့ ဆိုရမည်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီးမယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်

ဗြဟ္မာအပေါင်းတို့ အား အလွန်သိမ်မွေ့ခက်ခဲနက်နဲသော အဘိဓမ္မာ တရားတော်မြတ်ကို ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်ခဲ့မူသည်။
တစ်နည်းဆိုရသော် မြတ်ဗုဒ္ဓကိုယ်တော်တိုင် မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာတရားဒေသနာတော်ကို ၀ါတွင်းသုံးလတိုင်ဟောကြားတော်မူပြီး
သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့်လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထို့ကြောင့် သီးတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အပြင်
သားကောင်းရတနာများနေ့ဟုလည်း ပညာရှင်များက သတ်မှတ်ကြသည်။
ထို့၏အခြားမဲ့၌ တို့လူသားများသည်လည်း မိဘကျေးဇူးကို ကြိုးစားဆပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် သက်သေထူ၍ကိုယ်တိုင်လည်းကျေးဇူးဆပ် မိဘတို့၏ ကျေးဇူးအလွန်ကြီးမားပုံကို အောက်ပါအတိုင်းလည်း

ဥပမာပေး လမ်းညွန်ဟောကြားထားတော်မူခဲ့ရသည်။

သမုဒ္ဒေါ ပါတိကံ ယထာ။


အလွန်ကျယ်ဝန်းလှသောမဟာသမုဒ္ဒရာသည် မိဘမေတ္တာနှင့် နိုင်းစာပါက

မိုးရေတစ်စက်မျှလောက်သာရှိပေသည်။

ပထ၀ီ ဝေဠုကပတ္တံ ။


ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီမြေကြီးသည်

မိဘမေတ္တာနှင့် နိုင်းယှဉ်လိုက်ပါက ၀ါးရွက် ငယ်တမျှသာ ရှိပေသည်။

(မြတ်ဗုဒ္ဓ၏ မာတုပေါသက သုတ္တန်)။



မှတ်ချက်။။ သားကောင်းရတနာများဟု ဆိုလိုက်သည်နှင့်တပြိုင်နက် သမီးကောင်းရတနာများသည်လည်း အကျုံးဝင်းပြီးသား ဟုမှတ်ယူရမည်။

Monday, October 22, 2012

ဝေဖန်သုံးသပ်ရေးပေါ်လစီ (ဒေါက်တာလွမ်းဆွေ)

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်)
စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်ကလူတွေ တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။

*******

အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ကြည့်ရအောင် …

Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင်နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လိုက်ဖမ်းပါတယ်။

ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇ၀င်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း ပြောဆိုလာကြပါတယ်။

သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/

*******

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်

“If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”

“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့ ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”

*******

ဗွီအိုအေ ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

“ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလို သုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည် ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့ အလုပ်ကို လုပ်ချင်တာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ ကြည့်မယ်။

ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်တဲ့ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။” (VOA)

*******

ကျနော်၏ ထင်မြင်ယူဆချက်

အစ္စရေးအမျိုးသမီးရဲ့ ပြုမူဆောင်ရွက်ချက်ဟာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ထပ်တူကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့ အခြေအနေမှာ သူမဟာ ကြားမနေဘဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူမနဲ့ လူမျိုးတူ အင်အားကြီးတဲ့ အစ္စရေးနယ်ခြားစောင့်ရဲ (ဆင်) ဘက်ကမနေဘဲ အင်အားနည်းတဲ့၊ သူမနဲ့ ရန်ဘက်လူမျိုးဖြစ်တဲ့ ပါလက်စတိုင်းကလေးငယ် (ကြွက်) ဘက်က ရပ်တည်ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားကလည်း မတရားတဲ့ အခြေအနေမျိုးမှာ မဟုတ်ခဲ့ရင်တော့ လက်ခံနိုင်စရာပါပဲ။ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ဘယ်က မှားတယ်၊ ဘယ်ဘက်က မှန်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ အခြေအနေမရှိလို့ ဆိုရင်လည်း ပြောနိုင်တာတခုကတော့ အခုဖြစ်နေတဲ့ ကချင်ပြည်တွင်းစစ်ဟာ မတရားတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဘာဖြစ်လို့ မတရားတဲ့ အခြေအနေလို့ ပြောရသလဲဆိုရင် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်စစ်တပ်ဆိုတာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အဆိုအမိန့်အတိုင်း ဥပမာပေးရမယ်ဆိုရင် ဆင်နဲ့ ကြွက်လိုပါပဲ။ မြန်မာအစိုးရစစ်တပ် ဆိုတာက တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်နက်အင်အား၊ စစ်သည်အင်အား တောင့်တင်းပြည့်စုံတဲ့ အင်အားကြီး စစ်တပ်ဖြစ်ပြီး ကေအိုင်ကေကတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုမျှသာ ဖြစ်ပါတယ်။ ကေအိုင်အေမှာ လက်နက်တွေက ခေတ်မီတယ်ပဲပြောပြော၊ တိုက်ရည်ခိုက်ရည်တွေ ဘယ်လိုရှိတယ်ပဲပြောပြော အင်အားချင်း ယှဉ်ထိုးကြည့်ရင် ဆင်နဲ့ ကြွက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ နောက်တချက် ပြောစရာရှိတာ မြန်မာအစိုးရစစ်တပ်ဘက်က တနည်းပြောရရင် စစ်အာဏာရှင်တွေ ချုပ်ကိုင်ထားဆဲ စစ်တပ်ဘက်က (ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ‘အုပ်ချုပ်ရေးဘက်က’) ကချင်နယ်မြေထဲကို သွားရောက်တိုက်ခိုက်တဲ့ ‘ထိုးစစ်’ ဖြစ်ပြီး ကေအိုင်အေဘက်က သူ့နယ်မြေထဲကို လာရောက်တိုက်ခိုက်တဲ့ မြန်မာစစ်တပ် (အုပ်ချုပ်ရေးဘက်က စစ်တပ်) ကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ‘ခုခံစစ်’ ဖြစ်နေတာပါပဲ။

အဲဒီတော့ အထက်မှာ ပြောခဲ့သလို မတရားတဲ့ အခြေအနေမျိုး (ဆင်နဲ့ ကြွက် အနေအထား) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဘက်စစ်တပ်နှစ်ခုစလုံးရဲ့ ကြားမှာရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အရှိန်အ၀ါအကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာ အကျယ်တ၀င့် ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ အဲဒီအတွက်ကြောင့် အခုလို မတရားမှုအနေအထားမှာ ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပြောဆိုဖို့ ၀န်လေးနေရင်တောင် ထိုးစစ်ဆင်တာ ရပ်စဲရေးအတွက် အထူးအလေးထား မေတ္တာရပ်ခံ ပြောဆိုဖို့၊ ပြောလို့မှ မထိရောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အ၀ါအကြီးဆုံး မြန်မာနိုင်ငံသားတယောက်က ၀င်ပြောရင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ပြောဆိုတာထက် ပိုပြီးထိရောက်မှုရှိမှာ သေချာပါတယ်။ (တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်တင်မက မတရားမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံး၊ ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေအားလုံး ပါဝင်ဆင်နွှဲဖို့ လိုမယ်လို့ ယူဆပါတယ်)

အခုလို လူသန်ကြီးနဲ့ လူဖလံလေးတို့ ထိုးကြိတ်နေတဲ့ ဖြစ်ရပ်မျိုး (မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲ) မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစ္စရေးအမျိုးသမီး ပြုမူသလို (မှားတာ မှန်တာ အသာထား) လူသန်ကြီးကို အရင်ဆုံး တွန်းထုတ်ဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ယူဆမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။” လို့ ပြောပါတယ်။ အဲသလို ပြောခြင်းဟာ ဥပမာအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းက (အုပ်ချုပ်ရေးဘက်က) ကြားဝင်ဆောင်ရွက်ပေးနေခြင်းမျိုးဆိုရင် ကျနော် ထောက်ခံပါတယ်။ အခုဟာက အုပ်ချုပ်ရေးဘက်က လူတွေရဲ့ စစ်တပ်ကိုယ်နှိုက်က သူတို့နဲ့ အင်အားချင်းမမျှတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တတပ်ကို ထိုးစစ်ဆင်ခြေမှုန်းနေတဲ့ ကိစ္စပါ။ အဲဒီတော့ အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေ ပြီးမြောက်တဲ့အထိ စောင့်နေမယ်ဆိုရင် ကချင်တိုင်းရင်းသားတွေအကုန်လုံး ကျိုးကြေကုန်နိုင်တာမို့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အုပ်ချုပ်ရေးဘက်က လူတွေနဲ့ ပလဲနံပပိုသင့်ပြီး ပြေလည်မှု ပိုရကောင်းရနိုင်ပေမယ့် ထိုးစစ်ဆင်ခြေမှုန်းခံရတဲ့ ကေအိုင်အေနဲ့တကွ ကချင်လူမျိုးတွေနဲ့တော့ ပိုပိုပြီး အလှမ်းဝေးကွာသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားမှာကို အထူးစိုးရိမ်ရပါတယ်။

နောက်ဆုံးပြောချင်တဲ့ တချက်က စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆိုတာမျိုးက အုပ်ချုပ်ရေးဘက်က လူတွေ တာဝန်ပေးလာမှ လုပ်ဆောင်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ (အုပ်ချုပ်ရေးဘက်က လူတွေကလည်း သူတို့ကိုယ်တိုင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တော့ ဘယ်တော့မှ တာဝန်ပေးမည်မထင်ပါ။ တာဝန်ပေးခဲ့ရင်လည်း သူတို့လိုချင်တဲ့ ဂိုက်လိုင်းအောက်ကပဲ ဆောင်ရွက်ခိုင်းမှာမို့ နာမည်ပျက်ဖို့ပဲ ရှိမှာပါ)၊ နိုင်သလောက် အကူအညီလေးပေးရုံနဲ့ ကိုယ့်တာဝန်ကျေပြီလို့ မယူဆသင့်ဘဲ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး အသိရှိရှိ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရမယ့် အရေးကိစ္စလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက် ပြန်စဉ်းစားကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

Monday, October 15, 2012

မခံချင်တဲ့စိတ်နှင့် ခံချင်တဲ့စိတ် ။

လူတိုင်းလူတိုင်းမှာ အလုပ်မလုပ်ခင်မှာ ၀ါသနာနှင့် ရည်မှန်းချက်ကိုယ်စီရှိကြသည်။ ရည်မှန်းချက်အလိုက်
မခံချင်တွေလည်းတဖွားဖွားနှင့် ဖြစ်ပေါ်နေကြမည်ဖြစ်ပါသည်။ တောအရပ်ကနေကြသူများသည် မိမိဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးဆီသို့ တိုးတက်လိုတဲ့စိတ်အရင်းတည်၍
မခံချင်စိတ်အပြည့်ဖြင့် စီးပွားရေး ပညာရေး စသည့်အရေးကိုယ်စီဖြင့် ချီတက်ကြသည်။ မြို့ပေါ်သို့ရောက်သည် မိမိနေခဲ့ရာနေရာဒေသ အနေအထားနဲ့ဆန့်ကျင်ဘက်အခက်ခဲတွေကြုံရတဲ့အခါ
စိတ်ဓာတ်တွေကျလာတဲ့သူလည်းရှိသလို အပျော်အပါးတွေလွတ်လပ်စွာ ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်လည်း ပျော်ရွှင်သွားကြလို့ဘ၀ပျက်စီးသွားကြတဲ့
သူတွေ၊အကျင့်တွေပျက်သွားတဲ့သူတွေလည်း အမြောက်အများရှိပါသည်။ တကယ်တမ်း မိမိရည်မှန်းရာ မခံချင်စိတ်တွေဖြစ်သည့် အတိုင်းအခက်ခဲကို ရင်ဆိုင်ရင်းပျော်ရွှင်ရသည့်သူတွေတော့ တော်တော်လေးနည်းသည်ကိုတွေ့ရမည်ဖြစ်သည်။ အခက်ခဲတွေနဲ့ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျသွားတဲ့သူတွေက မိမိရည်မှန်းရာမခံချင်စိတ်တွေပျောက်ခြင်းမလှ ပျောက်ပြီး ခံချင်တဲ့စိတ်တွေတဖွားဖွားဖြစ်ပေါ်လာပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိမိတို့ရဲ့ဇာတိရပ်ရွာဆီသို့ လှည့်ပြန်သွားတဲ့သူတွေလည်းအမြောက်အများတွေ့ရမည်ဖြစ်သည်။ ကိုယ့်စရိတ်နဲ့ကိုယ်စိုက်ပြီး သူတစ်ပါးအရပ်ဆီက မပျော်လို့ ကိုယ့်အရပ်ကို လှည့်ပြန်သွားတဲ့သူတွေအတွက်တော့ သိပ်ပြီးကိစ္စမရှိပေမယ့် သူတစ်ပါးဆီကဆွဲယူပြီး သွားရတဲ့သူတွေအတွက်တော့ မိမိရည်မှန်းချက်တွေလည်းပျောက်သွားသည့်အပြင်အင် သူတစ်ပါးဆီက ဆွဲယူထားသည့်အကြွေးတွေလည်း တင်ခံခဲ့သေးသည်။ ထို့ကြောင့်ဒီလိုလူစားမျိုးကို မိမိရည်မှန်းချက်ထားခဲ့သည့်မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေရယူသွားသည့် လူစားမျိုးတွေ လို့သာဘဲခေါ်ဆိုရတော့မည်။ အမိမြန်မာပြည်မှသည် မိမိဘ၀အတွက် မိသားစုအတွက်ဆိုပြီး တိုးတက်ရာတိုးတက်ကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးဆီသို့ချီတက်သွားကြတဲ့သူတွေလည်း အမြောက်အများရှိကြပါသည်။
အထက်ပါဆိုခဲ့အတိုင်းဘဲ ကိုယ့်ရည်မှန်းချက်တွေဖြစ်မြောက်အောင်မြင်အောင် လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေကနည်းပြီး ခံချင်တဲ့စိတ်တွေပေါ်ပြီး လှည့်ပြန်သွားတဲ့သူတွေသာ များနေကြသည်။ တစ်ချို့များမိမိရည်မှန်းချက်တွေပျောက်သွားသည့်အပြင် အကြွေးတွေတစ်ပုံတစ်ပင်ကြီးတင်ကျန်နေကြသေးသည်။ ဆိုတော့... ကိုယ့်ရဲ့အခြေနေ ကိုယ့်ရဲ့စိတ်တွေမနိုင်လျှင် အစကတည်းက မသွားတာကိုဘဲ ကောင်းအုံးမည်။ တစ်ချို့များအစတော့ကောင်းပါရဲ့ အနှောင်းပိုင်းမှာ အခက်ခဲတွေနဲ့ရင်ဆိုင်လာရတဲ့အခါ မသေချာမရေရာမှုတွေလည်းရှိလာကြသည်။ မိမိရည်မှန်းချက်အတိုင်း မိမိတို့နေရာ ဇာတိရပ်ရွာကိုခွာလိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် ဇာတိရပ်ရွာကစိတ် တောအရပ်ကစိတ်တွေ လွမ်းတဲ့စိတ်တွေ ဖျောက်ထားနိုင်ဖို့အရေးကြီးသည်။ နေရာဒေသသစ်ရောက်ပြီဆိုတာနဲ့ ကိုယ်နေတဲ့နေရာအရပ်ရဲ့အနေထားကိုကြည့်ပြီး သူများနေသလို ကိုယ်လည်းနေနိုင်ရမည်။သူများစားသလို ကိုယ်လည်းစားနိုင်ရမည်။ သူများအောင်မြင်ရင် ကိုယ်လည်းအောင်မြင်ရမည် ဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးနိုင်ပါမှ မိမိရဲ့မခံချင်စိတ်တွေ
ရေရှည်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူတိုင်းလူတိုင်းမှာလည်း ခံစားချက်ကိုယ်စီရှိကြမည်ဖြစ်သည်။
သို့သော်ငြားလည်း ခံစားချက်နဲ့ရည်မှန်းချက်က အတူထားလို့မရနိုင် ။ခံစားချက်ကတစ်နေရာ ရည်မှန်းချက် ကတစ်နေရာစီ ခွဲခြားထားမှရမည်။ ရည်မှန်းချက်ကို ခံစားချက်နှင့်အတူရောထားလျှင် မိမိရည်မှန်းချက်အရင်းရှုံးမည်ဖြစ်သည်။ ခံစားချက်ကြောင့်လည်း မိမိရဲ့ရည်မှန်းချက်ကို မဖျက်စီးသင့်ပေ။
တဆက်တည်းမှာဘဲ ……
ဘုရားဖူးရာသီတွေလည်းရောက်လာပြီဖြစ်လို့ ဘုရားဖူးတဲ့သူတွေ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ အကြောင်းကိုလည်း ထည့်ပြောပါအုံးမည်။
တတ်နိုင်တဲ့သူများလည်း အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူခဲ့သည့်နေရာမို့လို့ ကုသိုလ်ရဖို့ဦးတည်ချက်နဲ့ မခံချင်တဲ့စိတ်နဲ့ ကိုယ့်အစီစဉ်နဲ့ကိုယ်လာကြသည်။ မတတ်နိုင်သည့်သူများလည်း
ရောက်ဖူးချင်လို့ ကုသိုလ်လိုချင်လို့ ဆိုတဲ့မခံချင်တဲ့ရည်ရွယ်ချက်နှင့် သူတစ်ပါးဆီအနည်းနှင့်အများ
ဆွဲယူပြီးလာကြတဲ့သူတွေလည်းပါကြမည်။ ဘယ်လိုအခြေနေနဲ့ဘဲလာလာ မိမိရည်ရွယ်ရာ ကုသိုလ်ရဖို့ဆိုတဲ့မခံချင်စိတ်တော့ အမြဲတမ်းရှိနေဖို့လိုသည်။ များသောအားဖြင့် မြန်မာပြည်မှဘုရားဖူးများ
သည် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ နေရာအသီးသီး မြန်မာဘုန်းတော်ကြီးကျောင်းမှာတည်းခိုကြရမည်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းဆိုသည်မှာလည်း
ဟိုတယ်(Hotel)မဟုတ် သက်သာရာသက်သာကြောင်း အရေးတကြီးနားနေဖို့ရန် နေရာသာဖြစ်သည် ဆိုတာကိုလည်း ပထမဆုံးအနေနဲ့ ထည့်တွက်စဉ်းစားထားရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံဆိုသည်မှာ နေရာတိုင်းမှာ ညစ်ညစ်ပတ်ပတ်နေထိုင်စားသောက်တတ်တဲ့အလေ့အထက ယဉ်ကျေးမှုတစ်တခုလို ဖြစ်နေသည့်အတွက်ကြောင့် သက်ဆိုင်ရာမြန်မာဘုန်းတော်ကြီးကျောင်းမှာလည်း အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအတိုင်းလိုက်လျော်ညီထွေစွာကြိုးစားနေထိုင်ရသည်ဖြစ်လို့ သန့်ရှင်းသည့်နေရာလည်းရှိမည်
မသန့်ရှင်းသည့်နေရာမှာလည်း ရှိချင်ရှိမည်။ ကောင်းတာလည်းရှိမည် မကောင်းတာလည်းရှိချင်ရှိမည်။
သည်လိုနေရာမျိုးမှာ ခဏတာတည်းခိုနေရတဲ့ဘုရားဖူးများအနေနဲ့ နှလုံးသွင်းကောင်းတတ်ဖို့အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိဘုန်းတော်ကြီးကျောင်းမှာ မိမိရောက်နေသည့်အတိုင်းဘဲ သဘောထားရနိုင်ရမည်ဖြစ်သည်။ ကျောင်းကလည်း ၀န်ဆောင်မှုညံ့ဖျင်းလိုက်တာ။အစားအသောက်ကလည်းညံ့ဖျင်းလိုက်တာ စသည်စည်ဖြင့် ဘုရားဖူးတွေတော်တော်များများမှာ ကဲ့ရဲ့စကားတွေ  ၀စီကံအပြစ်တွေ မနောကံအပြစ်တွေ နောက်ဆုံးကျောင်းမှာ ဝေယျာဝစ္စကူညီဆောင်ရွက်ပေးနေတဲ့ သံဃာတော်များကိုလည်း စားပွဲထိုး အလုပ်သမားလိုအောက်မေ့လို့ ခိုင်းချင်ရာခိုင်းပြီး ကာယကံအပြစ်တွေ ဘုန်းကြီးကျောင်းမှာ တစ်ပုံတစ်ပင်ကြီးထားခဲ့သည်သာမက စာပေသင်ကြားလို့အဝေးကနေလာကြတဲ့ စာသင်သားသံဃာတော်တွေအပေါ်မှာလည်း အဆစ်အနေနဲ့ အပြစ်ဖို့အပြစ်တွေထားသွာခဲ့ကြသေးသည်။
သာသနာကိုတကယ်ကြည်ညိုလို့ပံ့ပိုးပေးကြတဲ့ အနာထပိဏ်တို့ကျောင်းအမကြီးဝိသာခါတို့လို သာသနာ့ဒါယကာ ၊ဒါယိကမကြီးတို့လိုလူတွေ အတွက်တော့ သူတို့အနေနဲ့ကာလဒေသကိုကြည့်ပြီး သူတစ်ပါးကို
အပြစ်ဖို့ကဲ့ရဲ့တာသူတို့တာဝန်လို့ဘယ်သောအခါမှ မှတ်ယူလေ့မရှိပါဘူး၊ရဟန်းသံဃာတွေအပေါ်မှာ သူတို့တစ်တွေ အပြစ်တင်တယ်လို့သာသနာ့မှတ်တမ်းမှာလည်းမရှိပါဘူး။ သူတို့နှင့်သက်ဆိုင်တာ သူတို့တာဝန်လို့သာ မှတ်ယူထားတာဖြစ်လို့ သာသနာနှစ်ပေါင်း(၂၅၀၀)ကျော်ခဲ့သည့်တိုင်အောင် စံပြသာသနာ့ ဒါယကာ၊ဒါယိကာမကြီးတွေအနေနဲ့
တည်ရှိနေနိုင်ခဲ့ကြတာဖြစ်ပါတယ်။ နေရာတိုင်းမှာ အဆိုးနဲ့အကောင်း အမြဲတမ်းဒွန်တွဲလျက်ရှိနေတယ်လို့
မမှတ်ယူတတ်တဲ့သူများအနေနဲ့ မိမိရောက်နေတဲ့နေရာတိုင်း တွေ့မြင်နေရတဲ့အရာတိုင်း၏အပေါ်မှာ ကိုယ်၊ နုတ်၊ စိတ် အပြစ်တွေ တစ်ပုံတစ်ပင်ကြီးတင်ရှိနေမှာဖြစ်ပါတယ်။ ဘယ်လိုအခြေနေလဲကြုံနေရ ကြုံနေရ မိမိတို့အနေနဲ့ ဘုရားဖူးလာတယ်ဆိုတာ ပျော်ပွဲစားထွက်နေတာမဟုတ် ကုသိုလ်လိုချင်လို့
ပိုက်ဆံအမြောက်များအကုန်ကျခံပြီး လာကြသည်ဖြစ်လို့ ကုန်ကျသည်နှင့်ထိုက်တန်အောင် ကုသိုလ်တွေအပြည့်အ၀ ပြန်လည်ယူသွားနိုင်အောင်မခံချင်တဲ့စိတ်နှင့်အမြဲတမ်းနှလုံးသွင်းနေနိုင်ရမှာဖြစ်ပါတယ်။
ထိုသို့မဟုတ်ရင်တော့ လူလည်းပင်ပန်း ပိုက်ဆံလည်းကုန် ကုသိုလ်ရတာတစ်ပဲ ရောက်ခဲ့တဲ့နေရာတိုင်းမှာ
အပြစ်တွေထားခဲ့တာဖြစ်လို့ ငရဲတစ်ပိဿာ ရသွားမှာအမှန်ပင်ဖြစ်သည်။ ဒီလိုဘုရားဖူးမျိုးကို မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေ ရယူသွားတဲ့လူစားမျိုးလို့သာမှတ်ယူရတော့မည်ဖြစ်ပါသည်။
ပညာရေးအတွက်ဘဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ဘဲဖြစ်ဖြစ်၊ ကုသိုလ်အရေးဘဲ ဖြစ်ဖြစ် အားလုံး အားလုံး
ခံချင်တဲ့စိတ်တွေပျောက်ပြီး ရည်ရွယ်ကောင်းသော မခံချင်တဲ့စိတ်တွေအမြဲတမ်းမွေးမြူနိုင်ကြပါစေ….၊

Thursday, October 11, 2012

“THE SUPREME SCIENCE OF THE BUDDHA”

“အနတ္တ” တရားတော်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များ။
စာဖတ်သူများအနေဖြင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များသည် မည်သည့်ဒေသ၊ မည်သည့်အခါကာလ၊ မည်သည့်အခြေအနေမျိုးတွင်မဆို မဖေါက်မပြန် အကြွင်းမဲ့မှန်ကန်တော်မူကြောင်း သိပံ္ပပညာ၏တွေ့ရှိချက်များကို ဖတ်ရှုသိမြင်ရခြင်းဖြင့် မြတ်စွာ ဘုရားနှင့်တကွ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ပိုမိုကြည်ညို သဒ္ဓါပွားများစေရန် ရည်သန်လျက် ဤ “အနတ္တ” တရားတေ
ာ်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိ ချက်များကို ရေးသားတင်ပြအပ်ပါသည်။
မြတ်စွာဘုရား အဓိကဟောကြားခဲ့သောတရားတော်များတွင် ပေါင်းစပ်ထားသောရုပ်နာမ် တရားအားလုံး၊ ရုပ်နာမ်ဖြစ်ရပ်များ၏မတည်မြဲခြင်း၊ “ဝိညာဉ်” (ဝါ) “အတ္တ” ဟူ၍မတည်ရှိခြင်း သို့မဟုတ် လောကီ လောကုတ္တရာတရားတို့၌ ခိုင်မြဲသောဒြပ် အနှစ်အသားမရှိခြင်းနှင့် အဆက် မပြတ် ပြောင်းလဲနေသောဖြစ်စဉ်၌ ထာဝရတည်မြဲသောကောင်းကင်ဘုံဟူ၍မရှိခြင်းများကို ဟော ကြားထားပေသည်။
“အနတ္တ” (ဝါ) “အတ္တမရှိခြင်း” သဘောသည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော တရားတော်များအားလုံး၏ ဗဟိုမဏ္ဍိုင်ဖြစ်ပေသည်။ “အနတ္တ” သဘောကို သင်ကြားပေးခြင်း၌ လေးနက်သိမ်မွေ့သော ကိုယ်ကျင့်တရားတန်ဖိုးရှိပေသည်။ လူတို့သည် “အတ္တ” ကို အမှန် တကယ်ရှိသည်ဟု ယုံကြည်နေသမျှကာလပတ်လုံး တစ်ကိုယ်ကောင်းဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့် မည်မဟုတ်။ “အတ္တ” (ဝါ) ငါ၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာဟူသော တပ်မက်မှုတဏှာကြောင့် လောဘ ဒေါသ မောဟ အစရှိသော ကိလေသာအညစ်အကြေးတို့ကို ဖြစ်ပေါ်စေပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် “အတ္တ” (ဝါ) “ငါ” ရှိသည့်နေရာတိုင်း၌ စင်ကြယ်သောကိုယ်ကျင့် သီလမရှိနိုင်” ဟု မိန့်ဆိုတော်မူခဲ့ပေသည်။
“အနတ္တ” ဆိုသည်မှာ အလုံးစုံသော ဘုံသုံးပါးတို့၌ဖြစ်သော အရာဟူသမျှသည် “အတ္တ” မဟုတ် ငါမဟုတ၊် အနှစ်အသားမရှိ၊ မိမိအလိုအတိုင်းမဖြစ်၊ အစိုးမရဟု အဓိပ္ပါယ်ရပေသည်။
နာမ်နှင့်ရုပ်-သဘာဝဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓ၏အမြင်မှာ ၄င်းဖြစ်ရပ်အားလုံးသည် အစစ်အမှန်မဟုတ်ဘဲ အမြင်မှားခြင်း (illusion) များသာဖြစ်ကြပေသည်။ ရုပ်ဝတ္ထုအကောင် အထည်အနေဖြင့်မြင်တွေ့နေရခြင်းမှာ အစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာ ဖြစ်ကြောင်း မြတ်စွာဘုရားသည် မီးလုံးကြီးကိုသာဓကပြ၍ ဟောကြား တော်မူခဲ့ပေသည်။ မီးလုံးကြီးတစ်လုံးကို စက်ဝိုင်းလမ်းကြောင်းအတိုင်း လျင်မြန်စွာလှည့်ပတ်ခြင်း ဖြင့် မီးကွင်းကြီးတစ်ခုသဖွယ် အချိန်ကာလတစ်ခုမျှ မြင်တွေ့ကြရပေမည်။ ဤမြင်တွေ့ရသော မီးကွင်းကြီးမှာ အမှန်တကယ်မီးကွင်းကြီးမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ် ပေသည်။ ဤဥပမာမှ အချို့သောအခြေအနေများနှင့် အချိန်ကာလတစ်ခုအတွင်း၌ ရွေ့လျားမှုသည် တည်ငြိမ်မှုဟူသောအမြင်မှားကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရပေသည်။
ပတ္တမြားအစစ်၊ စိန်အစစ်တို့သည် ပွတ်တိုက်လေလေ၊ အရောင်တောက်ပြောင်လာလေလေ ဖြစ်သကဲ့သို့ ဗုဒ္ဓတရားတော်များသည်လည်း ဆန်းစစ်လေလေ ပိုမိုတောက်ပြောင် မှန်ကန်လာ လေလေပင်ဖြစ်သည်။ သိပံ္ပပညာ၏တိုးတက်မှုသည် ဗုဒ္ဓတရားတော်များ၏မှန်ကန်မှုကို ပိုမို ပေါ်လွင်ထင်ရှားလာစေပေသည်။
သက်ရှိသတ္တဝါအတွင်း ဖြစ်ပေါ်လျက်ရှိသော Metabolism ခေါ် ဇီဝဖြစ်စဉ်များကို လေ့လာ ကြည့်ပါက၊ သက်ရှိသည် စားသောက်လိုက်သော အစာအဟာရ ရုပ်ဝတ္ထုများကို သက်ရှိ ကလပ်စည်းများအဖြစ် ပြုပြင်ဖွဲ့စည်းလိုက်ပြီး (ANABOLISM) ၊ တဆက်တည်းမှာပင်၊ ၄င်းသက်ရှိ သွားလာ လှုပ်ရှား လုပ်ကိုင်ရန်လိုအပ်သောစွမ်းအင်ရရှိရေးအတွက် ယင်းသက်ရှိကလပ်စည်းများ ကို ပြန်လည်ဖြိုခွဲပြီး (CATABOLISM)၊ ဇီဝရုပ်ကြွင်းများအဖြစ်ပြောင်းလဲလိုက်ပြန်သည်။ ယင်းဇီဝ ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်၊ သက်ရှိ ကလပ်စည်းများသည် အလွန်လျင်မြန်စွာ ဖြစ်လိုက် ပျက်လိုက် စဉ်ဆက်မပြတ်ဖြစ်နေခြင်းကြောင့်သာ ရုပ်ဝတ္ထု အကောင်အထည်အဖြစ် ထင်မှတ်နေ ကြခြင်းသာဖြစ်ပေသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် မြတ်စွာဘုရားဥပမာပေးခဲ့သော အလွန်လျင် မြန်စွာလှည့်ပတ်နေသည့် မီးလုံးကြီးကို မီးကွင်းကြီးသဖွယ် ထင်မှတ်နေခြင်းမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟုထင်မှတ် နေသောအရာမှာ သက်ရှိကလပ်စည်းများ၏ ဖြစ်ပျက်မှု အစဉ်မျှသာဖြစ်ပြီး၊ ငါ၊ ငါ့ကိုယ်၊ ငါ့ဝိညာဉ်ကောင်ဟူ၍ အနှစ်အသား တစ်စုံတစ်ရာမျှမရှိ၊ ဗလာ၊ နတ္ထိပင်ဖြစ်သောကြောင့်၊ မြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော “အနတ္တ“ တရားတော်မှာ မှန်ကန်ကြောင်း ဇီဝဗေဒသဘော တရားအရ တွေ့ရှိရပေသည်။
တဖန် ရူပဗေဒပညာရှုထောင့်မှကြည့်ပြန်လျှင်လည်း-
ကျောက်တုံးတစ်တုံးသည် ကျွန်ုပ်တို့ပကတိမျက်စေ့ဖြင့်မြင်တွေ့ရသည့်အတိုင်း အတိအကျပင် အစိုင်အခဲဖြစ်ပေသည်။ သို့သော် ရူပဗေဒပညာရှင်များကမူ ယင်းကျောက်ခဲကို ခဏမစဲရွေ့လျား နေသော အဏုမြူအမှုန်ကလေးများ၏ အစုအဖွဲ့တစ်ခုဟုသာ ဆိုကြပေလိမ့်မည်။ ထိုအမှုန် ကလေးများသည် ဆွဲငင်ခြင်းများနှင့် တွန်းကန်ခြင်းဆိုင်ရာ အီလက်ထရွန်နစ်နိယာမများအရ တစ်ပေါင်းတည်းစုဖွဲ့နေရန် ထိန်းထားခြင်းသာဖြစ်ပေသည်။ အမှန်တွင် အီလက်ထရွန်များ၏ ဒြပ်အားလုံးသည် ၄င်း၏လျှပ်စစ်ဓာတ်ကြောင့်ဖြစ်ကြောင်းကို လက်တွေ့စမ်းသပ်ချက်များက ဖေါ်ပြ ခဲ့ပေသည်။ ဤအချက်သည် ဒြပ်ဝတ္ထု၌ ရုပ်အနှစ်အသားမရှိကြောင်းကို ငြင်းဆို၍မရအောင် သက်သေပြခဲ့သည့်အပြင် ဒြပ်သည် စွမ်းအင်သန့်သန့်မျှသာဖြစ်ကြောင်း သက်သေပြလာနိုင်ခဲ့ ပေသည်။
ထို့ကြောင့် သိပံ္ပပညာ၏တွေ့ရှိချက်များအရ၊ ကျွန်ုပ်တို့သည် ရုပ်လောကတစ်ခုလုံးကို ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ်သည်ဟုဆိုရပေလိမ့်မည်။ ဤအမြင်မှားနေသော လောကကြီး၌ စွမ်းအင်သည် ဒြပ်ဝတ္ထုအဖြစ် အသွင်အမျိုးမျိုးဖြင့် ဟန်ပါပါသရုပ်ဆောင်လျက်ရှိပေ သည်။
ဤသို့လျှင် မြတ်စွာဘုရား၏ ရုပ်နာမ်ဖြစ်ရပ်များအပေါ်ရှုမြင်မှုများကို ယနေ့သိပ္ပံပညာက အမှန်တကယ်ပင်မှန်ကန်ကြောင်း အတည်ပြုပေးထားပေသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ အသိ အာရုံများအရ မည်သို့ပင်ထင်မြင်နေစေကာမူ ရူပဗေဒက ကျွန်ုပ်တို့အားတင်ပြပေးသော ရုပ်နာမ် ဖြစ်ရပ်ဆိုင်ရာကမ္ဘာ့ရုပ်ပုံလွှာသည်ကား အစိုင်အခဲသဘောမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အနှစ်အသား မရှိပေ။ ဤအစိုင်အခဲ ပုံသဏ္ဍာန်၊ အနှစ်အသား သဘောတရားတို့ကို စကြဝဠာတစ်ခုလုံး မည်သည့်နေရာတွင်မျှ မမြင်တွေ့နိုင်ပေ။ ခဏမစဲ ဖြစ်ပျက် ပြောင်းလဲနေသော သန္တ တိ အစဉ် အဖြစ၊် အမြဲထာဝရတည်ရှိနေကြသည့် အတူတကွပေါင်းစပ်ထားသော စွမ်းအင်များသာရှိပေ သည်။
သိပံ္ပကမ္ဘာ၌ အလှည့်အပြောင်းသည် အဏုမြူကို ခွဲခြမ်းစိတ်ဖြာ၍ စွမ်းအင်အဖြစ်သို့ ဖြိုခွဲနိုင် သည့်အချိန်မှစတင်ခဲ့ပေသည်။ အဏုမြူမှ စွမ်းအင်အဖြစ်သို့ ပြိုကွဲခြင်းသည် ရောင်ခြည်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်းပေးသောနည်းစဉ်ဖြစ်သည်။ အီလက်ထရွန်အမှုန်များ၏ ခဏမစဲ ဆက်တိုက် ဖြစ်ပျက်သံသရာလည်နေခြင်းသာဖြစ်ပေသည်။
ထို့ကြောင့် ရူပဗေဒသဘောတရားအရ အစိုင်အခဲများဟူသည်မှာ ဟင်းလင်းပြင်နှင့်အချိန်တို့ ၏ အဆက်မပြတ်ဖြစ်ပျက်နေမှုအစဉ်၌ ဖြစ်ရပ်ငယ်များသာဖြစ်ကြပြီ၊် ရုပ်ဝတ္ထုဟူသည်မှာ အဓိက အားဖြင့် အနှစ်အသားမရှိ ဟင်းလင်းပြင်သာဖြစ်ပေသည်။
အစိုင်အခဲသည်ပင်လျှင် အာရုံများကပေးဆောင်သော မှားယွင်းသည့်အချက်အလက်များ အပေါ်အခြေခံပြီး တီထွင်ထားသောအသုံးအနှုန်း ဝေါဟာရတစ်ခုမျှသာဖြစ်သည်။ အစစ်အမှန်ဖြစ် သောအခြေခံဟူ၍မရှိပေ။ သို့ဖြစ်၍ အီလက်ထရွန်များမှအစ ကောင်းကင်တွင်သွားလာနေကြ သောကြယ်တာရာများအထိ မရွေ့လျားဘဲ တည်ငြိမ်နေသည့်အရာဟူ၍မရှိပေ။ မရွေ့လျားခြင်း ဟူသည်မှာ ထင်မြင်ချက်မျှသာဖြစ်ပေသည်။
ဤသို့ဖြင့် သိပ္ပံပညာသည် ၄င်းနည်း ၄င်းဟန်ဖြင့် ဗုဒ္ဓဟောကြားတော်မူခဲ့သော “အနတ္တ” တရားတော်ကို မှန်ကန်ကြောင့် အတည်ပြုထားပေသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ သန္တ တိအစဉ်နှင့် ရုပ်နာမ်တို့၏အနှစ်အသားကင်းမဲ့ခြင်းသဘောတရားသည် ဗုဒ္ဓတရားတော်များ၏ အခြေခံအချက်များဖြစ်သောကြောင့်ဖြစ်ပေသည်။
အတ္တ၊ ငါကောင်၊ ဝိညာဉ်ကောင်ရှိကြောင်းကို ဗုဒ္ဓဝါဒတစ်ခုတည်းကသာ လက်မခံ ငြင်းပယ် ခြင်းသည် လူတို့၏တွေးတောကြံဆမှုသမိုင်းတွင် ထူးခြားနေသော အချက်ကြီးဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မူသော တရားဒေသနာများအရ ‘အတ္တ’အယူဝါဒသည် စိတ်ထင်မျှသာဖြစ်သော လွဲမှားသည့်အယူဝါဒဖြစ်၍ စိတ်တွင်အကောင်အထည်ဟုထင်မြင်နေသောအရာများမှာ အစစ် အမှန်များမဟုတ်ကြပေ။ ၄င်း ‘အတ္တ’ ဝါဒသည် ‘ငါ’၊ ‘ငါ့ဟာ’၊ ‘ငါ့သား’၊ ‘ငါ့မယား’ စသည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေသော စိတ်အကြံအစည်၊ တစ်ကိုယ်ကောင်းစိတ်ထား၊ လောဘတဏှာ မက်မောခြင်း၊ ဒေါသအာဃာတထားခြင်း၊ မာနကြီးခြင်း၊ ထောင်လွှားခြင်း အစရှိသောကိလေသာ အညစ်အကြေးများ ပြဿနာများကို ဖြစ်ထွန်းစေပေသည်။ ဤ ‘အတ္တ’ ဝါဒသည် လူပုဂ္ဂိုလ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည်မှအစ တိုင်းပြည်အချင်းချင်းစစ်မက်ဖြစ်ပွားရသည့်အထိ ကမ္ဘာ့ဒုက္ခ ပြဿနာအပေါင်းတို့၏ မူလအကြောင်းရင်းဖြစ်ပေသည်။ အတိုချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် မကောင်းမှုဟူသမျှသည် ဤမှားယွင်းသော ‘အတ္တ’ ဝါဒတွင်အခြေခံပေသည်။
အကယ်၍ မြတ်စွာဘုရားသာ ပွင့်တော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို ဝေဖန်ပိုင်းခြား မသိမြင်နိုင်ကြဘဲ၊ “မောဟ” တည်းဟူသော အမိုက်မှောင်ဖုံးလွှမ်းမှုကြောင့် သံသရာဝဋ်ဆင်းရဲတွင်းမှ လွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်များကိုသိရှိပွားများကြပြီး၊ တရားတော် များကို ယုံကြည်မှုသဒ္ဒါထက်သန်စွာဖြင့် ကျင့်ကြံအားထုတ် ပူဇော်နိုင်ကြစေရန် ရည်သန်လျက်၊ ဤ“အနတ္တ” တရားတော်နှင့် ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များကို ရေးသားတင်ပြအပ်ပါ သည်။
မြတ်စွာဘုရား၏သာသနာတော်ကြီးနှင့်လည်းကြုံခိုက် မရုန်းလိုက်လျှင် အရှုံးနင့်ပြင် ရှိခြိမ့်မည်။
မကွေ့ မကောက် အဖြောင့်တရားတွေ့ပါသားနှင့် အများရူးတိုင်း နင်မရူးနှင့်။
ထူးသည့်အခါ၊ ဝိပဿနာကို အခါခါပွားမှ သွားမည့်သံသရာ အစဉ်ပါမည် သင်သာသတိထား။
အပြောသမား၊ အဖတ်သမား၊ အမှတ်သမားဘဝမှ အလုပ်သမားဘဝသို့ ချီတက်ကြပါစို့ ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီက မိန့်ကြားတော်မူခဲ့ပါသည်။
ဦးသန့်ဇင်
ကျမ်းကိုး။ BAPTIST, EGERTON C. ရေးသာသော “THE SUPREME SCIENCE OF THE BUDDHA” စာအုပ်ကို ဒေါက်တာမင်းတင်မွန် မြန်မာဘာသာပြန်ဆိုသည့် “သိပံ္ပနယ်လွန် ဗုဒ္ဓဘာသာ” စာအုပ်ကို မှီငြမ်းကိုးကား ရေးသားဖေါ်ပြပါသည်။

Thursday, October 4, 2012

အံ့ဖွယ် (၈) ဖြာ သာသနာ ...


တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ
မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။
ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု
လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ
(၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကိုမြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍
ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။
အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်းနက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။

၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏
သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်တွေကအသက်ဟူသောအကြောင်းကြောင့်ပင်မလွန်ကြူးကြပေ။

၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ
သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်းဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ဒုဿီလပုဂ္ဂိုလ်တွေကိုသာသနာတော်ကြီးကအရှည်မထားပါဘူး။သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှထုတ်ပစ်လိုက်တယ်။

၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ
ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့်
အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ဤရဟန်းကသူဆင်းရဲပဲလို့နာမည်အသီးသီးမခွဲခြားတော့ပါဘူး။သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့
တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။

၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့
မရှိသလိုမြတ်စွာဘုရားသာသနာတော်မှာလည်းရေတွက်လို့မရနိုင်လောက်အောင်များတဲ့ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးကကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့်နိဗ္ဗာန်ကြီးဟာပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။

၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ရတနာအမျိုးမျိုးတွေ(ဆယ်မျိုးလောက်ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲအံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊
သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ်၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ရေတို့၏အရသာသည်ဆားငံအရသာတစ်မျိုးတည်းပင်ရှိသကဲ့သို့မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှလွတ်မြောက်ခြင်းအရသာတည်းဟူသောဝိမုတ္တိရသအရသာတစ်မျိုးတည်းရှိခြင်းသည်လည်း
အံ့ဖွယ်တခုဖြစ်ပါတယ်။

၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာသမုဒ္ဒရာအတွင်းကတိမိင်္ဂလစသည့်အလွန်ကြီးသောငါးကြီးတွေနေရာဖြစ်ပါတယ်။
ဒါဟာလည်း သမုဒ္ဒရာကြီး၏အံ့ဖွယ်တခုဖြစ်သလိုမြတ်စွာဘုရားသာသနာတော်မှာလည်းမဂ္ဂဋ္ဌာန်၎ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်းသာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်ဖြေကြားတော်မူခဲ့ပါတယ်။
(အံ-၃၊ ၄၂၊ ၄၃)
Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488