BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Friday, June 22, 2012

အဖြူရောင်မုသားသုံးတတ်ပါစေ(အင်တာနက်မှတ်စု)

ရှုပ်ထွေးပွေလီနေတဲ့ ဒီလောကမှာ အသင်သည် စည်းစိမ်ချမ်းသာတွေပြည့်စုံနေခြင်းဖြင့် ဘ၀ကို ရှင်သန်နိုင်သလို ဆင်းရဲနွမ်းပါးခြင်းများဖြင့်လည်း ရှင်သန်နိုင်တယ် မသေရုံတမယ်လည်း ရှင်သန်နိုင်သလို တော်သင်ရုံ ဖြင့်လည်း ရှင်သန်နိုင်တယ် ။

သို့သော် လူတိုင်းမှာ လိုအပ်ခြင်းဆိုတာ အမြဲရှိနေတယ် လောဘလည်း ရှိနေတယ် ဒေါသလည်း ၊မောဟလည်း ရှိနေတယ် လုံ့လလည်းရှိတယ်၊ရဲရင့်ခြင်း ၊ရိုးသားခြင်း၊ရောင့်ရဲခြင်း၊သဘောထားပြည့်ခြင်း များရှိနေချင်ရှိနေမယ် မရှိချင်လည်း မရှိနေနိုင်ဘူး
ရှိအောင်လည်း ကြိုးစားချင်ကြိုးစားမယ် မကြိုးစားချင်လည်း မကြိုးစားနိုင်ဘူး ဘာပဲဖြစ်ဖြစ်အသင့်မှာ လိုအပ်မှုတွေရှိနေတာကတော့
အမှန်ဘဲနော် ...........လူတိုင်းကို ကြည့်ပြီး ထင်မြင်ချက်အမျိုးမျိုးနှင့်အတူ မုဒိတာ ပွားချင်ပွားမယ် မကောင်းတဲ့စိတ်တွေ ပွားချင်ပွားမယ်
ဒါတွေက ကိုယ့်အပေါ်မှုတည်တယ် ..........အဓိက က ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုကိုယ် အရင်မေးပြီးရင် ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်မှာ
ရှိနေတဲ့အရည်အချင်းတွေကို တိုင်းကြည့် လိုနေရင် ထပ်ဖြည့် ပိုနေရင် တော့ကိုယ်ဖြစ်ချင်တာကို လုပ် ဘာပဲဖြစ်ဖြစ် ဒူးလောက်မှန်းမှ ရင်လောက်ကျမယ်နော် ...တစ်ချို့ကတော့ လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့စကားပုံတွေရှိတယ် ဒါကလည်း အတိုင်းအတာတစ်ခု
ထိမှန်ပါတယ် ...ပြီးပြည့်စုံတဲ့အရာဆိုတာ ဒီလောကမှာ မရှိဘူး....ဘယ်သူဟာ ဘာလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတာ ဘုရားကလွဲရင်
ဘယ်သူတော်စင်မှမသိနိုင်ဘူး လေ.....လောကမှာ လူတွေက လိမ်ကြတယ် သူများကိုလည်း လိမ်တယ် ကိုယ့်ကိုကိုယ်လည်းလိမ်တယ်
သူများကိုလိမ်တော့ လူဖြစ်တစ်ခါရှုံးတယ် ကိုယ့်ကို ကိုယ်လိမ်တော့ အခါတစ်ရာ မက ရှုံးတယ် ....လိမ်တယ်ဆိုတာ မကောင်းဘူး တစ်ချို့ကမလိမ်ဘူး ညာတယ်လေ ...ဒါပေမယ့်အတူတူပါပဲ ..မုသားသုံးတာ သုံးတတ်ရင်ကောင်းပါတယ် ဘာဖြစ်လို့ကောင်းသလဲလို့ပြောရင် အခြေအနေအချိန်အခါပေါ်မှုတည်ပြီး မုသားဆိုတာ သုံးသင့်ပါတယ်
မုသား မှာ အဖြူ နဲ့အမည်းဆိုတာရှိတယ်....မုသားအမည်းကတော့ မုသာဝါဒါကံထိုက်မှာပေါ့ သူက တစ်ဦးဦးကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလို့လေ အဓိကပြောချင်တဲ့မုသားဖြူကအရှင်သာရိပုတ္တရာမထေရ်လောင်းကြီးကိုယ်တိုင်သုံးခဲ့တာပါ
ဘုရားဟော ဇာတ်တော်ဖြစ်ပါတယ်....အတိုချုပ်ပဲပြောပြပါရစေ
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်ပေါ့ ဘုရင်ကြီးဟာ သူတော်ကောင်းတရား (၇)ပါးကို ကျင့်သုံးပြီး မင်းကျင့်တရားဆယ်ပါးနဲ့အညီ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို့ထားက ဘုရားတရားသံဃာ အပေါ်သ
ဒ္ဓါတရား ကိုင်းရှိုင်းတာပေါ့ဗျာ
ဘယ်လောက်ထိ ဘာသာတရားကိုင်းရှိုင်းသလဲဆိုရင် သူပွဲတော်အုပ်တည်မယ့်အချိန်မှာ အလှူခံလာရင် သူစားမယ့် ပွဲတော်အုပ်တောင် မစားဘဲ လှူတာပေါ့ ...ဒါကြောင့်လည်း သူ့တိုင်းပြည်မှာ ရာဇ၀တ်မှုတွေကင်းရှင်းပြီး အေးချမ်းသာယာကြတာပေါ့ဗျာ.....
တစ်နေမှာတော့ ဗာရာဏသီပြည်ရဲ့ အရှေ့တံခါးဘက်ရွာတစ်ရွာမှာ သူဆင်းရဲ လင်မယားနှစ်ယောက်နေကြတယ် သူတို့ဟာ အလုပ်ကို
မည်မည်ရရမလုပ်ကြဘူး ပြီးတော့ ယောက်ျား ဟာ သူ့မယားကို ချစ်တယ်ပေါ့ဗျာ တစ်ဦးနှင့်တစ်ဦးလည်း ချစ်ကြတာပေါ့....
မယားဖြစ်တဲ့သူမှာ ကိုယ်ဝန်ရှိလာတော့ မိန်းမဖြစ်သူက ချဉ်ချင်းတက်တယ်လေ (စာကြွင်း/ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေမှာ ဒီအချိန်ရောက်ရင် ဒီလိုဖြစ်တတ်တယ်ဆိုတာကြားဖူးပါတယ်။ ဥပမာ ဒေ၀ဒတ်ကိုကိုယ်ဝန်ဆောင်ခဲ့စဉ်တုန်းကလည်း ဝေဒေဟီမိဖုရားသည် ဘုရင့်၏လက်ယာလက်ရုံးသွေးကိုသောက်ချင်တဲ့ ချဉ်ခြင်းဖြစ်တာပါဘဲလေ။ )အဲ့မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးတာပေါ့ ဘာချဉ်ချင်းတက်တာလဲ ဘာလဲပေါ့နော်။အဲ့မှာ မယားဖြစ်သူက ဗာရာဏသီပြည့်ရှင် မင်းတရားကြီးရဲ့ ပွဲတော်အုပ်ကို စားချင်ပါတယ်လို့ပြောတော့ ယောက်ျားဖြစ်သူက
တွေဝေသွားတယ် ပထမတော့ ဘာပဲလုပ်ရရပေါ့ လေ နောက်တော့ ဘုရင့်ပွဲတော်အုပ်ဆိုတော့ သေဒဏ်လေ ဒီတော့ မိန်းမဖြစ်သူကို
ပြောတာပေါ့ တခြားဟာ ပြောလို့မရဘူးလားပေါ့ မိန်းမကလည်း မရဘူး ဒီဟာမှ မစားရရင်သေတော့မယ် ဘာရယ်ပေါ့။
ယောက်ျားက အမျိုးမျိုးလှည့်ပတ်ပြောလို့မရတော့ ဒီတော့ ရအောင်လုပ်ရတော့မယ်လေ မိန်းမကိုချစ်တာကိုး အဲ့ဒါနဲ့
လင်မယားနှစ်ယောက်စလုံး အကြံထုတ်ကြတာပေါ့ မယားဖြစ်သူက ယောက်ျားကိုပြောတယ် တို့ဘုရင် ဟာ ဘာသာတရားကိုင်းရှိုင်းတယ် ဒီတော့ ယောက်ျားကို ရဟန်းဟန်ဆောင်ပြီး မွန်းတည့်မတည့်မီ ဘုရင်လေသာဆောင်ရှေ့နားဘက်ကနေ
ဖြည်းဖြည်းသွားဖို့ပြောတယ် ....ဘုရင်ကလည်း ပွဲတော်အုပ်မတည်မီ လေသာဆောင်ကနေ အပြင်ကိုလှမ်းကြည့်ပြီး မှ သူက ပွဲတော်အုပ်တည် တာကိုး၊ ဒီတော့ ယောက်ျားကလည်း မယားစကားအတိုင်း ကတုံးတုံး သင်္ကန်းဝတ်ပြီး သပိတ်ယူကာ ရဟန်းအတုပေါ့နော် ရဟန်းဟန်ဆောင်ပြီး မိန်းမကို မြို့ပြင်က ဇရပ်မှာ စောင့်ခိုင်းထားခဲ့တာပေါ့ ....ပြီးတော့ ဘုရင် ရှိရာ လေသာဆောင်ဘက်ကို တရွှေ့ရွှေ့ထွက်ခါလာတာပေါ့....အဲ့အချိန်မှာ ဘုရင်ကလည်း ပွဲတော်အုပ် တည်ဖို့ရန်လေသာဆောင်ဘက်ကိုကြွချီလာတာပေါ့ဗျာ...အပြင်ဘက်ကို ဘုရင်က လှမ်းကြည့်လိုက်တော့ ရဟန်းတစ်ပါးကို တွေ့သွားတယ် ဒီတော့ နဂိုရှိ သဒ္ဒါတရားတွေဟာ ထကြွလာပြီး စိတ်ထဲက နေ ...အို ..ဘုရားသားတော် ရဟန်းတစ်ပါးပါလား
မွန်းတည့်ချိန်နီးနေပြီ ဆွမ်းကွမ်းရောအဆင်ပြေပါ့မလား ငါတည်မယ့်ပွဲတော်အုပ်ကို လှူမယ်ပေါ့ နော်..ဒါနဲ့ မင်းချင်းတွေကို အခေါ်လွှတ်တာပေါ့...ရဟန်းအယောင်အဆောင် သူဆင်းရဲသားလည်း ဘုရင်ခေါ်တယ်ဆိုတော့ ကြောက်ကြောက်နဲ့လိုက်သွားတာပေါ့မိန်းမက ဘုရင်ပွဲတော်အုပ်ကို မှ စားချင်နေတာကိုး ဒီတော့ မထူးပါဘူး ဆိုပြီး သတ်ချင်လည်း သတ်ပါစေ လို့တွေးပြီး လိုက်သွားတယ်
ဘုရင်ရှေ့ရောက်တော့ ဘုရင်က ပွဲတော်အုပ်ကို ကပ်လှူလိုက်တာပေါ့ ဒီတော့ သူဆင်းရဲသားရဟန်းအတု ၀မ်းသာသွားတယ် ..ပြီးတော့ခပ်သုတ်သုတ်ပဲ ဘုရင့်နန်းတော်ဘက်ကနေ မြို့ပြင်ဇရပ်ဆီကို အမြန်ချီတက်တော့တာပေါ့....ဘုရင်ကတော့ လှုလိုက်ရလို့ ပီတီတွေဖြစ်နေတာပေါ့ ပြီးတော့ သူလှူလိုက်တဲ့ ရဟန်းဟာ သာမန်မဖြစ်နိုင်ဘူး ရဟန္တာတွေများဖြစ်နေမလားဆိုပြီးတွေးမိက စစ်သူကြီးတစ်ယောက်ကို အနောက်ကနေမသိမသာ လိုက်ကြည့်ခိုင်းတာပေါ့...ဒီတော့ ရှင်သာရိပုတ္တ၇ာလောင်းစစ်သူကြီးကအနောက်ကနေလိုက်ကြည့်တာပေါ့ဘုရင်ကခိုင်းတာကိုးရဟန်းအတုလည်းမသိဘူးလေ ..သူက သူ့မိန်းမဆီကိုသာစိတ်ကရောက်နေတာကိုးအဲ့ဒီမှာ ဇရပ်ကိုလည်းရောက်ရော သူခြုံထားတဲ့ သင်္ကန်းတွေကိုချွတ်ပြီး မိန်းမနဲ့ အတူ
ခုနကရလာတဲ့ ပွဲတော်အုပ်တွေကို အတူတူစားကြတာပေါ့ ..ဒါကို စစ်သူကြီးက မြင်တော့ ဘာလုပ်ရမလဲစဉ်းစားမိသွားတယ်
ဘုရင်ကိုဘယ်လို ပြန်လျှောက်ရမလဲလို့ စဉ်းစားနေရတာ ဘုရင်ကလည်း ဒီရဟန်းကို ယုံကြည်နေတာလေ တော်ကြာ ဒီကိစ္စသာအမှန်အတိုင်းလျှောက်လိုက်ရင် ဘုရားသားတော် ရဟန်းတွေအပေါ်ယုံကြည်မှုတွေကင်းမဲ့သွားနိုင်တယ်...ပြီးတော့ သူဆင်းရဲလင်မယားနှစ်ယောက်လည်း သေဒဏ် အပြစ်ပေးခံရမယ်လေ ...ဒီတော့ ဘုရင်လည်း
ဗုဒ္ဓသာသနာကို ပိုပြီးယုံကြည်သွားအောင်၊သူဆင်းရဲလင်မယားလည်း မင်း ပြစ်မင်းဒဏ်မခံရအောင်နှင့် သူလည်း အမှန်အတိုင်းလျှောက်တင်နိုင်အောင်
စစ်သူကြီးက မုသားသုံးမယ်လို့ စဉ်းစားပြီး နန်းတော်ကိုပြန်လာတာပေါ့.....ဘုရင်ကလည်း နန်းတော်ဝမှာ စစ်သူကြီးကို ပွဲတော်အုပ်တောင်မတည်သေးဘဲစောင့်မျှော်နေတာပေါ့ ပြီးတော့ မှုးမတ်တွေအရှေ့မှာ သူက သူ့ရဲ့ထင်မြင်မှုကိုသိစေချင်တယ်လေ
ဒီတော့ ဘုရင်က ပြုံးလျှက်နဲ့ စစ်သူကြီး မေးတာပေါ့ ငါပွဲတော်အုပ်လှူလိုက်တဲ့ ရဟန်း ကိုလိုက်ကြည့်တော့ ဘာမြင်ရလိုက်လဲလို့ မေးလိုက်တယ် ...စစ်သူကြီးကလည်း အရှင်မင်းကြီး ပွဲတော်အုပ်လောင်းလှူလိုက်တဲ့ဲ့ ရဟန်းဟာ မြို့ပြင်လည်း ရောက်ရော ရဟန်းအသွင်
ပျောက်သွားပါတယ်ဘုရားလို့ လည်းဖြေရော ဘုရင်ကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ပွဲတော်အုပ်တည်ဖို့ ထွက်သွားပါလေရောဗျာ
ဘုရင့်စိတ်ထဲမှာတော့ ရဟန်းအသွင်ပျောက်သွားတယ်ဆိုတာ မိုးပေါ်ပျံတာဖြစ်ဖြစ် မြေလျှိုးတာဖြစ်ဖြစ် တစ်ခုခုပေါ့ သူက ရဟန္တာလို့ ထင်နေတာကိုး....ဒီတော့ဗျာ အရှင်သာရိပုတ္တရာမထေရ်မြတ်လောင်းကြီးဖြစ်တဲ့စစ်သူကြီးဟာ အခုလို မုသားသုံးလိုက်တဲ့အတွက် ဘယ်သူတစ်ဦးတစ်ယောက်မှ အပြစ်မရှ အထိအခိုက်မရှိဘဲ ဆင်ခြင်တုံးတရားရှိရှိဖြင့် အသုံးချတတ်သွားတာ
ဘယ်လောက်ကောင်းလိုက်လဲနော် ..ဒီမုသားဟာ တကယ်တော့ အဖြူရောင်မုသားလေးပါပဲလေ။
အားလုံးပျော်ရွှင်ချမ်းမြေ့လို့ အသိတရားများတိုးပွားနိုင်ကြပါစေ..။

Monday, June 18, 2012

အရာထင်သောစကားများ(အင်တာနက်မှတ်စု)


လူတိုင်းမှာ မိမိ ကိုယ်ပိုင်ဘ၀လေး တစ်ခု ကိုယ်စီကိုယ်စီရှိကြပါတယ်...။
ကိုယ်ရတဲ့ ဘ၀လေးကို ကိုယ်ဘယ်လိုယူဆပါသလဲ ။ ကိုယ်ဘယ်လိုခံယူသလဲ ။

ဘယ်လိုစိတ်ထားမျိုးနဲ့ ဘယ်လိုနေထိုင်သလဲ ။ အရေးကြီးတာ တခဏ လေးရလာတဲ့ 
ဘ၀တာတိုတို နေမညိုခင်လေးမှာ တန်ဖိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်
စိတ်ချမ်းချမ်းသာ

နဲ့  နေထိုင်သွားနိုင် ဖို့ ပါပဲ...။ လူအများစုဟာမိမိရတဲ
့ကိုယ်ပိုင်ဘ၀လေးကိုမကျေနပ်ကြဘူ
း မိမိထက်သာလွန်တယ်လို့ ထင်တဲ
့တခြားသူတွေကိုကြည့် ပြီး

အားမလိုအားမရဖြစ်တတ်ကြတယ် ။ အဲသလိုဘ၀မျိုး မဖြစ်ရကောင်းလားဆိုပြီး
မကျေမနပ်နဲ့  စိတ်အားငယ်၊ စိတ်ဆင်းရဲ
စိတ်ဓာတ်ကျခြင်းတွေ....အဲလိုအတွေးမျိုးတွေ

သူငယ်ချင်းတို့ တွေ ရောဝင်မိသေးလားကွယ်.....။ မိမိကိုယ် ကိုမကျေနပ်တဲ
့စိတ်တွေလေ......၀င်ခဲ့ ဖူးတယ်ဆိုရင်တော့ ..ဆရာ့ စကားလေးကို မယ်ထွေးက
မျှဝေ

ပေးချင်ပါတယ်.....ဆရာ့ ဆုံးမပေးခဲ့ တဲ့  အရာထင်တဲ့ စကားလေးပါ......။

စိတ်မချမ်းမသာဖြစ်ရပြီ ၊ စိတ်ညစ်ရ ပြီ ၊ စိတ်ဓာတ်ကျပြီ
ဆိုရင် မိ မိရဲ့ စိတ်ကိုသေသေချာချာရှင်းရှင်းလင်းလင်း ကြည့်  လိုက် ဖို
့လို လိမ့် မယ်။

ငါဘာလို့ စိတ်ညစ်နေရတာလည်းလို့ ပြတ်ပြတ်သားသား မေးကြည့် ဖို့ လို လိမ်
့မယ်...။အဲသလိုကြည့် လိုက်ရင် အခါပေါင်းများစွာမှာ ငါဟာဘ၀မှာ ဘာဆို ဘာမှ

အရေးမပါတဲ့  အသေးအဖွဲလေးတွေကြောင့်  အလကားနေရင်းစိတ်ညစ်
စိတ်ဓာတ်ကျနေတာပါလားဆိုတာကို အံ့ သြဖွယ်ကောင်းလောက်အောင် တွေ့ မြင်ရမှာ

အမှန်ပါပဲ ........

.................တစ်ခါတလေများ ဒီထက် အံ့ သြစရာကောင်းတာတောင်တွေ့ ရလိမ်
့ဦးမယ် ။ လူတစ်ယောက်ဟာ ကိုယ့် ဘ၀ကို မပိုင်ပါလား ။မိမိရဲ့ ပျော်ရွှင်မှု


စိတ်ချမ်းသာမှု့  တွေဟာမိမိမပိုင် ဘဲ တခြားသူတစ်ယောက်ရဲ့  လက်ထဲကို ဝ
ကွက် ပြီး အပ်ထားသလိုမျိုးပေါ့  ။ အဲဒီိလူက ပျော်စေ ဆိုမှ မိမိကပျော်ခွင်
့ရတဲ့ ဘဝ

အဲဒိလူကမင်းစိတ်ညစ်ဆိုရင်သေလောက်အောင်စိတ်ဓာတ်ကျရတဲ့ ဘ၀ ။အဲဒီိလူရဲ
့မျက်နှာကိုကြည့် ပြီး သူ့  ရဲ့ အမိန့် ကိုစောင့် ပြီး ပျော်ရွှင်မှု့ 
လေးတွေကို မျှော်လင့် 

ရတဲ့ ဘ၀..။ဘယ်လောက်တောင်ဆိုးတဲ့ ဘ၀လဲကွယ်....။

တကယ်တမ်းကျတော့ အဲသလိုမျိုး မဖြစ် သင့် ဘူး ၊ မဖြစ်ရဘူး ၊
အဲသလို မိမိ ဘ၀ ကိုစိုးပိုင်ထားသူတွေဟာ မိမိရဲ့ အချစ်ဆုံးတွေ..ဒါမှမဟုတ်
အမုန်းဆုံး

သူတွေ ပဲ ဖြစ်တတ်တယ်..။ မိမိချစ်တဲ့ သူရဲ့  ချစ်ခင်ဂရုစိုက်မှု့  ကို
လိုချင်တယ်..မုန်းတဲ
့သူကမိမိဘ၀ကိုပိုင်ဆိုင်ထားတာမျိုးလည်းရှိနေတတ်တာပဲ..။အဲဒီလူရဲ့ 

လောင်းရိပ်အောက်ကမထွက်နိုင်ဘူး။လုံးဝမပျော်ရွှင်ရ..၊စိတ်ညစ် ရ၊
စိတ်ဓာတ်ကျ... အစွန်းရောက်တဲ့ ..အချစ်နဲ့ အမုန်းတွေ ပေါ့ ..။ အဲလို
တွေကြုံလာရင်တော့ 

မိမိရဲ့ စိတ်ကိုပြန်ကြည့် ပြီး တရားလွန်မဖြစ်အောင်
၊မခံစားဖြစ်အောင်...မိမိစိတ်ကို စောင့် တည် ရလိမ့် မယ်..။

မိမိဘ၀ကို မိမိပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်..၊ပြီးတော
့မိမိရဲ့ ပျော်ရွှင် စိတ်ချမ်းသာမှု့ ကို မိမိရဲ
့လက်ထဲမှာပဲထားရမယ်..၊တခြားဘယ်သူ့  လက်ထဲမှာမှ

မထားရဘူး မိမိဘ၀ကိုမိမိပဲပိုင်ဆိုင်ရမယ် ..တခြားသူတွေ နဲ့ လည်း
လိုက်ပြီးနှိုင်းယှဉ်မနေရဘူး..။ကိုယ့် ရဲ့ ဘ၀လေးကို ကျေကျေနပ်နပ်နဲ
့.ကိုယ်လိုချင်တာဘာလဲ

ကိုယ်စိတ်ဝင်စားတတ်တာဘာလဲ ၊ကိုယ်ဟာ ဒီလောကကြီးထဲကို ဘာလုပ်ဖို
့ရောက်လာတာလည်း....ဆိုတဲ့ မေးခွန်းတွေကိုမေးရမယ်..။ဒီမေးခွန်းတွေကို
မညှာပဲ...

မညာတမ်းဖြေဆိုနိုင်ဖို့ ကြိုးစားရ မယ်...။ငါ့ ရဲ့ စိတ်ချမ်းသာမှု့ ကို
တခြားဘယ်သူမှ မဖျက်ဆီး နိုင်စေရဘူး လို့  ခိုင်မာတဲ့ 
ဆုံးဖြတ်ချက်ရှိရမယ် ။

တခြားဖြစ်တာပျက်တာမှန်သမျှ ဟာ ကိုယ်နဲ့  မဆိုင်ဘူး။
ကိုယ်ကလည်းဘာဆိုဘာမှ မတတ်နိုင်ဘူး..။ဘာကိုမှလည်းလိုက်ပြီးပြောင်းလဲ
ပစ်လို့  မရ ဘူး ဆိုရင်

ကိုယ်တတ်နိုင်တာ တစ်ခုပဲရှိတယ် ။ အဲဒါကတော့ ကိုယ့် ရဲ့ စိတ်သဘောထားကို
ပြုပြင်ပြောင်းလဲပစ်ဖို့ ပါပဲ ။ မိမိရဲ့ စိတ်သဘောထားကိုတော့  မိမိ
ပိုင်ဆိုင်တာ ပဲ...။

ကိုယ့် လက်ထဲမှာ ရှိတာကိုပဲ ကိုယ်ပြောင်းလဲပစ်၇တော့ မယ်..လေ.. ...

အကောင်းဆုံးစိတ်..၊ အကောင်းဆုံးအတွေးအခေါ်..လေးတွေနဲ့ .
အကောင်းဆုံးနဲ့ အမှန် ဆုံး ..အရိုးအရှင်း ဆုံးစကားလေးကတော့  ကောင်းတာတွေ
လုပ်ရင်
ကောင်းတာတွေ ခံစားရမယ်..တွေးပြီး ကောင်းအောင်ကြိုးစားပြီးနေတတ်ဖို့ ပါ ဘဲလေ...။
ဘ၀မှာ စိတ်ဓာတ်ခွန်အားအမြဲတမ်းရှိစေဖို့ ခွန်အားရှိတဲ့စာပေကိုများများဖတ်ဖို့လိုပါလိမ့်မယ်။


Friday, June 15, 2012

Ganges River (Ganga) Varanasi, India ...

The name of the Ganges is known all throughout the land of India. This river that runs for 1,560 miles ..
The name of the 
Ganges is known 
all throughout the land of India. This river that runs for 1,560 miles from the Himalayas all the way to the Bay of Bengal is more than just flowing water. This river is life, purity, and a goddess to the people of India. The river is Ganga Ma, "Mother Ganges." Her name and her story is known all throughout the land. It is the story of how she poured herself down from heaven upon the ashes of King Sarga's sons. Her waters would raise them up again to dwell in peace in heaven. Not only that, but anyone who touches these purifying waters even today are said to be cleansed of all sins.
As soon as the day begins, devout Hindus begin to give their offerings of flowers or food, throwing handfulls of grain or garlands of marigolds or pink lotuses into the Ganges. Others will float small oil lamps on its surface. Or as stated in "Banaras City of Light" by Diana L. Eck, "they may take up her water and put it back into the river as an offering to the ancestors and the gods" (Eck 212). In cupped hands they will also take the ritual drink of the Ganges and then fill a container to take with them to the temple. On great festivel occasions, Hindus ford the river in boats, shouting "Ganga Mata Ki Jai!" (Victory to Mother Ganga!)
Every morning thousands of Hindus, whether pilgrims or residents, make their way into the holy water of the Ganges. All of them face the rising sun with folded hands mumering prayers. Eck states:

"There are few things on which Hindu India, diverse as it is, might agree. But of the Ganges, India speaks with one voice. The Ganges carries an immense cultural and religious meaning for Hindus of every region and every sectarian persuasion." (214)
The Ganges is a place of death and life. Hindus from all over will bring their dead. Whether a body or just ashes, the waters of the Ganga are needed to reach Pitriloka, the World of the Ancestors. Just as in the myth with King Sargas' 60,000 sons who attained heaven by Ganga pouring down her water upon their ashes, so the same waters of Ganga are needed for the dead in the Hindu belief today. Without this, the dead will exist only in a limbo of suffering, and would be troublesome spirits to those still living on earth. The waters of the Ganges are called amrita, the "nectar of immoratality".


Cremation anywhere along the Ganges is desirable. If that is not possible, then the relatives might later bring the ashes of the deceased to the Ganges. Sometimes, if a family cannot afford firewood for cremation, a half-burned corpse is thrown into the water. A verse from the Mahabharata promises, "If only the bone of a person should touch the water of the Ganges, that person shall dwell, honored, in heaven."
For the living, bathing in the Ganges is just as important. Hindus will travel miles and miles to have their sins washed away in these holy waters. For years Hindus have declared that there is nothing quite as cleansing as the living waters of the River of Heaven. This "pure" water is suppoce to wash their sins away.

The river Ganges draws all kinds of people and life seems to continually be bustling at its side. On the platforms and ghats are barbers cutting and trimming hair, and children flying their kites. You may see young men wrestling, exercising, or in deep meditation. Washermen are beating their clothes on stones at the edge. Multi-colored saris and all sorts of wet clothes are laid out to dry in the sunshine. A boy may be washing his dog while a mother is taking her yelling child into the Ganges for the first time. "Banaras: India's City of Light" by Santha Rama Rau states:

"There are beggars, idlers, vendors, touts, the young, the old, the curious, the remote, the talkers, the guides, the priests, the families simply out for a stroll, the ascetics, the crippled, the woman scrubbing out household pots and pans, the toughs, the gently curious ones. All are there along the Ganges" (Rau 244).
Unfortunately, with all the life the Ganges brings, pollution is also brought. Some of the worst waterborn diseases are dysentery, hepatits, and cholera. Money is being raised by the government and other groups such as the Swatcha Ganga to clean the Ganges. None the less, the Ganges is still the purifying waters for the Hindus of India. As stated in "Travel in India" by Jean Tavernier, "The land where the Ganges does not flow is likened in one hymn to the sky without the sun, a home without a lamp, a Brahmin without a Vedas" (Tavernier 236).

Bibliography:
-Eck, Diana. BANARAS CITY OF LIGHT. New York: Alfred A. Knopf, 1982.
-Rau, Santha. "Banaras: India's City of Light" NATIONAL GEOGRAPHIC. Feb. 1995






Friday, June 8, 2012

ပန်းအလှနှင့် လူ့ဘ၀အလှ..

ပန်းခူးသူသည်ပန်းတို့ကိုအာသာရမ္မက်ြ
ဖင့်ဆွတ်ယူသကဲ့သို့၊ကာမဂုဏ်တို့၏
စုဝေးရာဘ၀၌ အာသာရမ္မက် ငမ်းငမ်းတက်နေသူများကို သေမင်းသည် ဆွတ်ခူးလေ၏။ (ဓမ္မပဒ)
 
ကာမဂုဏ်တို့စုဝေးရာဘ၀ဟူသည် ပန်းသဖွယ်ဖြစ်၏။ ပန်းခူးသူများသည် မရသေးသောပန်းများကိုလည်း အာသာရမ္မက်ဖြင့်ဆွတ်ခူးလေ၏။ 

ခူးပြီးသောပန်းများကိုလည်း မညှိုးနွမ်းအောင် ထိန်းသိမ်း၏။
ညှိုးနွမ်းသွားသောပန်းများကိုမူစွန့်ပစ်ပြီး နောက်ထပ်ပန်းများကိုခူးပြန်၏။
ဤသည်မှာခူးသူတို့၏ဓမ္မတာဖြစ်၏။ပန်းခူးသူသည်မိမိခူးသောပန်းများကို မိမိအတွက်အလှဆင်ရန်ခူးသည်လည်းရှိ၏။ဘုရားတင်ရန်ခူးသည်လည်းရှိ၏။ ရောင်းဖို့ရန်
ခူးသည်လည်းရှိ၏။အခမ်းအနား၌အလှဆင်ရန်ခူးသည်လည်းရှိ၏။အမှန်အားဖြင့်ပန်းခူးသူသည် ပန်းများကိုသူ၏ ဆန္ဒအတိုင်း အသုံးချချင်သလို အသုံးချလေ၏။
လူ့ဘ၀ဟူသည်မှာလည်း ပန်းများသဖွယ်ဖြစ်ပါ၏။ ပန်းများလှသလို လူ့ဘ၀သည်လှပါ၏။ ပန်းများမွှေးသလို လူ့ဘ၀မွှေးပါ၏။လှသော၊ မွှေးသော ပန်းများကို ပန်းခူးသူကခူးပြီး အသုံးချချင်သလိုချ၏။ ထိုနည်းအတူ လှသော၊ မွှေးသော လူ့ဘ၀ကို သေမင်းကခူးပြီး သူအသုံးချချင်သလိုချလေ၏။လှသော၊ မွှေးသောပန်းများကို လောက၌ထိုက်ထိုက်တန်တန် အသုံးချ၍ရသလိုလှသော၊ မွှေးသောလူ့ဘ၀များကိုလည်း လောက၌ ထိုက်ထိုက်တန်တန် အသုံးချ၍ရပါ၏။ပန်းများကိုဘုရားတင်၍ပူဇော်သလိုမိမိတို့၏ဘ၀ကိုလည်း လောကအတွက်ပူဇော်နိုင်ပါ၏။ ဘုရားတင်၍ပူဇော်ခြင်းဖြင့်ပန်းများကိုထိုက်ထိုက်တန်တန်အသုံးချသလိုလောကအတွက်ပူဇော်ခြင်းဖြင့် မိမိတို့၏ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးချ၍ရပါ၏။ ပန်းအလှနှင့် လူ့ဘ၀အလှကို မည်သို့အသုံးချမည်နည်း။ ပန်း၏အလှသည် ပန်းအတွက်လည်းဖြစ်၏။ ဥယျာဉ်မှူးအတွက်လည်းဖြစ်၏။ လောကအတွက်လည်းဖြစ်၏။ထိုနည်းအတူ လူ့ဘ၀၏အလှသည်မိမိအတွက်လည်းဖြစ်၏။ နိုင်ငံတော်အတွက်လည်း ဖြစ်၏။ လောကအတွက်လည်းဖြစ်၏။
ရတနသုတ်ပရိတ်တရားတော်၌ မြတ်စွာဘုရားက --
၁။ လောကတ္ထစရိယ- လောကအကျိုးအတွက်
၂။ ဥာတတ္ထစရိယ- ဆွေမျိုးဥာတကာတို့အတွက်
၃။ ဗုဒ္ဓတ္ထစရိယ - မိမိကိုယ်ကျိုးအတွက် ဟူ၍အသုံးချရန် စရိယာအနေဖြင့် ဟောကြားတော်မူခဲ့၏။
လောကတွင်”မြင့်မြတ်သူ”ဟူသမျှသည်မိမိတို့ဘ၀၏အလှကိုရတနသုတ်တော်လာ မြတ်စွာဘုရား ဟောကြားတော်မူထား
သည့်အတိုင်းအသုံးချသည်ချည်းဖြစ်၏။မိမိတို့ဘ၀အလှကိုထိုကဲ့သို့အသုံးမချသရွေ့ကာလပတ်လုံး မိမိကိုယ်ကိုမိမိကဘယ်လောက်ပင် တော်သည်ဟုထင်ထင်လူဖြစ်စေ၊နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူမဆိုအညံ့ချည်းသာဖြစ်၏။အမှန်အားဖြင့်မိမိတို့၏ဘ၀အလှကို မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း အသုံးချနိုင်မှသာ”ဗုဒ္ဓဘာသာဝင်”စစ်စစ်ဖြစ်မည်ဖြစ်၏။ထိုသို့မဟုတ်ပါကဗုဒ္ဓဘာသာဝင်အတုသာဖြစ်လိမ့်မည်။ ဤသည်မှာ အထက်ပါဆိုအပ်ပြီးဂါထာ၏ ဆိုလိုရင်းပင်ဖြစ်ပါ၏။
အကိုး( ဆရာကြီးဦးရွှေအောင် ဓမ္မပဒ နှင့် ရတနသုတ်ပရိတ်တော် )စာအုပ်တို့မှထုတ်နုတ်တင်ပြပါသည်။

Monday, June 4, 2012

သာသနာကိုတကယ်ကြည်ညိုရဲ့လား...?


ဒကာတစ်ယောက်က ဆရာတော်တစ်ပါးကိုလျှောက်တယ် “ဆရာတော်ဘုရား ဘုန်းကြီးတွေဟာ

 နေရာတကာပါတယ်
 ဘောလုံးပွဲဆိုရင်လည်း ဘုန်းကြီးတွေ၊ ရုပ်ရှင်ရုံမှာလည်း ဘုန်းကြီးတွေပဲ၊ ယုတ်စွ အဆုံး ချင်းတွင်းမြစ်ရေကြီးလို့ လာကြည့်ရင်တောင် ဘုန်းကြီးတွေများတယ်ဘုရား”အဲ့ဒီနောက် ဆရာတော်ကြီးက“ဟဲ့ ဒကာ မင်းသာသနာကို တကယ်ကြည်ညိုရဲ့လား”“မှန်လှပါ တကယ်ကြည်ညိုပါတယ်ဘုရား”
“အေ မင်းသာသနာကို တကယ်ကြည်ညိုရင် အဲ့ဒီဘုန်းကြီးတွေ မင်းတွေ့တဲ့နေရာမှာ ရှိခိုးလိုက်'ဆရာတော်ကြီးမိန့်တဲ့အတိုင်း ဒကာကြီးက ဘုန်းကြီးတွေကို ဘယ်နေရာမှာတွ့တွေ့ တွေ့ တဲ့ နေရာမှာ ထိုင်ပြီးရှိခိုးလိုက်တာ နောက်ပိုင်း ဘုန်းကြီးတွေက အဲ့ဒီဒကာကြီးနဲ့ တွေ့ရင် ငါတို့ကိုကြည်ညိုတဲ့ ဒကာကြီးလာနေပြီဆိုပြီး အနေ အထိုင်တွေအသွားအလာတွေ ဆင်ခြင်တော့တယ်တဲ့။
ဒီအတိုင်းပါဘဲ ကိုယ်က သာသနာကို တကယ်ကြည်ညိုတယ်ဆိုရင် သာသနာတွင်းမှာနေထိုင်တဲ့ ရဟန်းသံဃာတွေကိုလည်းကြည်ညိုတတ်ရမယ်။ “ဘုန်းကြီးတွေက သူများတွေကိုသာ ဟောပြောနေတာပါ သူတို့ကိုယ်တိုင်ကြတော့ မကျင့်နိုင်ကြပါဘူး” လို့ အပြစ်မြင်သမားတချို့ရဲ့ ပြောတဲ့စကား ။
ကျင့်တာမကျင့်တာ အသာထား လူတွေရဲ့လှူဒါန်းမှုကို လက္ခံရယူထားသော ရဟန်းသံဃာများမှာ တဖန်ဒကာဒကာမများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် တရားဓမ္မများဟောကြား ဆုံးမပေးရမည်မှာ ရဟန်းသံဃာတော်တွေရဲ့ တာဝန်ပင်ဖြစ်ပါသည်။တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ငါ့တို့လူတွေ ခါးဝတ်ပုဆိုးလို မြဲမြန်စွာ စောင့်ထိမ်းရမည့် ငါးပါးသီလလေးပင် စောင့်ထိမ်းဖို့ခက်ရင် ငါးပါးသီလထက် အဆပေါင်းများစွာသာလွန်သော အကျဉ်း (၂၂၇)နှစ်ရာ့နှစ်ဆယ်ခွန်နစ်သွယ်၊အကျယ် ကုဋေကိုးထောင်ကျော်သော သိက္ခာပုဒ်တွေကိုစောင့်ထိမ်းနေသော ပုထုဇဉ်ရဟန်းတွေဟာလည်း သိက္ခာပုဒ် တစ်ပုဒ်တစ်လေ ကျူးလွန်ကောင်း ကျူးလွန်မိမယ် ဆိုတဲ့အတွေးလေးဝင်ပြီး ခွင့်လွတ်တတ်နိုင်ရင် သာသနာကိုစောင့်ထိမ်းတဲ့ ရဟန်းသံဃာတွေကို ပြစ်မှားရာ မရောက်တော့ဘူးပေါ့။
သံဃာတော်တွေကျင့်ဆောင်ရမည့် သိက္ခာပုဒ်တွေဟာလည်း ကုစားလို့ရသောသိက္ခာပုဒ်၊ ကုစားလို့မရဘဲ သာသနာတော်ကနေ လျှောကျနိုင်သောသိက္ခာပုဒ်ဆိုပြီး (၂)မျိုးရှိပါသည်။
သံဃာဒိသိသ် ၊ ပါစိတ် ၊ ဒုက္ကဋ်စသော အာပါတ်ကိုသင့်စေနိုင်သော သိက္ခာပုဒ်များသည် ကုစားလို့ရနိုင်ပြီး၊ ပါရာဇိကလို သိက္ခာပုဒ်ကျတော့ ကုစားလို့မရပဲ သာသနာတော်ကနေ လျှောကျပြီးသားဖြစ်တော့သည်။
ကုစားလို့မရနိုင်သော သိက္ခာပုဒ်(၄)ပုဒ် ဆိုတဲ့
(၁) မေထုနဓမ္မသိက္ခာပဒ-
ရဟန်းတော်များသည် မာတုဂါမများအပေါ်၌ မေထုန်မမှီဝဲကောင်း၊ ယုတ်စွအဆုံး တိရစ္ဆာန်မဖြစ်သော မြွေမ၊ ငါးမ၊ ကြောင်မတို့၌ပင် မေထုန်အမှုကိုမပြုကောင်း၊ တကယ်ပြုကျင်မိပါက ရဟန်းမဟုတ်တော့ပါ။
(၂) အဒိန္နဒါနသိက္ခာပုဒ်-
ရဟန်းတော်များသည် တစ်မတ်တစ်မတ်ထက်တန်သော လူဇာတ်ရှိသောသူ၏ဥစ္စာကို မခိုးကောင်း။ ယုတ်စွအဆုံး မြက်၊ ၀ါးခြမ်းစိပ်မျှပင်မခိုးကောင်း၊ ခိုးမိပါက ရဟန်းမဟုတ်တော့ပါ။
(၃) မနုဿဝိဂ္ဂဟသိက္ခာပုဒ်-
ရဟန်းတော်များသည် လူဇာတ်ရှိသောသူရဲ့ အသက်ကိုမသတ်ကောင်းပါ၊ ယုတ်စွအဆုံး ကိုယ်ဝန်ကျဆေးများ ကိုပင်မပေးကောင်း၊ ၄င်းသိက္ခာပုဒ်ကို ကျူးလွန်မိပါကလည်း ရဟန်းမဟုတ်တော့ပါ။
(၄) ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်-
မိမိမှာ ဈာန်မဂ်ဖိုလ်မရှိပါဘဲ လူအများအထင်ကြီးလာအောင် ဈာန်မဂ်ဖိုလ်တရားတွေ ရရှိပြောသောရဟန်းသည် ရဟန်းမဟုတ်တာ့၊ ယုတ်စွအဆုံး ဆိတ်ငြိမ်ရာအရပ်၌သာပျော်သည်ဟုပင်မပြောကောင်း။
၎င်းသိက္ခာပုဒ်လေးပါးကို ပါရာဇိကသိက္ခာပုဒ် သာသနာတော်မှလျှောကျစေနိုင်သောသိက္ခာပုဒ်များဟု ခေါ်ပါသည်။ ပါရာဇိကသိက္ခာပုဒ်လေးပါးလုံးကို ကျူးလွန်မှ ရဟန်းအဖြစ်ကို ဆုံးရှုံးသည်မဟုတ် သိက္ခာပုဒ် တစ်ခုကို လွန်ကျူးလိုက်သည်နှင့်ပင် ရဟန်းမဟုတ်တော့ပေ၊ ဒီဘ၀မှာလည်း နောက်ထပ်တစ်ဖန် ရဟန်းဝတ်ဖို့ အခွင့်အရေးမရရှိနိုင်တော့ပါ။
ပါရာဇိကသိက္ခာပုဒ်များကို မကျူးလွန်သေးသမျှ ရဟန်းသိက္ခာကိုယ်မှာတည်ပြီး သာကီနွယ်ဘွား ဘုရားသားတော်အစစ် ရဟန်းပင်ဖြစ်သည်။ ထိုရဟန်းသံဃာတော်များကို ကာယကံ၊ ၀စီကံ၊ မနောကံ တစ်ပါးပါးဖြင့်ကျူးလွန်မိလျှင် မျက်မှောက်လောကမှာ အဆင်းရူပကာယ မွဲခြောက်ပိန်လီကာ လူမွှေး လူရောင် မတောက်ပြောင်ဘဲရှိတတ်ခြင်း၊သေလွန်ပြီးတဲ့နောက် နောင်သံသရာများစွာမှာလည်းဘဲ အပါယ်လေးဘုံမှာ ကျရောက်ပြီး ဒုက္ခများစွာကို ခံစားရတတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ဒုလ္လဘရဟန်း (၄)ရက် ၀တ်သွားပြီး မိမိမြင်တွေ့ခဲ့ရသော အချို့သောရဟန်းတော်များ၏ အပြစ်များကို ပုံကြီးချဲ့ကာ face book စာမျက်နှာမှာ အိန္ဒိယနိုင်ငံရောက် ရဟန်းတော်များ၏ အပြစ်များကို ရေးထား တာတွေ့လိုက်ရ၍ သာသနာအတွက်ရော ရေးသူအတွက်ပါ အတော်လေးစိတ်မကောင်းဖြစ်မိပါသည်။
(၄)ရက်တာ ဒုလ္လဘရဟန်းဝတ်ပြီး စားပြီးအိပ်ကာ နေလိုက်ရုံမျှဖြင့်ပင် သူ့ ကိုယ်သူ တစ်မဂ်တစ်ဖိုလ် ရနေပြီဟု ထင်နေသလားမသိ၊ မိမိတင်လိုက်သည့် စာတစ်ပုဒ်ကြောင့် မိမိအပါဝင် သာသနာတစ်ခုလုံး သိက္ခာကျသွားနိုင်သည်ကို ထိုသူ မတွေးမိဘူးထင်သည်။
လူဆိုတာ ကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူဆိုတာလည်းရှိကြတာပါပဲ၊ ကောင်းကွက်ကလေးကို မြင်ပြီးကြည့်ရှူပါက ခွင့်မလွတ်နိုင်စရာအကြောင်းမရှိပါ။ ကောင်းတာကိုဘေးဖယ်ပြီးမကောင်းတာကိုသာရှာပြီး ရေးသားသွားသောထိုပုဂ္ဂိုလ်သည် အဆိုးမြင်ဝါဒသမားသာဖြစ်နိုင်ပါသည်။ရေးသားထားရာမှာလည်းမှာလည်း အိန္ဒိယသံဃာများကို ထင်ရောင်ထင်မှားဖြစ်အောင် ရေးသားထားသည်ကိုတွေ့ရပါသည်။ အပြုသဘောဟုဆိုသော်လည်း အပြစ်တွေသာရေးသွားသည်။ အပြုသဘောဆိုရင်လည်း ဖုန်းဆက်လို့ပဲဖြစ်ဖြစ်ထိုရဟန်းတွေထံသို့စာရေးလိုပင်ဖြစ်စေ ကျောင်းထိုင်ဆရာတော်ကို ဆုံးမပေးရန် လျှောက်ထား၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ပုဂ္ဂိုလ်တစ်ပါးကို စော်ကားတာထက် သံဃာအများကို ၀ါးလုံးရှည်ဖြင့်ရမ်းသိမ်းပြီးစော်ကားသွားတာပိုပြီးအပြစ်ကြီးလှပါသည်။
အဆိုဘက်ကကြည့်လျှင် မြင်မြင်သမျှအားလုံးဟာ ဘာတစ်ခုမှ မကောင်းပါဘဲ အားလုံးအဆိုးကိုသာမြင် နေမှာပါ။ သိကြားမင်းကြီး နွားရောင်ဖန်ဆင်းပြတာတောင် ချိုကားတယ် နားရွက်ကုတ်တယ်ဆိုတဲ့လူတောင်ရှိ သေးတာကို၊ ဘယ်အရာဖြစ်ဖြစ် ကောင်းကွက်ကကြည့်ရင် အပြစ်ဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ များသောအားဖြင့် လူတွေဟာ အကောင်းမြင်ဝါဒထက် အဆိုးမြင်ဝါဒတွေသာ များနေသောကြောင့်လူသားအများစုတို့ ဟာတိုးတက်သင့်သလောက်မတိုးတက်ဘဲဖြစ်နေတာပါ။ အပြစ်ကိုထောက်ပြခြင်းထက် အပြစ်ရှာသူတွေသာများလှပါသည်။
မြတ်စွာဘုရားရှင်ကလည်း “အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ချီးမွမ်းထိုက်သူကို ကဲ့ရဲ့၏၊ထိုလူမိုက်သည် နှုတ်ဖြင့်အကုသိုလ်အပြစ်ကိုဆည်းပူးစုဆောင်းနေ၏ထိုအကုသိုလ်အပြစ်ကြောင့် ကိုယ်စိတ် နှစ်ဖြာချမ်းသာခြင်းကိုမရနိုင်”ဟုသံယုတ္တနိကာယ်၊သဂါထာဝဂ်၊တုရူဗြဟ္မသုတ်မှာ မိန့်ထားခဲ့ပါသည်။ဗုဒ္ဓသာသနာ့တော်မှာသာသနာတော်ကြီးကိုခုတုံးလုပ်ပြီးချဲဂဏာန်းပေး၊ ဗေဒင်ဟော၊ ဆေးကုခြင်းဖြင့် စီးပွါးရှာနေသော ၀ိသမလောဘသားများရှိသလို ကိုယ့်ဆွမ်းကိုယ်ခံစားပြီး စာချကာ သာသနာပြုနေသော ရဟန်းသံဃာတော်တွေလည်း အများကြီးရှိပါသေးသည်။
ရဟန်းကျင့်ဝတ်တွေဟာ မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက ပညတ်တော်မူသော သိက္ခာပုဒ်များဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတောင် ကျူးလွန်သူတွေ ရှိနေသေးရင် တိုးတက်နေသော ယနေ့ခေတ်ကြီးမှာဆန့်ကျင်ဘက်လောကီအာရုံတွေနှင့် တွေ့မြင်ဆက်ဆံနေရသော ခေတ်သစ်ရဟန်းတွေမှာ ပိုပြီးရှိနိုင်တာပေါ့ ဒီလိုအတွေးမျိုးလေးနဲ့ မြင်တတ်ကြည့်တတ်မယ်ဆိုရင် မိမိမှာ အပြစ်ဖြစ်နိုင်စရာအကြောင်း မရှိတော့ပါ။မြတ်စွာဘုရားရှင်တည်ထားတော်မူခဲ့သော သာသနာတော်ကြီးဟာ ၂၆၀၀ပြည့်သွားခဲ့ပါပြီ။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သာသနာတော် နှစ်ထောင်ကျော်ရင်ဖြစ်ပျက်နိုင်သောအကြောင်းကို ကောသလအိပ်မက် (၁၆)ချက်မှာ အတိအလင်း ရှင်းလင်းပြတ်သားစွာ ဟောထားပြီးဖြစ်သည်။
ယနေ့ အချိန်အခါမှာ မြန်မာတွေအဖို့ ရဟန်းသံဃာတွေကို ကိုးကွယ်လှူဒါန်းခွင့်ရတာ အင်မတန်မှ ကံကောင်းလှပါသေးသည်။ နောင်တစ်ချိန် သာသနာကွယ်ခါနီးမှာ သင်္ကန်းစလေးလက်မှာပတ်၊ နားမှာစည်းထားသူများကို ရဟန်းသံဃာအဖြစ် ကိုးကွယ်ရမည့်အချိန်ကို ဧကန်မုချ ရောက်ရပါဦးမည်။
မြတ်စွာဘုရားရှင် သာသနာတော်ကြီးအုတ်မြစ်ချခဲ့သော အိန္ဒိယနိုင်ငံကြီးမှာပင် သာသနာကွယ်ခဲ့ခြင်းကို ကြည့်ပြီး ငါ့တို့တတွေဟာလည်း တစ်ယောက်အပြစ် တစ်ယောက်မြင်နေပါက အိန္ဒိယနိုင်ငံကြီးလို သစ်ပင် တော တောင်၊ တိရိစ္ဆာန်၊ ယောက်ျားအင်္ဂါစပ် အစရှိတာကို ကိုးကွယ်ရသော မိစ္ဆာဝါဒီများဖြစ်နိုင်သည်ကို အတွေး ၀င်မိစေချင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရဟန်းတော်များကိုတွေ့ပါက လာလကီးဝါရ(မိန်းမ)ဆိုပြီး လိုက်လိုက် စကြပါသည်။ သူတို့အမြင်မှာတော့ သင်္ကန်းကို တန်ဖိုးထားရမှန်းမသိပါ။ ကုလားမများဝတ်ဆင်သော ဆာရီကဲ့သို့ မှတ်ထင်ပြီး လိုက်စနေကြခြင်းဖြစ်သည်။မိမိရဲ့စကား တစ်ခွန်း စာတစ်ကြောင်းကြောင့် အန္တရာယ်ပေါင်းများစွာနှင့် အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေသော ရဟန်းတော်များကို ကူညီရာမရောက်ဘဲအနှောက်အယှက် ပေးသလိုမဖြစ်စေသင့်ပါဘူး။တစ်ချိန်က စောင့်ရှောက်သူမဲ့သော မြန်မာပိုင်ကျောင်းများ ယခုခါမှာအိန္ဒိယလူမျိုးများပိုင်ဆိုင်နေကြပါပြီ။ထိုအဖြစ်မျိုးမကြုံရအောင် မြန်မာရဟန်းတော်များ လက်ရှိပိုင်ဆိုင်မှုများကို စောင့်ရှောက်နေကြခြင်းဖြစ်ပါသည်။
ဗုဒ္ဓထားခဲသောသာသနာကို စောင့်ထိမ်းသူမရှိရင်သူတော်ကောင်းတရားတွေဟာကွယ်ပျောက်သွား ကြရမှာပါ။ဒါတွေမကွယ်ပျောက်အောင်ရဟန်းသံဃာတွေကထိမ်းသိမ်းစောင့်ရှောက်နေရတာပါ။ သူတော် ကောင်းတရား (ပဉ္စ၀ိဓအန္တရဓာန)ကွယ်ပျောက်ခြင်းငါးပါးကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှာပြဆိုထားပါသည်။“သူတော်ကောင်းတရားငါးပါးကွယ်ပျောက်ပုံ”
(၁) အဓိဂမ အန္တရဓာန-
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး ဆိုတဲ့ ဤတရားတွေ ကွယ်ပျောက်သွားတာကို အဓိဂမ အန္တရဓာန ဟုခေါ်ပါသည်။
(၂) ပဋိပတ္တိ အန္တရဓာန-
ရဟန်းတော်များကျင့်ကြံရမည့် အကျင့်သီလ၊ လူတွေကျင့်ကြံရမည့် အကျင့်သီလစသည်ဖြင့် အကျင့် ပဋိပတ်သီလတွေကွယ်ပျောက်သွားတာကို ပဋိပတ္တိ အန္တရဓာန လို့ခေါ်ပါသည်။
(၃) လိင်္ဂ အန္တရဓာန-
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး မှေးမှိန်သွားတဲ့အခါ သင်္ကန်းအရောင် အ၀တ်ကလေးကို လည်ပင်းမှာ ပတ်ထားရုံ၊ ဆံထိုးမှာပတ်ထားရုံမျှ မရှိကြတော့ဘဲ ရဟန်းတော်များရဲ့အသွင်အပြင်ကွယ်ပျောက်၍ သွားတာကိုပင် လိင်္ဂ အန္တရဓာန ဟုခေါ်ဆိုရပါသည်။
(၄) ဓာတု အန္တရဓာန-
မြတ်စွာဘုရားသာသနာ သက်တမ်းကုန်တဲ့အခါ မြတ်စွာဘုရား၏ သရီရဓာတ်တော်များဟာ ဘုရား ဖြစ်တော်မူတဲ့ ဗောဓိမဏ္ဍိုင်မှာ စုရုံးပြီးလျှင် တေဇောဓာတ်တွေလောင်ကျွမ်းလျက် ဓာတုပရိနိဗ္ဗာန်စံတော်မူပြီးသကလ ဓာတ်တော်အားလုံး ကွယ်ပျောက်သွားတာကိုပင် ဓာတု အန္တရဓာန ဟုခေါ်ဆိုရပါသည်။
(၅) ပရိယတ္တိ အန္တရဓာန-
ပရိယတ်တရားများ ကွယ်ပျောက်သွားတာကိုပင် ပရိယတ္တိ အန္တရဓာန ဟုခေါ်ရပါသည်။ စောင့်ထိမ်းသူ စောင့်ရှောက်သူမရှိတဲ့တနေ့ သာသနာတော်ကြီးဟာကွယ်ပျောက်သွားရပါလိမ့်မည်။ သာသနာတော်ကြီး မကွယ်ပျောက်ရအောင်စောင့်ထိမ်းနေကြသော ရဟန်းတော်များမှာ တာဝန်ရှိသလို ဒါယကာ ဒါယိကာမတွေမှာလည်း တာဝန်ရှိပါသည်။
အပြစ်တွေသာ လိုက်မြင်နေကြမယ်ဆိုရင် အတွေးလေးတစ်ချက်ဝင်လိုက်ပါ ငါကိုယ်တိုင်ကတောင် ကောင်းလို့လား၊ ငါတောင်လူတွေစောင့်ထိမ်းရမည့် ငါးပါးသီလတောင်မလုံနိုင်သေးတာ၊ ကိုးကွယ်ရမည့်တာဝန်က ငါတို့တာဝန် သူအပြစ်လုပ်တာက သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်ဆိုတဲ့ အတွေးလေးဝင်ပြီး အကောင်းမြင်ဝါဒကနေ ကြည့်လိုက်ပါက မိမိမှာအပြစ်ဖြစ်စရာအကြောင်းမရှိတော့ပေ။
“တကယ်ချစ်ရင်”မိမိကိုယ်ကိုချစ်တယ်ဆိုရင် ဘယ်လိုချစ်ရမည်။ အရွယ်သုံးပါး တစ်ပါးပါးမှာ တရားရအောင်ကျင့်ကြံရမည်။ မိမိ ကိုယ်ကို ချစ်တယ်ဆိုရင် ဒီလိုချစ်ရမည်။ မိမိကိုးကွယ်ဆည်းကပ်သော သာသနာကို ဘယ်လိုချစ်ရမည်။ မိမိအတွက်ကြောင့် ဂုဏ်မပျက်စေရ ဂုဏ်သာတက်စေရမည်။ မိမိကိုးကွယ်ဆည်းကပ်သော သာသနာကို ဒီလိုချစ်ရမည်။(မုံရွာပဇ္ဇောတာရုံဆရာတော်)ဒါကြောင့်သာသနာတွင်းမှာ နေထိုင်ကြကုန်သော ပုဂ္ဂိုလ်တို့သည်လည်း မိမိအတွက်ကြောင့် ဂုဏ်မတက်စေနိုင်တောင်မှ၊မိမိအတွက်ကြောင့် ဂုဏ်မပျက်အောင်နေထိုင်နိုင်တယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို ချစ်ရာရောက်ပါတော့သည်။
(ကိုယ်က မကြည်ညိုနိုင်သော်နေ သံဃာ့ကံကြီးကိုမပြစ်မှားမိစေနဲ့)
အပြုသဘောဖြင့်
နန္ဒလျန်(မိုးညှင်း)(4/6/2012)

Friday, June 1, 2012

အဆင်းသာရှိ၍အနံ့မရှိသောပန်းနှင့်အလှတရားသာရှိ၍အနှစ်မရှိသောလူ


အနံ့မရှိသော်လည်း အဆင်းရှိသောကြောင့်

 နှစ်သက်ဖွယ်ကောင်းသောပန်းသည် မမြတ်နိုး အကျိုးမရှိသကဲ့သို.၊အနံ့လည်းရှိ အဆင်းလည်းရှိသဖြင့် နှစ်သက်
ဖွယ်ကောင်းသောပန်းသည်
 နှစ်သက်မြတ်နိုး တန်ဖိုးရှိ၏။(ဓမ္မပဒ)
ပန်းဟူသည် လှမြဲဖြစ်၏။ သို့ရာတွင် မွှေးချင်မှ မွှေးမည်။ အမှန်အားဖြင့်ပန်းတိုင်းလှ၏။
သို့ရာတွင်ပန်းတိုင်းမမွှေး။အရာဝတ္ထုတိုင်းတွင် မူရင်းတန်ဖိုးနှင့်အခြံအရံ တန်ဖိုးဟူ၍နှစ်မျိုးရှိ၏။မူရင်းတန်ဖိုးသည် အရာဝတ္ထုပြည့်စုံမှု(ဥပဓိသမ်ပတ္တိ္တ)၌တည်၏။ 

အခြံရံတန်ဖိုးသည်အချိန်အခါပြည့်စုံမှု(ကာလသမ်ပတ္တိ)၊အခြေနေပြည့်စုံမှု(ဒေသသမ်ပတ္တိ
၊အသုံးချပြည့်စုံမှု (ပယောဂသမ်ပတ္တိ) တို့၌ တည်ရှိ၏။ သို့ဖြစ်လေရာ မူရင်းတန်ဖိုးသည်
အခြံရံတန်ဖိုးများအပေါ်၌ များစွာမှီ၏။ ဆိုတော့...ယောက်ကျားလေးဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ကိုယ်စီအလှတရားတွေပိုင်ဆိုင်ထားကြပါ၏။ သို့သော် ..အများသတ်မှတ်ပေးတဲ့အလှတရားဖြစ်ချင်မှဖြစ်မည်။ကိုယ်စီပိုင်ဆိုင်ထားတဲ့အလှတရား
သည် အချိန်အခါ ၊ အခြေအနေ၊ အသုံးချတတ်မှု မရှိရင်တော့ ပန်းလိုလှပါသော်လည်း မမွှေးသောပန်းလိုဘဲဖြစ်လိမ့်မည်။ မူရင်းတန်ဖိုးနှင့် အချိန်အခါ၊ အခြေအနေ၊ အသုံးချတတ်မှုပြည့်စုံနိုင်ရင်တော့အများကသတ်မှတ်ပေးတဲ့ အလှပိုင်ရှင်လည်းဖြစ်သလို 

အနံ့လည်းရှိ၊အဆင်းလည်းရှိသဖြင့်နှစ်သက်ဖွယ်ကောင်းသောပန်းအလှမျိုးဖြစ်ပေလိမ့်မည်။
ငွေတစ်ကျပ်သည်မူရင်းတန်ဖိုးအနေဖြင့်တစ်ကျပ်သာဖြစ်၏။သို့ရာတွင်ခရီးစရိတ်မရှိချိန်၌ ငွေတစ်ကျပ်နှင့် သာမန်အချိန်၌ငွေတစ်ကျပ်သည် တစ်ကျပ်ခြင်းတူသော်လည်း ကာလကိုလိုက်၍ တန်ဖိုးချက်း ခြားနား၏။ သူတော်စင်အားထောက်ပံ့ရသောငွေတစ်ကျပ်နှင့် သူယုတ်မာအားထောက်ပံ့ရသောငွေတစ်ကျပ်သည်တစ်ကျပ်ချင်းတူသော်လည်း ဒေသကိုလိုက်၍ တန်ဖိုးချင်းခြားနား၏။လှူဒါန်းဖို့ပေးရသောငွေတစ်ကျပ်နှင့် လောင်းကစားဖို့ ပေးရသောငွေတစ်ကျပ်သည် ပယောဂကိုလိုက်၍တန်ဖိုးချင်းခြားနား၏။ 


ကောင်းစွာဟောကြားတော်မူထားသော ပိဋကတ်သုံးပုံသည် ရိုသေစွာမသင်ကြား၊ ရိုသေစွာမကျင့်ကြံသူအား အကျိုးမရှိ။
ကောင်းစွာဟောကြားတော်မူထားသော ပိဋကတ်သုံးပုံသည် ရိုသေစွာသင်ယူ၊ 

ရိုသေစွာကျင့်ကြံသူအား အကျိုးရှိ၏။(ဓမ္မပဒ)
 

ထို့အတူ မြတ်စွာဘုရားဟောကြားတော်မူထားသောပိဋကတ်သုံးကို သင်ယူဆည်းပူးလေ့လာနေသူဟူသမျှတို့သည် လု နတ် နိဗ်ဗာန်
သုံးတန်သောချမ်းသာကိုရနိုင်သည်မှန်သော်လည်း သင်ယူမှုမမှန်ကန်သောအခါ လု နတ် နိဗ်ဗာန် သုံးတန်သောချမ်းသာကို ရချင်မှသာရ၏။မိမိ၏ပိဋကတ် တတ်မြောက်မှုကို အကြောင်းပြု၍ ဒေါသမာန်မာနများပွားစီးပါကမိမိ၏အကျိုးမဲ့ကိုပင် ဖြစ်စေနိုင်၏။ဤကဲ့သို့သောသင်ယူမှုကို အလဂဒ္ဒူပမာသင်ယူမှုဟူ၍ကျမ်းဂန်များ၌ဆိုထားပါသည်။အလဂဒ္ဒူပမာဟူသည်မှာ မြွေဖမ်းဥပမာဖြစ်၏။ မြွေကိုမဖမ်းတတ်သောအခါ ဖမ်းသူကို မြွေက ပြန်ကိုက်သည့် သဘောမျိုးဖြစ်၏။ ပိဋကတ်သုံးပုံကို သင်ယူသောအခါ သင်ယူမှုမှန်ကန်ပါမှပိဋကတ်သုံးပုံကသင်ယူသူအားလူနတ်နိဗ်ဗာန်သုံးတန်သောချမ်းသာကိုပေး၏။ ဤသို့သောသင်ယူမှုကို သံသရာမှလွတ်ရာ လွတ်ကြောင်း အကျိုးကိုရရှိရန်အတွက် သင်ယူမှုဟူ၍ ကျမ်းကန်များ၌ဆိုပါသည်။ ထို့ကြောင့်ပိဋကတ်သုံးပုံကို သင်ယူသောအခါ သင်ယူမှုမှန်ကန်ပါမှသူတော်ကောင်းဖြစ်နိုင်၏။သင်ယူမှုမမှန်ကန်ပါကသူတော်ကောင်းမဖြစ်နိုင်ချေ။ ထို့ကြောင် ပိဋကတ်စာပေ ပညာရှင်တိုင်း သူတော်ကောင်းဖြစ်နိုင်သည်ဟုယုံကြည်၍မရ။ အခြားသောစာပေပညာရှင်များသည်လည်းထို့အတူပင်ဖြစ်၏။ပိဋကတ်စာပညာရှင်များပင် သင်ယူမှုမမှန်ကန်ပါကသူတော်ကောင်းမဖြစ်နိုင်ပါလျှင်အခြားစာပေပညာရှင်များကားဆိုဖွယ်ရာမရှိတော့။ သင်ယူမှုမမှန်ကန်ပါက သူတော်ကောင်းမဖြစ်နိုင်သည်သာ ဖြစ်၏။ တစ်နည်းဆိုရသော် စာပေတော့တတ်ပါရဲ့အသိကင်းမဲ့၍အနှစ်မရှိသောလူသားစာပေတတ်မှုသာဖြစ်ပါလိမ့်မည်။ ထို့ကြောင့်အရာဝတ္ထုတစ်ခုခုနှင့်ပတ်သက်၍ စဉ်းစားသောအခါ ယင်းအရာဝတ္ထု၏ မူရင်းတန်ဖိုးအပြင် အခြံအရံ တန်ဖိုးများကိုပါ ထည့်သွင်း၍ စဉ်စားရသည်။ အခြံအရံတန်ဖိုးများတွင် ကာလသဘောလည်းပါ၏။ ဒေသသဘောလည်း
ပါ၏။ ပယောဂသဘောလည်းပါ၏။ ထို့ကြောင့် ပညာရှင်များသည် ”ကာလ ဒေသ မသိမူ လူမိုက်ဟူ၏” ဟူ၍ဆိုစမှတ်ရှိခဲ့ကြသည်။ (ကျမ်းကိုး - ဦးရွှေအောင် ဓမ္မပဒနှင့်ပါရာဇိကဏ်အဌကထာ)




Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488