တစ်ခါကဘုန်းကြီးကျောင်းတစ်ကျောင်းကို ဒကာတစ်ယောက်ရောက်လာပါတယ်။ ရောက်လာပြီးတော့
‘’တစ်ချို့ဦးဇင်းတွေ ကိုရင်တွေဟာ ဘောလုံးကန်တယ် ခြင်းခပ်တယ်
ဗွီဒီယိုတွေကြည့်တယ်ဘုရား ဒါကြောင့်
အဲဒီရဟန်ုးမျိုးသာသနာမှာမရှိသင့်ဘူး။ လူထွက်ခိုင်းသင့်တယ်။
ဒဏ်ပေးသင့်တယ်ဘုရား” ဆိုပြီးလျှောက်ထားတယ်။
ဒီတော့ဘုန်းကြီးကပြန်မေးပါတယ်။ ‘’ဒကာတော်၊ သစ်ပင်မှာ
အကာကအရေးကြီးလား။ အနှစ်ကအရေးကြီးလားကွယ့်”လို့။ “မှန်ပါ၊
အနှစ်ကအရေးကြီးပါတယ်
ဘုရား” ဒါဆိုလည်းကွယ်၊သစ်ပင်တွေကို အနှစ်ဘဲထားပြီး
အကာကိုခွာပစ်လိုက်ရင်မကောင်းပေဘူး
လား” မှန်ပါဘုရားအဲလိုလည်းမဖြစ်သေးဘူးဘုရား” တဲ့။
ဒါနဲ့အဲဒီဒကာတော်ကပြန်သွားခဲ့တယ်
ဆိုပါစို့၊မှန်ပါတယ်။အကာကိုလိုရင်းမဟုတ်ပေမယ့်
အကာရှိမှလည်းအနှစ်ကအကျိုးရှိအောင်နေထိုင်
နိုင်တယ်။အချို့ကိုရင်သာမဏေများ၊ ဘုန်းကြီးရဟန်းများ
သာသနာတော်အတွင်းနေထိုင်ရမှုကို
နည်းနည်းပြောပြချင်ပါသေးတယ်။ အချို့ကိုရင်တွေ၊ ဦးဇင်းတွေက
သာသနာမှာ သိပ်ပြီးမပျော်ပိုက်ပါ
ဘူး။ ဒီလိုဖြစ်ရတာဟာ အသိဥာဏ်မပါ
သဒ္ဓါတရားအားကောင်းကြတဲ့ မြန်မာလူမျိုးတွေကြောင့်ဖြစ်ရတယ်လို့ဆိုရပါမယ်။
ကိုယ့်မှာသားရဟန်းလေး ၊ကိုရင်လေးရှိရင် လုံးဝ
လူမထွက်စေချင်ကြဘူး။ ကိုယ်သိက္ခာတင်ပေးထားတဲ့ရဟန်း၊
ဝတ်ပေးထားတဲ့ကိုရင်တွေကို ဘယ်ဒါယကမှ လူမထွက်စေချင်ပါဘူး။
လူမထွက်စေချင်တာ ရိုးရိုးမဟုတ်ပါဘူး။ မိဘဖြစ်သူက
ငါ့သားလူထွက်မဲ့အစား အမေ့ကိုသာသတ်သွားလိုက်ပါ၊
ရဟန်းခံထားသူ ရှင်ခံထားသူက ဦးဇင်းက
ကိုရင်က လူဝတ်လှဲမယ်ဆိုတော့ တပည့်တော်တို့ကို
အရှက်တကွဲအကျိုးနည်းဖြစ်စေချင်တာပေါ့
ဟုတ်လား။ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လက်ရှိကိုရင် ဦးဇင်းတွေကို
လူမထွက်ဖို့ခြိမ်းခြောက်လေ့ရှိပါ
တယ်။ သူတို့လည်းတရားပါတယ်။ သားရဟန်းဂုဏ်လေး၊
ရဟန်းဒကာဂုဏ်လေးက လိုချင်ကြတာကိုး။ ဂုဏ်မဟုတ်ခဲ့ရင်လည်း
သဒ္ဓါတရားလွန်ကဲသကိုး၊ လွန်ကဲတဲ့သဒ္ဓါက
ပညာမှမပါသကိုး။ လောကမှဟန်ချက်တွေညီနေဖို့
လိုအပ်နေတဲ့အရာတွေရှိတယ်။ အဲဒါကတော့
အလင်းနဲ့ အမှောင်၊ အဖြူနဲ့အမည်း၊ အသွားနဲ့အပြန်၊ အပေးနဲ့အယူ၊
အ၀င်နဲ့အထွက်၊ အထက်နဲ့
အောက်၊ အသိနဲ့အကျင့်၊ ၀ိဇ္ဇာနဲ့စရဏ၊ ၀ီရိယနဲ့သမာဓိ၊ သဒ္ဓါနဲ့
ပညာဖြစ်ပါတယ်။ ဒါတွေအားလုံး
ဟာ တစ်ခုနှင့်တစ်ခု မညီမျှခဲ့ဘူးဆိုရင် လောကဟာ
ကမောက်ကမဖြစ်တာပါပဲ။ ဒီမှာနောက်ဆုံးစုံတွဲလေးဖြစ်တဲ့
သဒ္ဓါနဲ့ပညာကိုပြောချင်ပါတယ်။
သဒ္ဓါတွေကောင်းလွန်းတော့ တွေ့တွေ့သမျှယောက်ကျားကို
ရဟန်းချည်းလုပ်ခိုင်းချင်နေတတ်တဲ့ လူတွေကြောင့် သာသနာ့မြေမှာ
သူတို့ပြောတဲ့ ဘုန်းကြီးပျက်ဆိုတာထွက်ပေါ်လာရပါတယ်။
ဘုန်းကြီးပျက်ဆိုတာ သဒ္ဓါတရားနဲ့ဘုန်း
ကြီးဘ၀မှာအတင်းနေခိုင်းတယ်။ ကျုပ်လူဝတ်လှဲချင်တယ်ဗျာ၊ ကျုပ်
ဘုရားရဲ့ဝိနည်းတော်ကို မလိုက်နာနိုင်တော့ဘူး ဆိုရင် အရှင်ဘုရား၊
အဓိကကတော့စိတ်ပါပဲဘုရား ဆိုပြီးတော့ လူမထွက်ခိုင်းဘူး။ တစ်ချို့
ရှင်ဘုရား ဘာလိုနေလဲ ၊ငွေလား၊ ဘာလိုချင်တာလဲပြော၊ လူမထွက်ရင်
ပြီးရော၊ ဆိုတဲ့ကိစ္စတွေပေါ်လာတယ်။ အဲဒါဆရာ ဒကာကြားမှာ ။
ဖိုးချိုရဲ့မာလာဆောင် သီချင်းထဲ
ကလိုပြောရရင် အဲဒီလိုနဲ့သာသနာ့နယ်မြေမှာ
..လို့ပြောရတော့မှာဘဲ။
အဓိကလိုရင်းကတော့ သာ
သနာကိုထောက်ပံ့နေကြတဲ့ သာသနာ့ဒါယကာအမည်ခံလိုသူများက
ပိုအဓိကကျပါတယ်။ ကိုယ်ရဟန်းခံမည့်ပုဂ္ဂိုလ်
ကိုယ်ကိုရင်ဝတ်ပေးမည့်ပုဂ္ဂိုလ်က ကိုရင်ဝတ်ဖို့ ရဟန်းခံဖို့ သဒ္ဓါတရား
အပြည့်အ၀ရှိရဲ့လား၊ သဒ္ဓါတရားခိုင်ရဲ့လားလို့။
စာပေကိုကြိုးစားအားထုတ်ပြီး သာသနာ့အကျိုးသယ်
ပိုးချင်တဲ့သူဟုတ် မဟုတ်
စဉ်းစားဆုံးဖြတ်ပြီးမှသာလျှင် ထောက်ပံ့ပေးသင့်ပါတယ်။
အဲလိုမှမဟုတ်ရင်
ကိုယ်ကဘဲမွေးထုတ် ကိုယ်ကဘဲသတ်ဖြတ်တဲ့သူဖြစ်ပါလိမ့်မယ်။
ဘုန်းကြီးပျက်လို့ မြင်တတ်တဲ့ သူတွေကိုတော့ မန္တလေး
မစိုးရိမ်ကျောင်းဒကာကြီးအဖြစ်အပျက်ကိုပြောပြချင်ပါသေးတယ်။
မစိုးရိမ်ကျောင်းတိုက်တစ်တိုက်လုံးကို ရွှေချပြီးလှူခဲ့တဲ့
ဒါယကဦးကျော်အကြောင်းပါ။
တစ်နေ့တော့လူတစ်ယောက်က မစိုးရိမ်ကျောင်းတိုက်ထဲကို
ဝင်သွားပါတယ်။ ၀င်းသွားတော့ သူကခြင်းခတ်နေတဲ့
ဦးဇင်းငါးပါးကိုသွားတွေ့တယ်။
သူပြန်ထွက်လာပြီး ကျောင်းဒကာကြီးဦးကျော်ကို
အိမ်ကိုတန်းသွားတော့တာဘဲ။
ဒီမှာခင်ဗျားလှူထားတဲ့ ကျောင်းကဦးဇင်းတွေက ခြင်းခတ်နေသဗျ။
ခင်ဗျားကို ဘယ်သူပြောလိုက်တာလဲ။ ပြောလိုက်တာမဟုတ်ဘူး
ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ။ ဒါဆိုကျုပ်ကိုလိုက်ပြ။
ဒါနဲ့အဲဒီလူကခြင်းခတ်နေတဲ့ဦးဇင်းတွေ ခြင်းခတ်နေတဲ့နေရာကိုလိုက်ပြတယ်။
ကျောင်းဒကာဦးကျော်ကလည်းမြင်တယ်။ ပြီးတော့
ဘယ်နှစ်ပါးတောင်လဲဗျ။ လို့ ရဟန်းအပါးရေကို
ရေတွက်ခိုင်းတယ်။ တွက်တော့ ခြင်းတစ်ဝိုင်း ငါးပါးပေါ့ဗျာ။
လိုက်ခဲ့ပါဦးဗျ။ ဦးကျော်က အဲဒီလူကို
ဆက်ခေါ်တယ်။ အလယ်ကစာဝါချ
စာကျက်နေတဲ့ ကျောင်းကိုခေါ်သွားတယ်။ ကျောင်းထဲမှာစာကျက်
နေကြတဲ့ ဦးဇင်းတွေ ကိုရင်တွေ အများကြီးကိုတွေ့ရတယ်။
ဦးကျော်ကမေးတယ်။ ခုနခြင်းခတ်နေတဲ့ သံဃာနဲ့ အခုစာကျက်နေတဲ့
သံဃာဘယ်သင်းကပိုများလဲ။ ဟာစာကျက်နေတဲ့ သံဃာကပိုများတာ
ပေါ့ဗျာ။ အဲခင်ဗျားကြည့်တာ ခင်ဗျားမြင်မှာပဲ။ ကုသိုလ်ရချင်ရင်
ကုသိုလ်ရမည့်မြင်ကွင်းကိုရှာပါ။
အကုသိုလ်ရချင်ရင် အကုသိုလ်ရမည့် မြင်ကွင်းကိုရှာပါ လို့ ဦးကျော်က
အဲဒီလူကို နောက်ဆုံး ဆုံးမ
လွတ်လိုက်တယ်။ ဒါက လွန်ခဲ့သည့်နှစ်အနည်းငယ်က
ဖတ်မိခဲ့သည့်စာပါ။ ဘယ်သူဘယ်ဝါရေးထားမှန်းတော့
မသိတော့ပေမယ့် ဘာလော့ဂါဆရာတစ်ဦးပါပဲ။
ဒီလိုထပ်ရေးလိုက်ခြင်းအား အပျက်တွေကို
ကာကွယ်ပေးနေတာလည်းမဟုတ်သလို အားပေးနေတာလည်း
မဟုတ်ပါး။ အရာရာကို ရှုမြင်သုံးသပ်တဲ့နေရာမှာ
ကိုယ့်နေရာနဲ့ကိုယ်မြင်တတ်ဖို့အရေးကြီးသလို
ရာနဲ့သူ လှူဒါန်းထောက်ပံ့ပေးတတ်ဖို့လည်းအရေးပါတယ်။
တော်တော်များများလည်းအဲသည်လို တွေ့ဖူးကြုံဖူးပါတယ်။ ရဟန်းတွေ
ကိုရင်တွေဘက်က ကောင်းရင် ဒါယကာ ဒါယိကာမဘက်က မကောင်း။
ဒါယကာ ဒါယိကာဘက်ကကောင်းရင်လည်း
ရဟန်းတွေ ကိုရင်တွေဘက်ကသိပ်မကောင်းပြန်တော့ဘူး။
ဒါအလေးချိန်မညီမျှလို့ သာသနာမှာ
ကမောက်ကမတွေ တစ်ဖြည်းဖြည်းနဲ့ဖြစ်လာတာပါပဲ။
တစ်ချို့ရဟန်းတွေ ကိုရင်တွေက စာပေ
ပရိယတ္တိဘက်မှာ တော်ကြတယ်။ ဒါပေမယ့် ကိုယ်ကျင့်သီလပိုင်း
စိတ်ထားဖြူစင်မှုအပိုင်း စည်းကမ်းလိုက်နာမှုအပိုင်း တွေမှာ
ကောင်းဖို့အားနည်းနေကြတာလည်းတွေ့နေရပါတယ်။
တစ်ချို့ဦးဇင်းတွေ ကိုရင်တွေကျတော စာပေ
ပရိယတ္တိဘက်မှာ သိပ်မတော်ပေမယ့် ကြိုးစားမှုရှိတယ်။
ကိုယ်ကျင့်သီလပိုင်း စိတ်ထားဖြူစင်မှုအပိုင်း
စည်းကမ်းလိုက်နာမှုအပိုင်းတွေမှာ တော်တယ်ကောင်းတယ်။
ဒါမျိုးကိုလည်းတွေ့နေရတယ်။..ဆိုတော့ လှူဒါန်းထောက့်ပံ့ပေးနေ
ကြတဲ့ပစ္စည်းလေးဒါယကာ ဒါယိကမများတွေအနေနဲ့ ဒါတွေကို
ချိန်ခွင်ညီမျှအောင် နားလည်ပြီး ငြှိယူ
နိုင်စွမ်းရှိရပါမယ်။ မြတ်ဗုဒ္ဓ၏သာသနာတော်မှာ တော်တဲ့လူလည်းလိုအပ်သလို
အကျင့်စရဏကောင်းဖို့လည်း
တကယ့်ကိုလိုအပ်တာပါပဲ။ မြတ်ဗုဒ္ဓက နှစ်ခုယှဉ်လာရင် တော်တာထက်
အကျင့်စရဏကောင်းတာက
ပိုပြီးအားပေးချီးမြှောက်တော်မူတယ်ဆိုတာ ကျမ်းဂန်
အထောက်အထားတွေက သာဓကပါပဲ။ နှစ်ခုလုံးစုံညီရင်တော့
ဘာမှကိုပြောစရာမရှိတော့ဘူး။ ဒါတွေကို ဒါယကာ
ဒါယိကာမများအနေနဲ့ လှူဒါန်းထောက်ပံ့ပေးရုံသက်သက်မဟုတ်ဘဲ
မိမိတို့အတွက်ရော သာသနာအတွက်ပါအကျိုးရှိအောင်
အထူးသိတတ်ဖို့လိုပါတယ်။
သိတတ်ဖို့လည်းအထူးကြိုးစားရမည်။
မိမိတို့၏လှူဒါန်းထောက်ပံ့ပေးမှုကြောင့် မြတ်ဗုဒ္ဓသာသနာ
တော်သည်
အတိုင်းအဆထက်သာလွန်၍ ပြန့်ပွားတိုးတက်နိုင်ပါစေလို့
ဆန္ဒပြုလိုက်ပါသည်…။