လူတိုင်းလူတိုင်းမှာ အလုပ်မလုပ်ခင်မှာ
ဝါသနာနှင့် ရည်မှန်းချက်ကိုယ်စီရှိကြသည်။ ရည်မှန်းချက်အလိုက်
မခံချင်တွေလည်းတဖွားဖွားနှင့် ဖြစ်ပေါ်နေကြမည်ဖြစ်ပါသည်။
တောအရပ်ကနေကြသူများသည် မိမိဘ၀အတွက် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးဆီသို့
တိုးတက်လိုတဲ့စိတ်အရင်းတည်၍
မခံချင်စိတ်အပြည့်ဖြင့် စီးပွားရေး
ပညာရေး စသည့်အရေးကိုယ်စီဖြင့် ချီတက်ကြသည်။ မြို့ပေါ်သို့ရောက်သည် မိမိနေခဲ့ရာနေရာဒေသ
အနေအထားနဲ့ဆန့်ကျင်ဘက်အခက်ခဲတွေကြုံရတဲ့အခါ
စိတ်ဓာတ်တွေကျလာတဲ့သူလည်းရှိသလို အပျော်အပါးတွေလွတ်လပ်စွာ
ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်လည်း ပျော်ရွှင်သွားကြလို့ဘ၀ပျက်စီးသွားကြတဲ့
သူတွေ၊အကျင့်တွေပျက်သွားတဲ့သူတွေလည်း အမြောက်အများရှိပါသည်။ တကယ်တမ်း မိမိရည်မှန်းရာ မခံချင်စိတ်တွေဖြစ်သည့် အတိုင်းအခက်ခဲကို ရင်ဆိုင်ရင်းပျော်ရွှင်ရသည့်သူတွေတော့ တော်တော်လေးနည်းသည်ကိုတွေ့ရမည်ဖြစ်သည်။ အခက်ခဲတွေနဲ့ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျသွားတဲ့သူတွေက မိမိရည်မှန်းရာမခံချင်စိတ်တွေပျောက်ခြင်းမလှ ပျောက်ပြီး ခံချင်တဲ့စိတ်တွေတဖွားဖွားဖြစ်ပေါ်လာပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိမိတို့ရဲ့ဇာတိရပ်ရွာဆီသို့ လှည့်ပြန်သွားတဲ့သူတွေလည်းအမြောက်အများတွေ့ရမည်ဖြစ်သည်။ ကိုယ့်စရိတ်နဲ့ကိုယ်စိုက်ပြီး သူတစ်ပါးအရပ်ဆီက မပျော်လို့ ကိုယ့်အရပ်ကို လှည့်ပြန်သွားတဲ့သူတွေအတွက်တော့ သိပ်ပြီးကိစ္စမရှိပေမယ့် သူတစ်ပါးဆီကဆွဲယူပြီး သွားရတဲ့သူတွေအတွက်တော့ မိမိရည်မှန်းချက်တွေလည်းပျောက်သွားသည့်အပြင်အင် သူတစ်ပါးဆီက ဆွဲယူထားသည့်အကြွေးတွေလည်း တင်ခံခဲ့သေးသည်။ ထို့ကြောင့်ဒီလိုလူစားမျိုးကို မိမိရည်မှန်းချက်ထားခဲ့သည့်မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေရယူသွားသည့် လူစားမျိုးတွေ လို့သာဘဲခေါ်ဆိုရတော့မည်။ အမိမြန်မာပြည်မှသည် မိမိဘ၀အတွက် မိသားစုအတွက်ဆိုပြီး တိုးတက်ရာတိုးတက်ကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးဆီသို့ချီတက်သွားကြတဲ့သူတွေလည်း အမြောက်အများရှိကြပါသည်။
သူတွေ၊အကျင့်တွေပျက်သွားတဲ့သူတွေလည်း အမြောက်အများရှိပါသည်။ တကယ်တမ်း မိမိရည်မှန်းရာ မခံချင်စိတ်တွေဖြစ်သည့် အတိုင်းအခက်ခဲကို ရင်ဆိုင်ရင်းပျော်ရွှင်ရသည့်သူတွေတော့ တော်တော်လေးနည်းသည်ကိုတွေ့ရမည်ဖြစ်သည်။ အခက်ခဲတွေနဲ့ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျသွားတဲ့သူတွေက မိမိရည်မှန်းရာမခံချင်စိတ်တွေပျောက်ခြင်းမလှ ပျောက်ပြီး ခံချင်တဲ့စိတ်တွေတဖွားဖွားဖြစ်ပေါ်လာပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိမိတို့ရဲ့ဇာတိရပ်ရွာဆီသို့ လှည့်ပြန်သွားတဲ့သူတွေလည်းအမြောက်အများတွေ့ရမည်ဖြစ်သည်။ ကိုယ့်စရိတ်နဲ့ကိုယ်စိုက်ပြီး သူတစ်ပါးအရပ်ဆီက မပျော်လို့ ကိုယ့်အရပ်ကို လှည့်ပြန်သွားတဲ့သူတွေအတွက်တော့ သိပ်ပြီးကိစ္စမရှိပေမယ့် သူတစ်ပါးဆီကဆွဲယူပြီး သွားရတဲ့သူတွေအတွက်တော့ မိမိရည်မှန်းချက်တွေလည်းပျောက်သွားသည့်အပြင်အင် သူတစ်ပါးဆီက ဆွဲယူထားသည့်အကြွေးတွေလည်း တင်ခံခဲ့သေးသည်။ ထို့ကြောင့်ဒီလိုလူစားမျိုးကို မိမိရည်မှန်းချက်ထားခဲ့သည့်မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေရယူသွားသည့် လူစားမျိုးတွေ လို့သာဘဲခေါ်ဆိုရတော့မည်။ အမိမြန်မာပြည်မှသည် မိမိဘ၀အတွက် မိသားစုအတွက်ဆိုပြီး တိုးတက်ရာတိုးတက်ကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးဆီသို့ချီတက်သွားကြတဲ့သူတွေလည်း အမြောက်အများရှိကြပါသည်။
အထက်ပါဆိုခဲ့အတိုင်းဘဲ ကိုယ့်ရည်မှန်းချက်တွေဖြစ်မြောက်အောင်မြင်အောင်
လက်တွေ့လုပ်ဆောင်နိုင်တဲ့သူတွေကနည်းပြီး ခံချင်တဲ့စိတ်တွေပေါ်ပြီး လှည့်ပြန်သွားတဲ့သူတွေသာ
များနေကြသည်။ တစ်ချို့များမိမိရည်မှန်းချက်တွေပျောက်သွားသည့်အပြင် အကြွေးတွေတစ်ပုံတစ်ပင်ကြီးတင်ကျန်နေကြသေးသည်။
ဆိုတော့... ကိုယ့်ရဲ့အခြေနေ ကိုယ့်ရဲ့စိတ်တွေမနိုင်လျှင် အစကတည်းက မသွားတာကိုဘဲ ကောင်းအုံးမည်။
တစ်ချို့များအစတော့ကောင်းပါရဲ့ အနှောင်းပိုင်းမှာ အခက်ခဲတွေနဲ့ရင်ဆိုင်လာရတဲ့အခါ မသေချာမရေရာမှုတွေလည်းရှိလာကြသည်။
မိမိရည်မှန်းချက်အတိုင်း မိမိတို့နေရာ ဇာတိရပ်ရွာကိုခွာလိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက်
ဇာတိရပ်ရွာကစိတ် တောအရပ်ကစိတ်တွေ လွမ်းတဲ့စိတ်တွေ ဖျောက်ထားနိုင်ဖို့အရေးကြီးသည်။ နေရာဒေသသစ်ရောက်ပြီဆိုတာနဲ့
ကိုယ်နေတဲ့နေရာအရပ်ရဲ့အနေထားကိုကြည့်ပြီး သူများနေသလို ကိုယ်လည်းနေနိုင်ရမည်။သူများစားသလို
ကိုယ်လည်းစားနိုင်ရမည်။ သူများအောင်မြင်ရင် ကိုယ်လည်းအောင်မြင်ရမည် ဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးနိုင်ပါမှ
မိမိရဲ့မခံချင်စိတ်တွေ
ရေရှည်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
လူတိုင်းလူတိုင်းမှာလည်း ခံစားချက်ကိုယ်စီရှိကြမည်ဖြစ်သည်။
သို့သော်ငြားလည်း ခံစားချက်နဲ့ရည်မှန်းချက်က
အတူထားလို့မရနိုင် ။ခံစားချက်ကတစ်နေရာ ရည်မှန်းချက် ကတစ်နေရာစီ ခွဲခြားထားမှရမည်။ ရည်မှန်းချက်ကို
ခံစားချက်နှင့်အတူရောထားလျှင် မိမိရည်မှန်းချက်အရင်းရှုံးမည်ဖြစ်သည်။ ခံစားချက်ကြောင့်လည်း
မိမိရဲ့ရည်မှန်းချက်ကို မဖျက်စီးသင့်ပေ။
တဆက်တည်းမှာဘဲ ……
ဘုရားဖူးရာသီတွေလည်းရောက်လာပြီဖြစ်လို့
ဘုရားဖူးတဲ့သူတွေ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ အကြောင်းကိုလည်း ထည့်ပြောပါအုံးမည်။
တတ်နိုင်တဲ့သူများလည်း အိန္ဒိယနိုင်ငံ
မဇ္ဈိမဒေသ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူခဲ့သည့်နေရာမို့လို့ ကုသိုလ်ရဖို့ဦးတည်ချက်နဲ့ မခံချင်တဲ့စိတ်နဲ့
ကိုယ့်အစီစဉ်နဲ့ကိုယ်လာကြသည်။ မတတ်နိုင်သည့်သူများလည်း
ရောက်ဖူးချင်လို့ ကုသိုလ်လိုချင်လို့
ဆိုတဲ့မခံချင်တဲ့ရည်ရွယ်ချက်နှင့် သူတစ်ပါးဆီအနည်းနှင့်အများ
ဆွဲယူပြီးလာကြတဲ့သူတွေလည်းပါကြမည်။
ဘယ်လိုအခြေနေနဲ့ဘဲလာလာ မိမိရည်ရွယ်ရာ ကုသိုလ်ရဖို့ဆိုတဲ့မခံချင်စိတ်တော့ အမြဲတမ်းရှိနေဖို့လိုသည်။
များသောအားဖြင့် မြန်မာပြည်မှဘုရားဖူးများ
သည် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ နေရာအသီးသီး
မြန်မာဘုန်းတော်ကြီးကျောင်းမှာတည်းခိုကြရမည်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းဆိုသည်မှာလည်း
ဟိုတယ်(Hotel)မဟုတ် သက်သာရာသက်သာကြောင်း
အရေးတကြီးနားနေဖို့ရန် နေရာသာဖြစ်သည် ဆိုတာကိုလည်း ပထမဆုံးအနေနဲ့ ထည့်တွက်စဉ်းစားထားရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံဆိုသည်မှာ နေရာတိုင်းမှာ ညစ်ညစ်ပတ်ပတ်နေထိုင်စားသောက်တတ်တဲ့အလေ့အထက ယဉ်ကျေးမှုတစ်တခုလို
ဖြစ်နေသည့်အတွက်ကြောင့် သက်ဆိုင်ရာမြန်မာဘုန်းတော်ကြီးကျောင်းမှာလည်း အိန္ဒိယနိုင်ငံ၏
ယဉ်ကျေးမှုအတိုင်းလိုက်လျော်ညီထွေစွာကြိုးစားနေထိုင်ရသည်ဖြစ်လို့ သန့်ရှင်းသည့်နေရာလည်းရှိမည်
မသန့်ရှင်းသည့်နေရာမှာလည်း ရှိချင်ရှိမည်။
ကောင်းတာလည်းရှိမည် မကောင်းတာလည်းရှိချင်ရှိမည်။
သည်လိုနေရာမျိုးမှာ ခဏတာတည်းခိုနေရတဲ့ဘုရားဖူးများအနေနဲ့
နှလုံးသွင်းကောင်းတတ်ဖို့အရေးကြီးပါသည်။ မြန်မာနိုင်ငံရှိဘုန်းတော်ကြီးကျောင်းမှာ မိမိရောက်နေသည့်အတိုင်းဘဲ
သဘောထားရနိုင်ရမည်ဖြစ်သည်။ ကျောင်းကလည်း ၀န်ဆောင်မှုညံ့ဖျင်းလိုက်တာ။အစားအသောက်ကလည်းညံ့ဖျင်းလိုက်တာ
စသည်စည်ဖြင့် ဘုရားဖူးတွေတော်တော်များများမှာ ကဲ့ရဲ့စကားတွေ ၀စီကံအပြစ်တွေ မနောကံအပြစ်တွေ နောက်ဆုံးကျောင်းမှာ
ဝေယျာဝစ္စကူညီဆောင်ရွက်ပေးနေတဲ့ သံဃာတော်များကိုလည်း စားပွဲထိုး အလုပ်သမားလိုအောက်မေ့လို့
ခိုင်းချင်ရာခိုင်းပြီး ကာယကံအပြစ်တွေ ဘုန်းကြီးကျောင်းမှာ တစ်ပုံတစ်ပင်ကြီးထားခဲ့သည်သာမက
စာပေသင်ကြားလို့အဝေးကနေလာကြတဲ့ စာသင်သားသံဃာတော်တွေအပေါ်မှာလည်း အဆစ်အနေနဲ့ အပြစ်ဖို့အပြစ်တွေထားသွာခဲ့ကြသေးသည်။
သာသနာကိုတကယ်ကြည်ညိုလို့ပံ့ပိုးပေးကြတဲ့
အနာထပိဏ်တို့ကျောင်းအမကြီးဝိသာခါတို့လို သာသနာ့ဒါယကာ ၊ဒါယိကမကြီးတို့လိုလူတွေ အတွက်တော့
သူတို့အနေနဲ့ကာလဒေသကိုကြည့်ပြီး သူတစ်ပါးကို
အပြစ်ဖို့ကဲ့ရဲ့တာသူတို့တာဝန်လို့ဘယ်သောအခါမှ
မှတ်ယူလေ့မရှိပါဘူး၊ရဟန်းသံဃာတွေအပေါ်မှာ သူတို့တစ်တွေ အပြစ်တင်တယ်လို့သာသနာ့မှတ်တမ်းမှာလည်းမရှိပါဘူး။
သူတို့နှင့်သက်ဆိုင်တာ သူတို့တာဝန်လို့သာ မှတ်ယူထားတာဖြစ်လို့ သာသနာနှစ်ပေါင်း(၂၅၀၀)ကျော်ခဲ့သည့်တိုင်အောင်
စံပြသာသနာ့ ဒါယကာ၊ဒါယိကာမကြီးတွေအနေနဲ့
တည်ရှိနေနိုင်ခဲ့ကြတာဖြစ်ပါတယ်။ နေရာတိုင်းမှာ
အဆိုးနဲ့အကောင်း အမြဲတမ်းဒွန်တွဲလျက်ရှိနေတယ်လို့
မမှတ်ယူတတ်တဲ့သူများအနေနဲ့ မိမိရောက်နေတဲ့နေရာတိုင်း
တွေ့မြင်နေရတဲ့အရာတိုင်း၏အပေါ်မှာ ကိုယ်၊ နုတ်၊ စိတ် အပြစ်တွေ တစ်ပုံတစ်ပင်ကြီးတင်ရှိနေမှာဖြစ်ပါတယ်။
ဘယ်လိုအခြေနေလဲကြုံနေရ ကြုံနေရ မိမိတို့အနေနဲ့ ဘုရားဖူးလာတယ်ဆိုတာ ပျော်ပွဲစားထွက်နေတာမဟုတ်
ကုသိုလ်လိုချင်လို့
ပိုက်ဆံအမြောက်များအကုန်ကျခံပြီး လာကြသည်ဖြစ်လို့
ကုန်ကျသည်နှင့်ထိုက်တန်အောင် ကုသိုလ်တွေအပြည့်အ၀ ပြန်လည်ယူသွားနိုင်အောင်မခံချင်တဲ့စိတ်နှင့်အမြဲတမ်းနှလုံးသွင်းနေနိုင်ရမှာဖြစ်ပါတယ်။
ထိုသို့မဟုတ်ရင်တော့ လူလည်းပင်ပန်း
ပိုက်ဆံလည်းကုန် ကုသိုလ်ရတာတစ်ပဲ ရောက်ခဲ့တဲ့နေရာတိုင်းမှာ
အပြစ်တွေထားခဲ့တာဖြစ်လို့ ငရဲတစ်ပိဿာ
ရသွားမှာအမှန်ပင်ဖြစ်သည်။ ဒီလိုဘုရားဖူးမျိုးကို မခံချင်စိတ်တွေပျောက်ပြီး ခံချင်တဲ့စိတ်တွေ
ရယူသွားတဲ့လူစားမျိုးလို့သာမှတ်ယူရတော့မည်ဖြစ်ပါသည်။
ပညာရေးအတွက်ဘဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ဘဲဖြစ်ဖြစ်၊
ကုသိုလ်အရေးဘဲ ဖြစ်ဖြစ် အားလုံး အားလုံး
ခံချင်တဲ့စိတ်တွေပျောက်ပြီး ရည်ရွယ်ကောင်းသော
မခံချင်တဲ့စိတ်တွေအမြဲတမ်းမွေးမြူနိုင်ကြပါစေ….၊

