BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့
Showing posts with label အထွေထွေ ဗဟုသုတ. Show all posts
Showing posts with label အထွေထွေ ဗဟုသုတ. Show all posts

Wednesday, February 20, 2013

မှတ်တမ်းဝင် ကမ္ဘာ့ထိပ်တန်းအချက်အလက်များ


အကြီးဆုံးရထားလမ်းတံတား - Long Bridge Lovisiana. အမေရိကန် (၇ ကီလိုမီတာ)
* အရှည်ဆုံးငှက် - ငှက်ကုလားအုတ်
* အသေးဆုံးငှက် - Humming Bird
* အမြင့်ဆုံးအဆောက်အဦ - ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ ၈၂၉.၈ မီတာ (၂၇၂၂
ပေ) မြင့်သည့် Burj Khalifa
* အရှည်ဆုံးရေပေးတူးမြောင်း - Kalakumsky တူးမြောင်း (၁၂၀၀ ကီလိုမီတာ)
* အမြင့်ဆုံးမြို့ကြီး - Vanchuan, တရုတ်နိုင်ငံ (၅၁၀၀ မီတာ)
* လူနေထိုင်မှုစရိတ်အကြီးဆုံးမြို့ - တိုကျို
* အကြီးဆုံးတိုက်ကြီး - အာရှ (၄၄၀၀၀၀၀၀ စတုရန်းကီလိုမီတာ)
* အငယ်ဆုံးတိုက်ကြီး - သြစတြေးလျ (၈၀၆၀ စတုရန်းကီလိုမီတာ)m
* အကြီးဆုံးနိုင်ငံ - ရုရှား (၁၇၀၇၅၄၀၀ စတုရန်းကီလိုမီတာ)
* အမြင့်ဆုံးကွန်ကရစ်(အုတ်) တမံ - Grande Dixence တမံ၊ ဆွစ်ဇာလန်
* အကြီးဆုံး(အမြင့်ဆုံး)ပေါင်းမို


းခုံးတမံ - Jinping-1 တမံ၊ တရုတ်၊ ၃၀၅
မီတာ (၁၀၀၁ ပေ) အမြင့်
* အမြင့်ဆုံးရေကာတာတမံ - Nurek တမံ၊ တာဂျစ်ကစ္စတန်၊ ၃၀၀ မီတာ (၉၈၄ ပေ)
(ကမ္ဘာ့ဒုတိယအမြင့်ဆုံးတမံ)
* အကြီးဆုံးစိန် - Cullinan စိန်တုံး (အလေးချိန် တစ်ပေါင်ခွဲ)
* အခမ်းနားဆုံး အရှည်လျားဆုံးကဗျာ - Mahabharata (မဟာဘာရတ္တ၊ အိန္ဒိယ)
* အမြင့်ဆုံးလေယာဉ်ကွင်း - Daulat Beg Oldi, Ladakh (၁၆၈၀၀ ပေ)
* ကမ္ဘာ့အကြီးဆုံး ရေပေးဝေမှုစနစ် - Lloyd Barrage, ပါကစ္စတန်
* ကမ္ဘာ့အကြီးဆုံးကျွန်း - ဂရင်းလန်း
* အကြီးဆုံးကုန်းမြေပေါ်ရှိပင်လယ် - မြေထဲပင်လယ်
* ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် - ဧဝရတ်တောင်ထိပ် (၈၈၄၀ မီတာ)
* အနက်ဆုံးကန် - Baikal, ရုရှား (၁၉၄၀ မီတာ)
* ကမ္ဘာ့အကြီးဆုံးပြတိုက် - The Hermitage Museum, စိန့်ပီတာစဘတ်၊ ရုရှား
* အကြီးဆုံးသမုဒ္ဒရာ - ပစိဖိတ်
* အကြီးဆုံးဥယျာဉ် - Yellow Stone National Park, အမေရိကန်
* အကြီးဆုံးကျွန်းဆွယ် - အာရေးဘီးယား (၃၂၅၀၀၀၀ စတုရန်းကီလိုမီတာ)
* ကမ္ဘာ့အကြီးဆုံးလေယာဉ် - Antonov An-225 Mriya
* အကြီးဆုံးနန်းတော် - ဗာတီကန်၊ အီတလီ
* အကြီးဆုံးဂြိုလ် - ဂျူပီတာ (ကြာသပတေးဂြိုလ်)
* အမြင့်ဆုံးကုန်းပြင်မြင့် - Pamir (တာဂျစ်ကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်)
* လူဦးရေအများဆုံးနိုင်ငံ - တရုတ်
* အရှည်ဆုံးဘူတာစင်္ကြံ - Storvik, ဆွီဒင်
* ကမ္ဘာ့အရှည်ဆုံးမြစ် - နိုင်းလ်မြစ် (၆၆၄၈ ကီလိုမီတာ)
* ကမ္ဘာ့အအေးဆုံးဒေသ - Verkhoyansk, ဆားဘီးယား
* ကမ္ဘာ့ပထမဆုံးတံဆိပ်ခေါင်း - Penny Black, ဗြိတိသျှ
* အကြီးဆုံးရေဒီယိုတယ်လီစကုတ် - New Mexico, အမေရိကန်
* GDP အရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ - ဆွစ်ဇာလန် (တစ်ဦးချင်းဝင်ငွေ ၂၁၃၃၀ ဒေါ်လာ)
* ကမ္ဘာ့ပထမဆုံး Tramway - New York (၁၈၃၂)
* အရှည်ဆုံးဥမင် - Laerdal ဥမင်၊ နော်ဝေး (၂၄.၅ ကီလိုမီတာ)
* အမြင့်ဆုံးမီးတောင် - Cotopaxi, Andes, အီကွေဒေါ
* အကြီးဆုံးမီးတောင် - Mauna Lea, ဟာဝိုင်အီ
* ကမ္ဘာ့အကြီးဆုံးတံတိုင်း - မဟာတံတိုင်း၊ တရုတ်
* ကမ္ဘာ့အမြင့်ဆုံးရေတံခွန် - Angel ရေတံခွန် (၉၇၉ မီတာ)
* ကမ္ဘာ့အနိမ့်ဆုံးရေမျက်နှာပြင် - ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက်
၄၂၃ မီတာ/၁၃၈၈ ပေ)
* ကမ္ဘာ့အကြီးဆုံး တိရိစ္ဆာန်ဥယျာဉ် - Kruger National Park, တောင်အာဖရိက

Friday, December 28, 2012

စပ်ကူး မပ်ကူး မလွယ်ဘူး


လူထွက် ရဟန်း၊
နန်းကျ ဘုရင်၊
ပင်စင် အငြိမ်းစား၊

ယောက်ျားလူထူး၊
ဤသုံးဦးကား၊
စပ်ကူး မပ်ကူး၊
မလွယ်ဘူးတည့်။

နေထိုင်ရေးခက်ခဲသူ သုံးယောက်ရှိသည်ဟူ၏။ ယင်းသုံးဦးသည်ကား---
၁။ လူထွက်ရဟန်း
၂။ နန်းကျဘုရင်
၃။ ပင်စင်အငြိမ်းစား-တို့ ဖြစ်ပါသည်။


၁။ လူထွက်ရဟန်း---
ယင်းသည် ရှေးစကားဖြစ်ပုံရသည်။ ယခုခေတ်မှာတော့ ဘုန်းကြီးလူထွက်ဟု
ဆိုကြသည်။ ဘုန်းကြီးလူထွက်များသည် အတိတ်ကာလက ရဟန်းဘဝတုန်းက နေရ ထိုင်ရ
နှီးနှောပြောဆိုရသည် များမှာလည်း လူဝတ်ကြောင်များနှင့် မတူသော
ရဟန်းသာမဏေများနှင့်အတူ နေထိုင်ပြောဆိုရသည်။
လေ့လာသင်ယူရသည်များမှာလည်း လူမှုကိစ္စအတတ်ပညာများနှင့် မစပ်ဆိုင်။
သံသရာဝဋ်မှ ထွက်မြောက်ကြောင်း တရားစာပေများဖြစ်သည်။


ရဟန်းဘဝ မပျော်မွေ့သဖြင့် လူ့ဘောင်လောကသို့ ရောက်လာသည့်အခါ
ကလေးသူငယ်များကို စာသင်ရာ၌ လူ့လောက ကကြီး၊ ခကွေးမှစ၍ သင်ရလေရာ
အရာရာစိမ်းနေသည်။


စားဝတ်နေရေးမှာလည်း မြတ်စွာဘုရား၏ သာသနာ့ဝန်ကို ထမ်းဆောင်နေသောကြောင့် မြတ်စွာဘုရား
ပေးသနားသည့် စားစရာ၊ ဝတ်စရာ၊ နေစရာများကို ရခဲ့ပေရာ မိမိကိုယ်တိုင်
ရှာဖွေလုပ်ကိုင်ရန်မလိုဘဲ
ပြည့်စုံခဲ့သည်။ လူ့ဘဝကိုရောက်သောအခါတွင်ကား စားဝတ်နေရေးအတွက်
ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင်ရှာဖွေရပေတော့သည်။ လုပ်ခဲ့သည့်အလေ့အကျင့်
မရသေးသည့်အတွက် စိမ်းနေပြန်သည်။


ပြင်ပတွင် စကားပြောရာ၌လည်း ရဟန်းဘဝတုန်းနှင့် လားလားမျှ မဆိုင်တော့ချေ၊
အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ခေါ်ဝေါ်ရမည့်အစား ဒကာကြီး၊ ဒကာမကြီး-ဟူသော
ဝေါဟာရနှင့် ကွဲလွဲလှပေသည်။ သွားလာနေထိုင်ပုံကလည်း အတော်ပင်သတိထားရသည်။
ရဟန်းဘဝတုန်းက သင်္ကန်းတင်သည့် ဘယ်ဘက်လက် မလှုပ်မရှား ငြိမ်သက်ခဲ့သည်မှာ
တော်ရုံနှင့်မပျောက်နိုင်။ သတိထားပြီး လှုပ်ရှားပေးနေရသည် မဟုတ်ပါလော။


ရှေးကပုံပြင်တပုဒ်ရှိသည်။ လူထွက်ခါစ ရဟန်းလူထွက်တယောက် ဆီရောင်းလေတော့--
ဆီဗျို့...ဆီ..
ဆီများ ကပ္ပိကြဦးမလား...လို့ ယောင်အော်မိသည်။
ဟဲ့..ဟဲ့..ဆီသည်ကြီးက ဘုန်းကြီးလူထွက်ကြီးနဲ့တူတယ်လို
့ မိန်းမတချို့က
ရယ်မောပြောသံကြားလေရာ
ယောင်လို့ပါ ဒကာမကြီးတို့-လို့ ပြန်ပြောမိကာ မိမိမှားမှန်းသိတော့
အတင်းပြေးခဲ့ရသတဲ့။


ဤသို့သောအကြောင်းများကြောင့် ရဟန်းဘဝမှ လူ့ဘဝသို့ပြောင်းလာသည့်
ရဟန်းလူထွက်များအား စပ်ကူးမပ်ကူး မလွယ်ဘူး-ဟု ဆိုရမည်သာတည်း။


၂။ နန်းကျဘုရင်---
ယခုခေတ်မှာတော့ နန်းကျသည့်ဘုရင်က ရှားပါးပစ္စည်းတခုဖြစ်သည်။
ဇာတ်ပွဲထဲတွင်လောက်သာရှိသည်။
ရှေးကဘုရင်များသည် ဘုန်းတန်ခိုး အလွန်ကြီးကြသည်။ လိုတရ ပြည့်ဝကြသည်။
လူတို့၏ အသက်စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်သည်ဟုပင် မှတ်တမ်းတင်
ပြောစမှတ်ရှိခဲ့သည်။


ဘုရင်များသည်လည်း သူတို့အသုံးအနှုန်းဝေါဟာရ သီးသန့်ရှိသည်။ ရေသောက်သည်ကို
ရေကြည်တော်
သောက်သည်-ဟု ပြောရသည်။ ထမင်းစားသည်ကိုလည်း ပွဲတော်တည်သည်-ဟု ပြောရသည်။
လမ်းသွားသည်ကို စကြာတော်ဖြန့်သည်။ ကြွချီတော်မူသည်ဟု ပြောရသည်။ ရေနှင့်
အစားအသောက် စသည်တို့ကို ကိုယ်တိုင်ယူသောက်စားရသည်မရှိ။ ကျေးတော်၊
ကျွန်တော်၊ ကိုယ်လုပ်တော်တွေကသာ ဆက်သ,ရသည်။ သွားလိုရာသို့လည်း
ကျေးကျွန်တို့က ယေါတော်၊ စကြာယာဉ်တော်များဖြင့် ထမ်းပို့သယ်ဆောင်ရသည်။


ယင်းသို့ ဘုန်းတော် ကံတော် ကြီးမားကြသည့် ရှင်ဘုရင်များသည် မိမိထက်
ဘုန်း၊ လက်ရုံး၊ တန်ခိုး၊ အာဏာကြီးသူတက်လာ၍ နန်းကျသောအခါ မပြောတတ်,
မဆိုတတ်၊ မသောက်တတ် မစားတတ်၊ မသွားတတ် မလာတတ်၊ မနေတတ် ဖြစ်သွားသည်။
ရေကြည်တော် ဆက်သ,သူ၊ ပွဲတော်အုပ် ဆက်သ,သူ မရှိတော့ပြီ။ အစစအရာရာ
အခက်အခဲရှိလာတော့သည်။ ဤသို့ နန်းကျဘုရင်များ နေရေးထိုင်ရေး
အခက်အခဲကြုံတွေ့ရသည်။


၃။ ပင်စင်အငြိမ်းစား---
အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ အခစားဘဝဟူသည် ကောင်းသည် ဆိုးသည်
ပြောဖွယ်မရှိ။ မိမိအားပေးအပ်၍ မိမိက လုပ်ပါမည်ဟု ဝန်ခံထားသော
အလုပ်တာဝန်များကို ထမ်းဆောင်ရသည်။ နည်းသည် များသည် ပြောရန်မလို။
မိမိရာထူး၊ အလုပ်တာဝန်အတွက် သတ်မှတ်ထားသည့် လုပ်အားခကို ခံယူရသည်။
ပိုလျှင်စု၍ လိုလျှင် ရှာရုံသာရှိသည်။ မှန်မှန်လုပ်၊ မှန်မှန်ယူ၊
မှန်မှန်သုံးနေရသည်။ အေးဆေးသည်ဖြစ်စေ၊ ပူပင်သည်ဖြစ်စေ ဤအခစားဘဝအခြေအနေ၌
အကျင့်ရ နေသားကျနေပြီဖြစ်သည်။


ရက်ပေါင်းများစွာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ
ကျင်လည်ခဲ့ရသည်ဖြစ်သောကြောင့် ယဉ်ပါးနေပြီဖြစ်သည်။ ယင်းသို့ ကျင်းသားရ၊
နေသားကျပြီး ယဉ်ပါးသော အခြေအနေမှ အပြောင်းအလွဲဖြစ်ကာ
ပင်စင်အငြိမ်းစားဘဝသို့ ရောက်လာသည်ဆိုလျှင် အူကြောင်ကြောင်၊ ယောင်ချာချာ
ဖြစ်နေတတ်ပေသည်။ လုပ်ကိုင်နေကျအလုပ်ကလည်း စွန့်ခွါခဲ့ရပြီ။
လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူများနှင့်လည်း ဝေးခဲ့ပြီ။ ရနေကျ
အခကြေးငွေများကိုလည်း မ၇တော့။ သုံးစွဲနေကျအတိုင်းလည်း သုံးစွဲနိုင်ချင်မှ
သုံးစွဲနိုင်ပေမည်။ အခြေအနေအဟောင်းမှ အခြေအနေအသစ်သို့ပြောင်းလာခါစ
ပင်စင်အငြိမ်းစားအတွက် မလွယ်ကူတော့။ အခက်အခဲနှင့် ကြုံရပေတော့မည်။
ဤသည်များကို သုံးသပ်၍ ----


လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်အငြိမ်းစား၊ ယောကျာ်းလူထူး၊
ဤသုံးဦးကား၊ စပ်ကူးမပ်ကူး၊ မလွယ်ဘူးတည့်။


ကျွန်တော်သည် အစိုးရဝန်ထမ်းတဦး ဖြစ်သည်။ (၂၀၁၁)ခုနှစ်ထဲတွင်
အသက်(၆၀)နှစ်ပြည့် ပင်စင်သွားရတော့မည်။ ပင်စင်နီးနေသည့်အတွက် ပြင်ဆင်စရာ
မရှိမဟုတ် ရှိသည်။ မည်သည့်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းကိုမျှ မဝင်ဘဲ စာပေများ
ဇောက်ချရေးတော့မည်ဟု ကြိုတင်စီစဉ်ထားသည်။ ကြိုတင်၍
ပြီးခဲ့သော(၁၀)နှစ်ခန့်မှစ၍ စာပေလောကထဲသို့ ခြေလှမ်းတဖက်
လှမ်းထားပြီးဖြစ်သည်။ သို့သော် အထက်ဖော်ပြချက်များအရ ပင်စင်အငြိမ်းစားဘဝ
စပ်ကူးမပ်ကူး ကာလရောက်သည့်အခါ တောင်တောင်အီအီ မဖြစ်ဖို့တော့
တင်းရင်းထားရဦးမည်။ တကယ်ပဲ တင်းရင်းရလေမလား၊ ပင်စင်အငြိမ်းစားဘဝတွေက
စပ်ကူးမပ်ကူးကာလ တကယ်ပဲ မလွယ်ဘူးလား။ မိမိဉာဏ်ရှိသလောက်နှင့်
သုံးသပ်မိသည်။


ဆာဂျေအေ ဦးမောင်ကြီး---
မြန်မာသက္ကရာဇ် (၁၂၃၃-၁၃၁၆) ခုနှစ်ခန့်က ထင်ရှားကျော်ကြားသည့်
ပုဂ္ဂိုလ်ကြီးမှာ ဆာဂျေအေ ဦးမောင်ကြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်ကြီးသည်
မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာသည့် တဦးတည်းသော ဘုရင်ခံဖြစ်သည်။
တရားဝန်ကြီး ပြည့်ထဲရေးဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးလည်း ဖြစ်ခဲ့သေးသည်။


မြန်မာသက္ကရာဇ်(၁၃၁၂)ခုနှစ်ခန့်
အခါက ထိုင်းနိုင်ငံ လန်ပန်းမြို့၊
ညောင်ဝိုင်းကျောင်းဆရာတော် အရှင်ဝါယမ ရန်ကုန်မြို့သို့ ကြွတော်မူလာသည်။
ဆရာတော်မှာ ထိုင်းနိုင်ငံ၌ သာသနာပြုနေတော်မူသော်လည်း မူရင်းဇာတိမှာ
ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ စည်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည်
ထိုင်းနိုင်ငံမှရောက်လာပြီး ထိုင်းနိုင်ငံရှိ မြန်မာအမျိုးသားများနှင့်
အတက်အသွယ်ရှိသည်။ ဆာဂျေအေ ဦးမောင်ကြီးထံသို့ ကြွတော်မူသည်။


ထိုအခါ ပင်စင်အငြိမ်းစားဖြစ်သည့် ဆာဂျေအော ဦးမောင်ကြီးသည် သားသမီး
ဆွေမျိုးသင်္ဂဟ အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်း စည်းစိမ်ဥစ္စာ
ပြည့်စုံချမ်းသာစွာရှိသည်။ သို့သော် လူများစွာနှင့် တွေ့ဆုံမှုကို
ရှောင်ရှားကာ နေက္ခမ္မပါရမီဖြည့်လျက် ကမ္မဋ္ဌာန်းတရား ပွားများနေကြောင်း
ဆရာတော်ဦးဝါယမက မိန့်ကြားတော်မူသောကြောင့် အေးချမ်းစွာ တရားပွားနေသည့်
ပင်စင်စား အငြိမ်းစားကြီးအကြောင်းကို လေ့လာမှတ်သားခဲ့ရသည်။


စာပေလောကတွင်လည်း တပ်မတော်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက်အကြီးအကဲ၊
အရာထမ်းများစွာ အငြိမ်းစားယူပြီး စာရေးသားမှုပြုနေကြသည်။ ပင်စင်စား
အငြိမ်းစားနှင့် မတူချေတော့ ပျော်မွေ့နေကြသည်ကို တွေ့ရသည်။


ဤသို့ဆိုလျှင်  ပင်စင်အငြိမ်းစား၏ စပ်ကူးမပ်ကူးကာလ မလွယ်ဘူးဟူသော စာချိုးသည်---
ထို့ပြင်တဝ၊ ပျော်ရွှင်မြူးတူး၊ လူထူး ၆-ဦး ဆိုသည့် ဧကစ္စေဝါဒလင်္ကာလည်း
ရှိနေပြန်သေးတော့-
အိမ်ထောင်ဦးစ၊
ထီပေါက်စနှင့်၊
ထောင်မှလွတ်ကင်း၊
ပဉ္ဇင်းလူထွက်၊
နန်းတက်ဘုရင်၊
ပင်စင်အငြိမ်းစား၊
ယောက်ျားလူထူး၊
ဤခြောက်ဦးကား၊
အရူးအမူး၊
လွန်ပျော်မြူး၏။


လင်္ကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ-
၁။ အိမ်ထောင်ဦးစ လူသား
၂။ ထီပေါက်စ လူသား
၃။ ထောင်မှထွက်လာခါစ လူသား
၎။ ရဟန်းဘဝမှ ထွက်လာခါစ လူသား
၅။ ဘိသိက်ခံ ထီးန်းတက်ပြီးခါစ လူသား
၆။ ပင်စင်စား အငြိမ်းစားဖြစ်ခါစ လူသား
ဤလူခြောက်ယောက်တို့သည် အရူးအမူး အလွန်ပျော်မြူးကြသူများ ဖြစ်သည်ဟု ဆိုပေသည်။

မိမိသည် ဝန်ထမ်းဖြစ်သည့်အတွက် ပင်စင်စားရခြင်းသည် နည်းခြင်း၊
များခြင်းကို အသာထား၍ မိမိထမ်းဆောင်ပြီးမြောက် အောင်မြင်မှုအတွက်
လုပ်ကိုင်လာခဲ့ရသည့် ဝန်ထုပ်ဝတ်ပိုး တာဝန်ဝတ္တရားကြီးကို
မိမိအလှည့်ကုန်ဆုံးသည်အထိ ချောချောမောမောဖြင့် ချထား၍
အနားယူခွင့်ရခဲ့လေပြီဖြစ်ရာ မည်မျှဝမ်းသာအားရ ဖြစ်လေမည်နည်း။
ပေါ့ပေါ့ပါးပါး စိတ်အားကိုယ်အား အနားယူခွင့်ရသွားပြီ ဖြစ်သည်။


ယင်းသို့ ပေါ့ပေါ့ပါးပါး အနားယူခွင့်ရသွားပြီဖြစ်သောကြော
င့် မိမိဝါသနာပါ
လေ့လာလုပ်ကိုင်ချင်ပါလျက် မလေ့လာ၊ မလုပ်ကိုင်ရသေးသော အလုပ်များကိုလည်း
လုပ်ကိုင်ခွင့်ရသွားပြီဖြစ်သည်။ ယင်းသို့ ဝါသနာပါရာအလုပ်နှင့်
လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်နိုင်ခွင်ရခြင်းသည်လည်း လူပလောက၊
လူ့ဘဝ၌ အလွန်အရသာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အခွင့်အရေးကြီးကို
ရရှိခြင်းဖြစ်ပေသည်။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝသစ်တခုကို
အစပြုလိုက်ခြင်းပင် ဖြစ်သည်။ ပင်စင်အငြိမ်းစားအဖြစ် အောင်ပွဲကြီးရခဲ့ရာမှ
ဆက်လက်၍ အောင်ပွဲအသစ်များရရန် ဦးတည်လိုက်ခြင်းပင် ဖြစ်ပေ၏။
ထို့ကြောင့် အရူးအမူး ပျော်ရွှင်မြူးတူးသူ ၆-ဦးစားရင်းတွင်
ပင်စင်အငြိမ်းစားကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။


ဖော်ပြပါ ပျော်ရွှင်မြူးတူးသူ ၆-ဦးတွင် ခြွင်းချက်အနေဖြင့်
မကြိုက်မနှစ်သက်ဘဲ ညားကြရသည့် အိမ်ထောင်ဦးည၊
ထီပေါက်သည်ကြားရ၍ ရူးသွားသူ၊
ထောင်ကလွတ်ပြီး အခြားအမှုနှင့် ထပ်အဖမ်းခံရသူ၊
ရဟန်းလူထွက်ပြီး အဆက်အသွယ်ပြုထားသည့် အမျိုးသမီးက လက်မခံသော ရဟန်းလူထွက်၊
နန်းတက်သည့်ညမှာပင် အဆိပ်မိသေဆုံးရသည့် ဘုရင်၊
ရသည့်လုပ်သက်ဆုငွေနှင့် ပင်စင်လစာများ နည်းပါး၍ မလောက်အင စိတ်ညစ်ရသူ
ပင်စင်စားများ ရှိနေတတ်ပေသေးရာ ပျော်ရွှင်မြူးတူးဖြစ်ဖွယ်ရာဟူ
သည်တို့ကို
ချင့်တွက်ဖွယ်ရာ ရှိပေတော့၏။

တရားသဘောအရ ဝေဖန်ကြည့်ပါမူ ပင်စင်အငြိမ်းစားတိုင်း၏ဘဝကို ဝမ်းနည်းကြေကွဲ
အခက်အခဲဘဝတွေချည်းသာ ဖြစ်သည်ဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ၊
ဝမ်းသာရွှင်ပျ သာယာလှသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပေသေးသည်။

ပင်စင်အငြိမ်းစားဘဝတိုင်းကို ဝမ်းသာရွှင်ပျ သာယာလှသည့်ဘဝများဟု
ဆိုပြန်လျှင်လည်း အငြင်းပွားစရာ။ ဝမ်းနည်းကြေကွဲ အခက်အခဲရှိနေသည့်
ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပြန်သည်။ ဤသို့ဆိုလျှင်
ပင်စင်အငြိမ်းစားနှင့် အမှန်တရားကား မည်သို့ပါနည်း။


ပင်စင်အငြိမ်းစားနှင့် အမှန်တရား (သမာနဝါဒ လင်္ကာ)---
ပင်စင်အငြိမ်းစား၊ အိုယောက်ျား၊
သင်အားယခု၊ လမ်းညွှန်ပြုအံ၊
လူ့ဘဝတာ၊ တစ်သက်လျာကား၊
မကြာခဏ၊ မြန်လွန်းလှ၏၊
တက်ကြွပျော်ဖွယ်၊ အားငယ်ညှိုးမှု၊
ကိစ္စစုကို၊ မပြုရှောင်ရှား၊
စွန့်ပယ်ထား၍၊ တရားအမှန်၊
သိမြင်ရန်သာ၊ ကြိုးစားကာဖြင့်၊
ထွက်ရာလမ်းစဉ်၊ လိုက်စေချင်သည်၊
ပင်စင်အငြိမ်းစား၊ အိုယောက်ျား...။


လူသားတို့ထွက်ရာလမ်း---
အမှန်တရား သိမြင်ရေးဟူသော ထွက်ရာလမ်းသည် ပင်စင်အငြိမ်းစားများနှင့်သာ
ကန့်သတ်သက်ဆိုင်သည်မဟုတ်ပါ။ ပင်စင်အငြိမ်းစားများကဲ့သို့ပင်
လူသားတိုင်းမှာ ဘဝသံသရာ၌ ရွှင်လန်းအားရ တက်ကြွမြူးပျော်ဖွယ်တွေ အသင်္ချေအနန္တ
တွေ့ကြရ၊ ဆုံကြရ၊ ကြုံကြရပါသည်။ အားငယ်ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲမှုတွေ
အသင်္ချေအနန္တနှင့် ကြုံကြရ၊ ဆုံကြရပါသည်။


ယင်း အကောင်း,အဆိုးနှစ်ပါး လောကဓံတရားများ၏ နောက်ကွယ်မှာ ဝဲလည်လိုက်နေရန်
မသင့်ပါ။ အမှန်တရားကိုသိမြင်၍ ထွက်ရာလမ်းစဉ်လိုက်ရန်မှာ
ပင်စင်အငြိမ်စားများသာမက လူသားတိုင်း လူသားတိုင်း လိုအပ်လှပါသည်။


ကိုမောင်သန်းဝင်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)


ကောက်နှုတ်ဖော်ပြသည်
(မော်လူး)

Tuesday, November 27, 2012

Welcome toTazaungmone Festival of Lights (Taunggyi-Shanstate)

In 'Tazaungmone' (November), Tazaunding' Festival is held on the full
moon day of Tazaungmone
according to the Myanmar calendar. Homes, buildings and streets are
illuminated and monks are
provided with robes and various requisites at Kahtein (ceremony of
offering robe to monks). The offering of 'Ma-tho-thin-gan'
saffron-coloured robes weaving ceremony is held on the eve of the full
moon day of 'Tazaungmone' in one night. On that day, young women teams
of weavers compete with one another to complete weaving robes
overnight. Crowds watch intensely as the'go signal is given for the
teams to start speed weaving at a stretch from evening onwards till
completion at dawn for offering to the great image of Lord Buddha. The
weaving of this special robe is still done the traditional way as a
demonstration and contest of weaving skill.

During the 'Kahtein' Festival some Myanmar young men usually send up

fire balloons.

Hot Air Balloons & Fireworks Festival


The Taunggyi hot-air balloon competition is the most popular main

attraction in Myanmar during winter.
The hot-air balloons are made up of hand-made paper beautifully
designed with colorful fireworks and
firecrackers.

Foreign tourists who are touring Taunggyi during November can surely

consider yourselves lucky as you
have the chance to see the beauty and enjoyment Tazaungdaing Festival
in Taunggyi.

Tazaungmone Festival of Lights

Venue: nation wide

Kyaiktiyo Pagoda (Golden Rock) Festival

Venue - Kyaik Hto, Mon State

Hot Air Balloons & Fireworks Festival

Venue - Taunggyi, Shan State

Thursday, October 11, 2012

“THE SUPREME SCIENCE OF THE BUDDHA”

“အနတ္တ” တရားတော်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များ။
စာဖတ်သူများအနေဖြင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များသည် မည်သည့်ဒေသ၊ မည်သည့်အခါကာလ၊ မည်သည့်အခြေအနေမျိုးတွင်မဆို မဖေါက်မပြန် အကြွင်းမဲ့မှန်ကန်တော်မူကြောင်း သိပံ္ပပညာ၏တွေ့ရှိချက်များကို ဖတ်ရှုသိမြင်ရခြင်းဖြင့် မြတ်စွာ ဘုရားနှင့်တကွ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ပိုမိုကြည်ညို သဒ္ဓါပွားများစေရန် ရည်သန်လျက် ဤ “အနတ္တ” တရားတေ
ာ်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိ ချက်များကို ရေးသားတင်ပြအပ်ပါသည်။
မြတ်စွာဘုရား အဓိကဟောကြားခဲ့သောတရားတော်များတွင် ပေါင်းစပ်ထားသောရုပ်နာမ် တရားအားလုံး၊ ရုပ်နာမ်ဖြစ်ရပ်များ၏မတည်မြဲခြင်း၊ “ဝိညာဉ်” (ဝါ) “အတ္တ” ဟူ၍မတည်ရှိခြင်း သို့မဟုတ် လောကီ လောကုတ္တရာတရားတို့၌ ခိုင်မြဲသောဒြပ် အနှစ်အသားမရှိခြင်းနှင့် အဆက် မပြတ် ပြောင်းလဲနေသောဖြစ်စဉ်၌ ထာဝရတည်မြဲသောကောင်းကင်ဘုံဟူ၍မရှိခြင်းများကို ဟော ကြားထားပေသည်။
“အနတ္တ” (ဝါ) “အတ္တမရှိခြင်း” သဘောသည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော တရားတော်များအားလုံး၏ ဗဟိုမဏ္ဍိုင်ဖြစ်ပေသည်။ “အနတ္တ” သဘောကို သင်ကြားပေးခြင်း၌ လေးနက်သိမ်မွေ့သော ကိုယ်ကျင့်တရားတန်ဖိုးရှိပေသည်။ လူတို့သည် “အတ္တ” ကို အမှန် တကယ်ရှိသည်ဟု ယုံကြည်နေသမျှကာလပတ်လုံး တစ်ကိုယ်ကောင်းဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့် မည်မဟုတ်။ “အတ္တ” (ဝါ) ငါ၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာဟူသော တပ်မက်မှုတဏှာကြောင့် လောဘ ဒေါသ မောဟ အစရှိသော ကိလေသာအညစ်အကြေးတို့ကို ဖြစ်ပေါ်စေပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် “အတ္တ” (ဝါ) “ငါ” ရှိသည့်နေရာတိုင်း၌ စင်ကြယ်သောကိုယ်ကျင့် သီလမရှိနိုင်” ဟု မိန့်ဆိုတော်မူခဲ့ပေသည်။
“အနတ္တ” ဆိုသည်မှာ အလုံးစုံသော ဘုံသုံးပါးတို့၌ဖြစ်သော အရာဟူသမျှသည် “အတ္တ” မဟုတ် ငါမဟုတ၊် အနှစ်အသားမရှိ၊ မိမိအလိုအတိုင်းမဖြစ်၊ အစိုးမရဟု အဓိပ္ပါယ်ရပေသည်။
နာမ်နှင့်ရုပ်-သဘာဝဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓ၏အမြင်မှာ ၄င်းဖြစ်ရပ်အားလုံးသည် အစစ်အမှန်မဟုတ်ဘဲ အမြင်မှားခြင်း (illusion) များသာဖြစ်ကြပေသည်။ ရုပ်ဝတ္ထုအကောင် အထည်အနေဖြင့်မြင်တွေ့နေရခြင်းမှာ အစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာ ဖြစ်ကြောင်း မြတ်စွာဘုရားသည် မီးလုံးကြီးကိုသာဓကပြ၍ ဟောကြား တော်မူခဲ့ပေသည်။ မီးလုံးကြီးတစ်လုံးကို စက်ဝိုင်းလမ်းကြောင်းအတိုင်း လျင်မြန်စွာလှည့်ပတ်ခြင်း ဖြင့် မီးကွင်းကြီးတစ်ခုသဖွယ် အချိန်ကာလတစ်ခုမျှ မြင်တွေ့ကြရပေမည်။ ဤမြင်တွေ့ရသော မီးကွင်းကြီးမှာ အမှန်တကယ်မီးကွင်းကြီးမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ် ပေသည်။ ဤဥပမာမှ အချို့သောအခြေအနေများနှင့် အချိန်ကာလတစ်ခုအတွင်း၌ ရွေ့လျားမှုသည် တည်ငြိမ်မှုဟူသောအမြင်မှားကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရပေသည်။
ပတ္တမြားအစစ်၊ စိန်အစစ်တို့သည် ပွတ်တိုက်လေလေ၊ အရောင်တောက်ပြောင်လာလေလေ ဖြစ်သကဲ့သို့ ဗုဒ္ဓတရားတော်များသည်လည်း ဆန်းစစ်လေလေ ပိုမိုတောက်ပြောင် မှန်ကန်လာ လေလေပင်ဖြစ်သည်။ သိပံ္ပပညာ၏တိုးတက်မှုသည် ဗုဒ္ဓတရားတော်များ၏မှန်ကန်မှုကို ပိုမို ပေါ်လွင်ထင်ရှားလာစေပေသည်။
သက်ရှိသတ္တဝါအတွင်း ဖြစ်ပေါ်လျက်ရှိသော Metabolism ခေါ် ဇီဝဖြစ်စဉ်များကို လေ့လာ ကြည့်ပါက၊ သက်ရှိသည် စားသောက်လိုက်သော အစာအဟာရ ရုပ်ဝတ္ထုများကို သက်ရှိ ကလပ်စည်းများအဖြစ် ပြုပြင်ဖွဲ့စည်းလိုက်ပြီး (ANABOLISM) ၊ တဆက်တည်းမှာပင်၊ ၄င်းသက်ရှိ သွားလာ လှုပ်ရှား လုပ်ကိုင်ရန်လိုအပ်သောစွမ်းအင်ရရှိရေးအတွက် ယင်းသက်ရှိကလပ်စည်းများ ကို ပြန်လည်ဖြိုခွဲပြီး (CATABOLISM)၊ ဇီဝရုပ်ကြွင်းများအဖြစ်ပြောင်းလဲလိုက်ပြန်သည်။ ယင်းဇီဝ ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်၊ သက်ရှိ ကလပ်စည်းများသည် အလွန်လျင်မြန်စွာ ဖြစ်လိုက် ပျက်လိုက် စဉ်ဆက်မပြတ်ဖြစ်နေခြင်းကြောင့်သာ ရုပ်ဝတ္ထု အကောင်အထည်အဖြစ် ထင်မှတ်နေ ကြခြင်းသာဖြစ်ပေသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် မြတ်စွာဘုရားဥပမာပေးခဲ့သော အလွန်လျင် မြန်စွာလှည့်ပတ်နေသည့် မီးလုံးကြီးကို မီးကွင်းကြီးသဖွယ် ထင်မှတ်နေခြင်းမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟုထင်မှတ် နေသောအရာမှာ သက်ရှိကလပ်စည်းများ၏ ဖြစ်ပျက်မှု အစဉ်မျှသာဖြစ်ပြီး၊ ငါ၊ ငါ့ကိုယ်၊ ငါ့ဝိညာဉ်ကောင်ဟူ၍ အနှစ်အသား တစ်စုံတစ်ရာမျှမရှိ၊ ဗလာ၊ နတ္ထိပင်ဖြစ်သောကြောင့်၊ မြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော “အနတ္တ“ တရားတော်မှာ မှန်ကန်ကြောင်း ဇီဝဗေဒသဘော တရားအရ တွေ့ရှိရပေသည်။
တဖန် ရူပဗေဒပညာရှုထောင့်မှကြည့်ပြန်လျှင်လည်း-
ကျောက်တုံးတစ်တုံးသည် ကျွန်ုပ်တို့ပကတိမျက်စေ့ဖြင့်မြင်တွေ့ရသည့်အတိုင်း အတိအကျပင် အစိုင်အခဲဖြစ်ပေသည်။ သို့သော် ရူပဗေဒပညာရှင်များကမူ ယင်းကျောက်ခဲကို ခဏမစဲရွေ့လျား နေသော အဏုမြူအမှုန်ကလေးများ၏ အစုအဖွဲ့တစ်ခုဟုသာ ဆိုကြပေလိမ့်မည်။ ထိုအမှုန် ကလေးများသည် ဆွဲငင်ခြင်းများနှင့် တွန်းကန်ခြင်းဆိုင်ရာ အီလက်ထရွန်နစ်နိယာမများအရ တစ်ပေါင်းတည်းစုဖွဲ့နေရန် ထိန်းထားခြင်းသာဖြစ်ပေသည်။ အမှန်တွင် အီလက်ထရွန်များ၏ ဒြပ်အားလုံးသည် ၄င်း၏လျှပ်စစ်ဓာတ်ကြောင့်ဖြစ်ကြောင်းကို လက်တွေ့စမ်းသပ်ချက်များက ဖေါ်ပြ ခဲ့ပေသည်။ ဤအချက်သည် ဒြပ်ဝတ္ထု၌ ရုပ်အနှစ်အသားမရှိကြောင်းကို ငြင်းဆို၍မရအောင် သက်သေပြခဲ့သည့်အပြင် ဒြပ်သည် စွမ်းအင်သန့်သန့်မျှသာဖြစ်ကြောင်း သက်သေပြလာနိုင်ခဲ့ ပေသည်။
ထို့ကြောင့် သိပံ္ပပညာ၏တွေ့ရှိချက်များအရ၊ ကျွန်ုပ်တို့သည် ရုပ်လောကတစ်ခုလုံးကို ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion) သာဖြစ်သည်ဟုဆိုရပေလိမ့်မည်။ ဤအမြင်မှားနေသော လောကကြီး၌ စွမ်းအင်သည် ဒြပ်ဝတ္ထုအဖြစ် အသွင်အမျိုးမျိုးဖြင့် ဟန်ပါပါသရုပ်ဆောင်လျက်ရှိပေ သည်။
ဤသို့လျှင် မြတ်စွာဘုရား၏ ရုပ်နာမ်ဖြစ်ရပ်များအပေါ်ရှုမြင်မှုများကို ယနေ့သိပ္ပံပညာက အမှန်တကယ်ပင်မှန်ကန်ကြောင်း အတည်ပြုပေးထားပေသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ အသိ အာရုံများအရ မည်သို့ပင်ထင်မြင်နေစေကာမူ ရူပဗေဒက ကျွန်ုပ်တို့အားတင်ပြပေးသော ရုပ်နာမ် ဖြစ်ရပ်ဆိုင်ရာကမ္ဘာ့ရုပ်ပုံလွှာသည်ကား အစိုင်အခဲသဘောမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အနှစ်အသား မရှိပေ။ ဤအစိုင်အခဲ ပုံသဏ္ဍာန်၊ အနှစ်အသား သဘောတရားတို့ကို စကြဝဠာတစ်ခုလုံး မည်သည့်နေရာတွင်မျှ မမြင်တွေ့နိုင်ပေ။ ခဏမစဲ ဖြစ်ပျက် ပြောင်းလဲနေသော သန္တ တိ အစဉ် အဖြစ၊် အမြဲထာဝရတည်ရှိနေကြသည့် အတူတကွပေါင်းစပ်ထားသော စွမ်းအင်များသာရှိပေ သည်။
သိပံ္ပကမ္ဘာ၌ အလှည့်အပြောင်းသည် အဏုမြူကို ခွဲခြမ်းစိတ်ဖြာ၍ စွမ်းအင်အဖြစ်သို့ ဖြိုခွဲနိုင် သည့်အချိန်မှစတင်ခဲ့ပေသည်။ အဏုမြူမှ စွမ်းအင်အဖြစ်သို့ ပြိုကွဲခြင်းသည် ရောင်ခြည်တစ်မျိုးမှ အခြားတစ်မျိုးသို့ ကူးပြောင်းပေးသောနည်းစဉ်ဖြစ်သည်။ အီလက်ထရွန်အမှုန်များ၏ ခဏမစဲ ဆက်တိုက် ဖြစ်ပျက်သံသရာလည်နေခြင်းသာဖြစ်ပေသည်။
ထို့ကြောင့် ရူပဗေဒသဘောတရားအရ အစိုင်အခဲများဟူသည်မှာ ဟင်းလင်းပြင်နှင့်အချိန်တို့ ၏ အဆက်မပြတ်ဖြစ်ပျက်နေမှုအစဉ်၌ ဖြစ်ရပ်ငယ်များသာဖြစ်ကြပြီ၊် ရုပ်ဝတ္ထုဟူသည်မှာ အဓိက အားဖြင့် အနှစ်အသားမရှိ ဟင်းလင်းပြင်သာဖြစ်ပေသည်။
အစိုင်အခဲသည်ပင်လျှင် အာရုံများကပေးဆောင်သော မှားယွင်းသည့်အချက်အလက်များ အပေါ်အခြေခံပြီး တီထွင်ထားသောအသုံးအနှုန်း ဝေါဟာရတစ်ခုမျှသာဖြစ်သည်။ အစစ်အမှန်ဖြစ် သောအခြေခံဟူ၍မရှိပေ။ သို့ဖြစ်၍ အီလက်ထရွန်များမှအစ ကောင်းကင်တွင်သွားလာနေကြ သောကြယ်တာရာများအထိ မရွေ့လျားဘဲ တည်ငြိမ်နေသည့်အရာဟူ၍မရှိပေ။ မရွေ့လျားခြင်း ဟူသည်မှာ ထင်မြင်ချက်မျှသာဖြစ်ပေသည်။
ဤသို့ဖြင့် သိပ္ပံပညာသည် ၄င်းနည်း ၄င်းဟန်ဖြင့် ဗုဒ္ဓဟောကြားတော်မူခဲ့သော “အနတ္တ” တရားတော်ကို မှန်ကန်ကြောင့် အတည်ပြုထားပေသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ သန္တ တိအစဉ်နှင့် ရုပ်နာမ်တို့၏အနှစ်အသားကင်းမဲ့ခြင်းသဘောတရားသည် ဗုဒ္ဓတရားတော်များ၏ အခြေခံအချက်များဖြစ်သောကြောင့်ဖြစ်ပေသည်။
အတ္တ၊ ငါကောင်၊ ဝိညာဉ်ကောင်ရှိကြောင်းကို ဗုဒ္ဓဝါဒတစ်ခုတည်းကသာ လက်မခံ ငြင်းပယ် ခြင်းသည် လူတို့၏တွေးတောကြံဆမှုသမိုင်းတွင် ထူးခြားနေသော အချက်ကြီးဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မူသော တရားဒေသနာများအရ ‘အတ္တ’အယူဝါဒသည် စိတ်ထင်မျှသာဖြစ်သော လွဲမှားသည့်အယူဝါဒဖြစ်၍ စိတ်တွင်အကောင်အထည်ဟုထင်မြင်နေသောအရာများမှာ အစစ် အမှန်များမဟုတ်ကြပေ။ ၄င်း ‘အတ္တ’ ဝါဒသည် ‘ငါ’၊ ‘ငါ့ဟာ’၊ ‘ငါ့သား’၊ ‘ငါ့မယား’ စသည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေသော စိတ်အကြံအစည်၊ တစ်ကိုယ်ကောင်းစိတ်ထား၊ လောဘတဏှာ မက်မောခြင်း၊ ဒေါသအာဃာတထားခြင်း၊ မာနကြီးခြင်း၊ ထောင်လွှားခြင်း အစရှိသောကိလေသာ အညစ်အကြေးများ ပြဿနာများကို ဖြစ်ထွန်းစေပေသည်။ ဤ ‘အတ္တ’ ဝါဒသည် လူပုဂ္ဂိုလ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည်မှအစ တိုင်းပြည်အချင်းချင်းစစ်မက်ဖြစ်ပွားရသည့်အထိ ကမ္ဘာ့ဒုက္ခ ပြဿနာအပေါင်းတို့၏ မူလအကြောင်းရင်းဖြစ်ပေသည်။ အတိုချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် မကောင်းမှုဟူသမျှသည် ဤမှားယွင်းသော ‘အတ္တ’ ဝါဒတွင်အခြေခံပေသည်။
အကယ်၍ မြတ်စွာဘုရားသာ ပွင့်တော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို ဝေဖန်ပိုင်းခြား မသိမြင်နိုင်ကြဘဲ၊ “မောဟ” တည်းဟူသော အမိုက်မှောင်ဖုံးလွှမ်းမှုကြောင့် သံသရာဝဋ်ဆင်းရဲတွင်းမှ လွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်များကိုသိရှိပွားများကြပြီး၊ တရားတော် များကို ယုံကြည်မှုသဒ္ဒါထက်သန်စွာဖြင့် ကျင့်ကြံအားထုတ် ပူဇော်နိုင်ကြစေရန် ရည်သန်လျက်၊ ဤ“အနတ္တ” တရားတော်နှင့် ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များကို ရေးသားတင်ပြအပ်ပါ သည်။
မြတ်စွာဘုရား၏သာသနာတော်ကြီးနှင့်လည်းကြုံခိုက် မရုန်းလိုက်လျှင် အရှုံးနင့်ပြင် ရှိခြိမ့်မည်။
မကွေ့ မကောက် အဖြောင့်တရားတွေ့ပါသားနှင့် အများရူးတိုင်း နင်မရူးနှင့်။
ထူးသည့်အခါ၊ ဝိပဿနာကို အခါခါပွားမှ သွားမည့်သံသရာ အစဉ်ပါမည် သင်သာသတိထား။
အပြောသမား၊ အဖတ်သမား၊ အမှတ်သမားဘဝမှ အလုပ်သမားဘဝသို့ ချီတက်ကြပါစို့ ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီက မိန့်ကြားတော်မူခဲ့ပါသည်။
ဦးသန့်ဇင်
ကျမ်းကိုး။ BAPTIST, EGERTON C. ရေးသာသော “THE SUPREME SCIENCE OF THE BUDDHA” စာအုပ်ကို ဒေါက်တာမင်းတင်မွန် မြန်မာဘာသာပြန်ဆိုသည့် “သိပံ္ပနယ်လွန် ဗုဒ္ဓဘာသာ” စာအုပ်ကို မှီငြမ်းကိုးကား ရေးသားဖေါ်ပြပါသည်။

Thursday, October 4, 2012

အံ့ဖွယ် (၈) ဖြာ သာသနာ ...


တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်ကမြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေမွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး အာနုဘော်တွေ၊မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့် ရှေးဦးစွာ
မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။
ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုးရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်ကမြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု
လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ
(၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကိုမြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ နှိုင်းယှဉ်၍
ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။
အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်းနက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။

၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏
သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်တွေကအသက်ဟူသောအကြောင်းကြောင့်ပင်မလွန်ကြူးကြပေ။

၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ
သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်းဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ဒုဿီလပုဂ္ဂိုလ်တွေကိုသာသနာတော်ကြီးကအရှည်မထားပါဘူး။သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှထုတ်ပစ်လိုက်တယ်။

၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ
ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့်
အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ဤရဟန်းကသူဆင်းရဲပဲလို့နာမည်အသီးသီးမခွဲခြားတော့ပါဘူး။သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့
တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။

၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့
မရှိသလိုမြတ်စွာဘုရားသာသနာတော်မှာလည်းရေတွက်လို့မရနိုင်လောက်အောင်များတဲ့ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးကကျယ်သွားတယ်လို့လည်း မရှိဘူး။ သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့်နိဗ္ဗာန်ကြီးဟာပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။

၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ရတနာအမျိုးမျိုးတွေ(ဆယ်မျိုးလောက်ရေတွက်လို့ရတယ်) ရှိနေတာလည်းပဲအံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း သတိပဋ္ဌာန်တရား ၄-ပါး၊
သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဗိုလ်၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း အံ့ဖွယ်တခုဖြစ်ပါတယ်။

၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ရေတို့၏အရသာသည်ဆားငံအရသာတစ်မျိုးတည်းပင်ရှိသကဲ့သို့မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှလွတ်မြောက်ခြင်းအရသာတည်းဟူသောဝိမုတ္တိရသအရသာတစ်မျိုးတည်းရှိခြင်းသည်လည်း
အံ့ဖွယ်တခုဖြစ်ပါတယ်။

၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာသမုဒ္ဒရာအတွင်းကတိမိင်္ဂလစသည့်အလွန်ကြီးသောငါးကြီးတွေနေရာဖြစ်ပါတယ်။
ဒါဟာလည်း သမုဒ္ဒရာကြီး၏အံ့ဖွယ်တခုဖြစ်သလိုမြတ်စွာဘုရားသာသနာတော်မှာလည်းမဂ္ဂဋ္ဌာန်၎ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်းသာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်ဖြေကြားတော်မူခဲ့ပါတယ်။
(အံ-၃၊ ၄၂၊ ၄၃)

Thursday, September 13, 2012

တစ်မလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်း။

သေလျှင်ပြတ်တာဘဲ၊နောက်ဘ၀ဆိုတာမရှိဘူးဟူ၍ တမလွန်ဘ၀ကိုလက်မခံသောသူသည် ကိုယ့်ကျိုး ကိုယ့်စီးပွားတစ်ခုတည်းကိုသာ ကြည့်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ရဲလာသည်။ ထို့ကြောင့်ယခုဘ၀မှာပင် ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ရှုတ်ချမှုကို ခံရသည့်အပြင် လောကပြစ်ဒဏ်ကိုလည်းခံရနိုင်သေးသည်။
ဤကား တမလွန်ဘ၀လက်မခံခြင်းအတွက် ယခုဘ၀ခံစားရသော ဆိုးကျိုးပင်ဖြစ်၏။
သူထင်သလို တမလွန်ဘ၀မရှိခဲ့လျှင် တော်ပါသေး၏။ အကယ်၍တမလွန်ဘ၀ရှိခဲ့လျှင် မကောင်းမှုကိုသာလုပ်ခဲ့သူဖြစ်သောကြာင့်
အကောင်းသောဘုံသို့ရောက်ပြီး မကောင်းကျိုးမျာကိုသာခံစားနေရပေလိမ့်မည်။ ထို့ကြောင့်တမလွန်ဘ၀ကို
လက်မခံသောသူအတွက် ယခုကော နောင်ပါကောင်းနိုင်လိမ့်မည်မဟုတ်ပေ။
တမလွန်ဘ၀ကိုလက်ခံသောသူသည်ကား မကောင်းတာကိုလုပ်လျှင် မကောင်းကျိုးခံစားရမည်။မကောင်းသောဘုံသို့ရောက်မည်ဟု ယုံကြည်သောကြောင့် မကောင်းတာမှန်သမျှ မလုပ်ဖြစ်တော့။
ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်။ ကောင်းသောဘုံသို့ရောက်မည်ဟူ၍ ယုံကြည်သောကြောင့် လောကကိုကောင်းကျိုးပြုသော ပရဟိတအလုပ်ကို
များများလုပ်ဖြစ်၏။ ထို့ကြောင့် ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းခြင်းကိုခံ၏။ ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် ယခုဘ၀မှာ ရသောကောင်းကျိုးပင်ဖြစ်၏။
ထိုသူသေသွားလျှင် နောင်ဘ၀ဆိုတာမရှိခဲ့လျှင်လည်းဘာမှမဖြစ် နောင်ဘဝ
ရှိခဲ့လျှင်လည်း ကောင်းတာကို ပြုလုပ်ခဲ့သောသူဖြစ်သောကြောင့် ကောင်းသောဘုံသို့ရောက်ပြီး ကောင်းသောအကျိုးကိုသာခံစားရမည်ဖြစ်သည်။
ဤကားတမလွန်ဘ၀ကို လက်ခံသောသူအတွက် သံသရာကောင်းကျိုးပင်ဖြစ်၏။
ဤအကြောင်းကို မြတ်ဗုဒ္ဓသည် အပဏ္ဏဇတ်တော်တွင် တမလွန်ဘ၀ကို လက်ခံခြင်းနှင့် လက်မခံခြင်းအတွက် ဖြစ်ပေါ်နိုင်မည့် အကျိုးဆက်များကို
ဟောထားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ( မေတ္တာရှင်ရွှေပြည်သာဆရာတော်အရှင်ဇ၀န)။

Friday, September 7, 2012

ရုပ်ပွားဆင်းထုတော် ပူဇော်ရခြင်းအကျိုးများ။



မြတ်စွာဘုရား၏ရုပ်ပွား ဆင်းထုတော်ကို ပူဇော်ရှိခိုးကြသည့်သူများသည် ‘’သက်တော်ထင်ရှားမြတ်စွာဘုရားပါတကား’’ ဟုဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးသူများဖြစ်ကြပါသည်။
ဤကဲ့သို့ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် ‘’သမေ စိတ္တေ သမံ ဖလံ ‘’ဆိုသည့်အတိုင်း ဘုရားဟောပါဠိတော်အရ
အကျိုးထူးများ ရရှိနိုင်ပါသည်။
‘’ စိတ္တေ၊မိမိစိတ်သည်။ သမေ၊သက်တော်ထင်ရှားမြတ်စွာဘရား၏ ဆင်းထုတော်နဲ့ အညီအမျှထားနိုင်သည်ရှိသော် ။ သမံ ဖလံ၊ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးထူးတရား အတူတူပင်ရရှိနိုင်ပါသည်’’ ထို့ကြောင့်ရုပ်ပွားဆင်းထုတော်ကိုယ်းကွယ်သူများ၏ စိတ်သည် အချုပ်ဖြစ်သည်။
မိမိစိတ်သည်စွမ်းလျှင် မိမိအား အကျိုးပေးမည်သာ ဖြစ်ပေသည်။
မိမိတို့နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းထုတော်ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။ ဒီ့ထက်တတ်နိုင်ပါက စင်ကိုပိတ် လိုက်ကာ ၊သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။
ဘုရားစင်ရှေ့ ဒူးထောက်ပေါင်ကား မနေသင့်ပေ။ မြတ်ဗုဒ္ဓကို အဂါရ၀ဖြစ်အောင် ပြုလုပ်နေထိုင်လျှင်
အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ။အမင်္ဂလာ စကားမပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။
မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းထုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ
အကျိုးကျေးဇူး (၉) မျိုးရရှိပါသည်။
၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းဖြစ်သည်။

၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက်လာသည်။

၃။ အိမ်တွင်ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ်
ထက်မြက်ခြင်းများဖြစ်လာသည်။

၎။ နေ့စဉ်နဲ့အမျှ ကုသိုလ်တရားများ တိုးပွားလာပါသည်။

၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေချာကြည့်၍ အာရုံပြုလိုက်ခြင်းအားဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှာ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။

၆။ အိမ်တွင်ဘုရားစင်ရှိသဖြင့် နာနာဘ၀ ၀နာဘ၀များ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

၇။ ဆင်းရဲဒုက္ခများကို သည်းခံလာနိုင်သည်။

၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နနထားလျှင် အိမ်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။
(ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ ထုတ်ယူတင်ပြပါသည်)။

Friday, August 10, 2012

ဤလော၌ အမြဲတစေ ပူဇော်ရမည့်အရာ(၅)မျိုး..


၁။ ရိုးရာယဉ်ကျေးမှု ။
ရိုးရာယဉ်ကျေးမှုကိုသာမထိန်းသိမ်းပါက ဘယ်လူမျိုး ဘယ်တိုင်းရင်းသားမဆို မိမိတို့သက်ဆိုင်ရာ မျိုးနွယ်သည်

ဤကမ္ဘာမြေပြင်ပေါ်မှ ရေရှည်ထင်ရှားနိုင်မည်မဟုတ်ပေ။
အမြဲတစေ ပူဇော်ခြင်းဟူသည်မှာ အလေးအမြတ်ပြု၍ ထိန်းသိမ်းခြင်းပင်ဖြစ်၏။

၂။ ဆရာသခင်ကျေးဇူးရှင်များ..။
အကယ်၍ ဆရာသခင်ကျေးဇူးရှင်များက ဤလောက၌ လူပီပီပြင်ပြင်
နေထိုင်ရေးအတွက် သွန်သင်ပြသ ဆိုဆုံးမခြင်းမရှိခဲ့ပါလျှင် တောရိုင်းတိရိစ္ဆာန်များနှင့် ဘာမျှခြားနားနေလိမ့်မည်မဟုတ်ပေ။ ဤအစဉ်အလာသည် မြတ်ဗုဒ္ဓပွင့်တော်
မူသောအခါ၌ပင် အာစရိယ ဂုဏော အနန္တော အနေဖြင့် တည်ရှိနိုင်ဖြင်း ဖြစ်၏။

၃။ ကျေးဇူးကြီးမား မိဘများ...။
အကယ်၍သာ မိဘဟူ၍ မရှိဘူးဆိုပါလျှင် ကျွန်ုပ်တို့လူသားများ အနေနှင့်
ဤကမ္ဘာပြင်၌ မတည်ရှိနိုင်ကြောင်းမှာ အထူးပြောနေစရာမလိုတော့ချေ။
ထိုကြောင့် လူသားတိုင်းအတွက် မိဘသည် အမြဲတစေပူဇော်ရမည့်အရာဖြစ်၏။ အမှန်အားဖြင့် မိဘဟူသည် ပဓာနကျေးဇူးရှင်ဖြစ်၍ ကျန်ပူဇော်ရမည့်အရာလေးမျိုးမှာ အပဓာနကျေးဇူးရှင်များဖြစ်ကြ၏။

၎။ မိမိမှတစ်ပါးသော အခြား လူသားများ ဖြစ်ကြ၏..။
လူဟူသည် မိမိတစ်ယောက်တည်းသာ အထီးကျန်နေနိုင်သော သတ္တ၀ါမျိုး မဟုတ်ပါချေ။ လူ့သမိုင်းတွင် လူ့ယဉ်ကျေးမှုဟူ၍ မပေါ်ပေါက်မီ ကာလကပင် စ၍ လူတို့သည် အသင်းအဖွဲ့နှင့် နေနြေုကသူများဖြစ်ကြလေရာ မိမိမှ တစ်ပါး အခြားသောလူသားများသည်လည်း လူတိုင်းလူတိုင်းအတွက် ပူဇော်ရမည့်အရာများပင်ဖြစ်၏။ ပူဇော်ခြင်း ဟူသည် အလေးအမြတ်ပြု၍ တန်ဖိုးထားဖြင်းပင်ဖြစ်၏။ အခြားသောသူများကိုးတန်ဖိုးမထားတတ်သောသူသည် မိမိကိုယ်ကိုယ်လည်းတန်ဖိုးထားတတ်သောသူ မဟုတ်ပါချေ။
အမှန်အားဖြင့်လည်း ဤလောက၌ မငြိမ်းချမ်းနိုင်ကြခြင်းမှာ လူသားဟူသမျှကို အမြဲတစေ အလေးအမြတ်ထား၍ ပူဇော်ထိုက်သူများ အဖြစ် မခံယူနိုင်ကြသောကြောင့်သာဖြစ်၏။

၅။ ကျေးငှက်တိရိစ္ဆာန်များ အပါဝင် ပတ်ဝန်းကျင်ရုပ်လောကဖြစ်၏..။

ကျေးငှက်တိရိစ္ဆာန်များ အပါဝင် ပတ်ဝန်းကျင်ရုပ်လောက သည်လည်း လူသားများအတွက် အသက်ရှင်နေထိုင်နိုင်ရန် ကျေးဇူးများလှပါ၏။
ရုပ်လောကအား အလေးမြတ်ပြု၍ ပူဇော်ခြင်းဟူသည်မှာ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေတွင်းရေကန်များ တူဖော်ခြင်း၊ လမ်းများဖောက်လုပ်ပေးခြင်း၊
ခရီးသွားများ နားခိုဖို့ရန် တည်းခိုဇရပ်များ ဆောက်လုပ် လှူဒါန်းဖြင်းဖြစ်ပါ၏..။
ပူဇော်ခြင်းဟူသည်မှာ...
၁။ နိရ၀ေဿသပူဇာ = မိမိစွမ်းနိုင်ေသမျှ အားသွန်ခွန်စိုက်ပူဇော်ခြင်း..။
၂။ နိရန္တရပူဇာ = မခိုမကပ် အမြဲမပြတ်ပူဇော်ခြင်း..။
၃။ စိရံကာလပူဇာ = ပူဇော်မှုလုပ်ငန်း မပြီးဆုံးမချင်း ပူဇော်ခြင်း..။
၎။ သက္ကစ္စပူဇာ = ရိုသေလေးစားစွာပူဇော်ခြင်း..။
တို့ပင်ဖြစ်ကြပါသည်။
(ဦးရွှေအောင်)

Tuesday, May 29, 2012

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်( ၃၂ )ပါးအကြောင်းသိကောင်းစရာ။


မတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို

 ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်
၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်
ပါးမှတစ်ပါး အခြားအလားအလာမရှိဟုမိန့်တော်မူပါသည်။ဤလက္ခဏာများရရှိခြင်းသည်
 ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့်
 ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။

(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။

(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။

(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။

(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။

(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။

(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။

(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။

(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။

(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။

(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။

(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။

(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။

(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။

(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။

(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။

(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။

(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။

(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။

(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။

မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။
မှတ်ချက်။ ။ဝိမုတ္တိ VIMUTTISUKHA မှတဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။


Friday, May 4, 2012

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ...

မဟာဗောဓိပင်နှင့်မဟာဗောဓိစေတီတော်..
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ 

ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် 

(သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် 

(ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ 

ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

In the evening after Sujata's lovely meal he went to Gaya and looked for a suitable place to sit down and meditate. He set under a tree called the Bodhi tree with his face 
to the East and made an earnest wish with very strong determination that " Though 
my skin, my nerves and my bones, shall waste away and my life blood go  dry i will not leave this seat until i have attained the highest wisdom called supreme Enlightenment that leads to Everlasting Happiness”

Wednesday, May 2, 2012

လက်ကိုင်ဖုန်းတစ်လုံး၏အရေးပေါ်အသုံးဝင်ခြင်း..


မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်
လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။

(၁) အရေးပေါ် အတွက် သုံးလို့ရတယ်
keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့ အိုကေပါတယ်)

(၂) ဖွက်ထားတဲ့ အပို ဘတ္ထရီ ရှိတယ်နော်

တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့

တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့

(၃) ကားထဲမှာ သော့တွေ ကျန်ခဲ့ရင်လည်း သုံးလို့ရတယ်

ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက် ပြောတာပါ တနေ့... အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့ ဘာလုပ်မလဲ ?။

1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားလိုက်ပါဦး။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းကြည့်ပါ။

ကားတံခါး ပွင့်သွားပါလိမ့်မယ်။

စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ လက်ကိုင်ဖုန်းကြောင့်ပါပဲ။


(၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျ

ကိုယ့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ ကိုယ့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊ ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး ကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ ကိုယ့်ဖုန်းရဲ့  ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူများတွေ မသိအောင် ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး များကို ကိုယ့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ................. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး ကိုယ်ဟာ ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ရင်တော့ ကိုယ့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ နို့ပေမယ့် ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့ မရနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

(ဟဲဟဲ..တစ်ခုရှိတာက မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)

ဒါတွေကတော့ ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက် ဖုန်းတွေအတွက် သီးသန့် ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokia ဖုန်းတွေက အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်း ပြန်ဖော်ပြလိုက်တယ်နော်။
( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့ တစ်ခုနဲ့ တစ်ခု မတူပါဘူး။)


Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလို ၀ယ်ပြီးတဲ့အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီး ကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Code တွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်း ပြတတ်ပါတယ်။

ကဲ..ပြောနေတာကြာပါတယ်။ ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-

IMEI ( International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06# ကိုနှိပ်ပြီးကြည့်လို့ရတယ်။

နောက်ပြီး LCD display ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။

အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။

Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

ဖုန်းရဲ့ ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့် ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာပြုပြင်ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ဖုန်း life time ကို သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။

မှတ်သားထားသော ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။

series 60 ဖုန်းတွေအ တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင် ဖုန်းပြန်ပွင့်သွားမှာပါ။
Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ.. တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတွေကို သိပ်ပြီး မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်း ၀င်သွားနိုင်ပြီးတော့ အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်း ကိုပို့လိုက်ရပါလိမ့်မယ်။
ကဲ.. လောလောဆယ် သိသလောက်ကတော့ ဒါပါပဲ ။ ထပ်ပြီးသိတာနဲ့ ထပ်ဖော်ပြပါ့မယ်။

Friday, April 27, 2012

အတူမအိပ်သင့်သည့်အရာ(၅)မျိုး..။ ဆေးပညာ။


                   1. DON’T SLEEP WITH WATCH
Watches can emit a certain level of radioactivity.Though small, but if you wear

 your watch to bedfor a long time, 
it might have adverse effects on your health.
                   ၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..
နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…

နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့…
.ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..
                     2. DON’T SLEEP WITH BRA
Scientists in America have discovered those thatwear bras for more than 12 hours have
a higher risk of getting breast cancer.
So go to bed without it.

                       ၂. အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက
ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

                        3. DON’T SLEEP WITH PHONE
Putting the phone beside your bed or anywhere near you is not encouraged.
Though some of us will use phones as alarm clocks,but please put the phone as far as possible.Scientists have proved that electrical items includingmobile phone and television

 sets emit magnetic waves when used.
These waves can cause disruptions to our nervous system.Therefore if
you need to put your mobile phone near you, switch it off first.

                         ၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့
မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့
အသုံးပြုတတ်ကြပါတယ်….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာထားသင့်ပါတယ်. … ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ
အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

                4. DON’T SLEEP WITH MAKE UP
People who sleep with make up might have skin problems in the long run.
Sleeping with make up will cause the skin to have difficulty inbreathing and problem in

 perspiring. You will also need a much longer
time to go into deep sleep.

                     ၄.မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..
ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်…မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ…

                    Lastly…..
              5. DON’T SLEEP WITH OTHERS’ WIFE / HUSBAND
You may never wake up again.
               ၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူမအိပ်စက်သင့်ပါဘူးတဲ့

…ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့ပါဘူး ။
(မြန်မာဆေးဗဟုသုတမှတင်ပြပါသည်)



Sunday, March 25, 2012

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ ၃၂ ပါး...


မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။

(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။

(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။

(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။

(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။

(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။

(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။

(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။

(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။

(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။

(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။

(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။

(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။

(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။

(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။

(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။

(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။

(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။

(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။

(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။

မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။

မှတ်ချက်။ ။ဝိမုတ္တိ VIMUTTISUKHA မှတဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488