BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့
Showing posts with label ဝေဖန်သုံးသပ်ရေး. Show all posts
Showing posts with label ဝေဖန်သုံးသပ်ရေး. Show all posts

Thursday, February 21, 2013

ဂုဏ်ပကာသနဆိုသည်မှာ...

ဂုဏ်ပကာသနသည် တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို  မည်းနက်စေတယ်။

တစ်ချို့တစ်ချို့သောသူရဲ့စိတ်ကို  ဖြူစင်စေတယ်။

တစ်ချို့သောသူသည် ဂုဏ်မကာသနတွေမရှိခင်တုန်းက သူ့မိတ်ဆွေအပေါင်းသင်းတွေရဲ့အပေါ်မှာ

ရိုးသားဖြူစင်တယ်၊ သဘောထားပြည့်ဝတယ်၊ မာန်မာနတွေမထားဘူး၊ ပေါင်းသင်းရလွယ်ကူတဲ့သူ

ဖြစ်တယ်။ ဂုဏ်ပကာသနတွေရှိလာတဲ့အခါမှာတော့ သူ့အပေါင်းအသင်းမိတ်ဆွေတွေရဲ့အပေါ်မှာ

အမြင်တွေမကြည်လင် မရိုးသားချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်။

မာန်မာနတွေကြီးလာပြီး သဘောထားသေးသိမ်လာတယ်။ သူ့အပေါင်းအသင်းမိတ်ဆွေတွေကို

အထင်အမြင်သေးချင်လာတယ်။

တစ်ချို့တစ်ချို့သူသည် ဂုဏ်ပကာသနတွေရရှိလာတဲ့အခါ သူ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့

အပေါ်မှာ အရင်ကထက်ပိုပြီးရိုးသားဖြူစင်လာတယ်၊ သဘောထားတွေပိုပြီးပြည့်ဝလာတယ်၊

မာန်မာနတွေပါးသထက်ပါးလာပြီး ပေါင်းသင်းရတာ ပိုပြီးလွယ်ကူလာတယ်၊ ပွင့်လင်းလာတယ်။

သူ့အပေါင်းအသင်းမိတ်တွေ ပျော်အောင်လည်းပိုပြီးထားတတ်သလို

ပို၍လည်းအလေးထားတတ်လာတယ်။ တကယ်တော့ ဂုဏ်ပကာသနဆိုသည်မှာ

 ဘွဲ့ထူးဂုဏ်ထူးတွေကအစ မိမိတို့ရဲ့လိုအပ်ချက်တွေ ကိုယ်တိုင် ရှာဖွေစု

ဆောင်းလာနိုင်သည့်အဆုံးပါပဲ။ မိမိတို့ရလာသည့် ဒီဂုဏ်ပကာသနတွေအကြောင်းပြုပြီး

မိမိကိုယ်မိမိတစ်နေ့ထက်တစ်နေ့ သဘောထားတွေပြည့်ဝလို့မိမိရဲ့စိတ်တွေဖြူစင်စေပြီး

မိမိဘ၀ကိုရင့်ကျက်စေတာကမှ တကယ့်ဂုဏ်ပကာသနအစစ်ပါပဲ။ လူရဲ့စိတ်ကိုမည်းနက်စေပြီး

သဘောထားတွေသေးသိမ်လာရင်တော့ရထားတဲ့ဂုဏ်ပကာသနတွေသည်အတုလို့သာခေါ်ဆိုရမှာ

ပါပဲ။ အဲဒီဂုဏ်ပကာသနတွေများလာလေလေ သဘောထားတွေသေးသိမ်ပြီး ပျော်စရာတွေ

ဆုံးရှုံးလာလေ နေစရာနေရာတွေပို၍ကျဉ်းမြောင်းလာလေလေပါပဲ။ ဂုဏ်ပကာသနသည်

လူ့လောကမှာအနေလှနိုင်ဖို့ရန်အတွက် နည်းအမျိုးမျိုးနှင့်လူတိုင်းမှာရှာဖွေကြိုးစားရမှာပါပဲ။

 ဒါပေမယ့် လူရဲ့စိတ်ကိုဖြူစင်စေတဲ့ဂုဏ်ပကာသနကိုရတာက အကောင်းဆုံးပါ..။

Friday, January 25, 2013

စင်္ကာပူ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု ၏ မွတ်ဆလင်အပေါ်အမြင်}


မွတ်ဆလင်အဖွဲ့ အစည်းတွေနဲ့ အတိုက်အခံ မဖြစ်ချင်ပေမယ့် ပွင့်ပွင့်

လင်းလင်းပဲ ပြောခဲ့ရတယ် ။ အစ္စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံ

ဟာ အေးအေးချမ်းချမ်း ပဲ တိုးတက် လာခဲ့တယ် ။ ဘာကြောင့် များလဲလို့

ငါ့အမြင်ကို မေးရင် - ဒီ ပြင် လူတွေက အချင်းချင်း ရောနှောလို့ ရတယ် ။

မိတ်ဆွေဖွဲ့လို့ ရတယ် ။ အပြန်အလှန် အိ မ်ထောင် ပြုလို့ရတယ် ။

အိန္ဒိယန်း နဲ့ တရုတ် ၊ တရုတ် နဲ့  အိန္ဒိယန်း သူတို့ အချင်းချင်း

ဆက်ဆံနှီးနှော ရတာ ပိုလွယ်တယ် ။ မွတ်ဆလင်တွေ နဲ့  ကျတော့

အဲသလို မဟုတ်ဘူး ။ အဲဒါ အာရပ်နိုင်ငံတွေ က မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်

လုပ်ရ ၊ ဖြစ်ရမယ် ။ ဒါကြီးက မွတ်ဆလင် ဘာသာဝင်

မဟုတ်သူ တစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ ။ ဆိုလိုတာက

လိုက်(ဖ်) စတိုင်တွေ အကုန် လုံးပြောင်း ရတာ ။ မင်း ဗလီတက် မယ်ဆိုရင်

အာရပ် ဘာသာ သင်ရတယ်။ ရွတ်ရ ၊ ဖတ်ရ တာကလည်း အာရပ် လို ။

အစားအစာတောင် မှ အာရပ် ပုံစံ ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်

တဲ့ကိစ္စ လို့ ငါမြင်တယ် ။ ရာဇာရတန္နန် ရဲ့ အိုင်ဒီယိုလော်ဂျီ ကို

ငါမွေးစားခဲ့တာ ။ ဒီ အခက်အခဲက ဆယ်စုနှစ် များစွာ

ကြာတာတောင် ကျော်ဖြတ်နိုင် ဖို့မလွယ်ကူလှဘူး ဆိုတာ

ငါကောင်းကောင်း သဘောပေါက် ခဲ့တယ် ။ အခု လက်ရှိ အဖွဲ့  ကို

မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံး ယူခဲ့ ရတာ ။

လက်ရှိ အခြေအနေအရ ငါပြောမယ် ။ ဘယ် လူမျိုး ၊ ဘယ်ဘာသာဝင်

မဆို အလွယ်တကူ နှီးနှောနေထိုင် လို့ရတယ် ။ အစ္စလာမ် ကလွဲရင် ။

လီကွမ်ယု

စင်္ကာပူ ပထမဆုံးဝန်ကြီးချုပ် ။

http://www.lee-kuan-yew.com/

http://www.scribd.com/doc/106758539/Mr-Lee-Kuan-Yew-s-View-on-Islam
Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488