BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Tuesday, May 8, 2012

PNO ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီးအောင်ခမ်းထီ၏ အတ္ထုပ္ပတ္တိအကျဉ်း...


ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ(၂၇)ရက်နေ့ တွင် တောင်ကြီးမြို့နယ်၊

 ကျောက်တလုံးကြီး ကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအိုဝ်းပိန္တော ဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလဲုင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။
 အောင်ခမ်းထီ၏ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် (?)ခုနှစ်တွင် နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။

အောင်ခမ်းထီ (ခ) ခွန်ကီးသည် အသက်(၉)နှစ်ရသောအခါ မိဘနှစ်ပါးက ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ ပညာသင်ယူစေခဲ့သည်။ ၎င်း၏ အသက် (၁၀)နှစ်ရသောအခါ ဆရာတော် ဥပဇ္ဈာယ်ပြု၍ ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည် အင်းလေးကန်ရှိ အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည် ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင် လောကုတ္တရားဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင် လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ သင်ယူခဲ့သည်။

၁၉၅၀ တွင် ရှင်ဂန္ဓမာသည် မန္တလေးမြို့၌ မဟာနန္ဒိသေနာရာမတိုက်တွင် ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃ တွင် အင်လေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် ရှင်ဂန္ဒမာ၏ မိဘနှစ်ပါးမှ ပစ္စေလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခဲုင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်ဘ၀သို့ တက်ခဲ့သည်။

၁၉၅၈-၅၉ တွင် ရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို ဦးဆောင်ပြီး အရှေ့တောင်တန်း ပအိုဝ်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့် လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) [Pa-Oh National Liberation Army –PNLA] ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစ၀င်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင် လင်းခေးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင် (၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ သွားရောက်ပြီး ပအိုဝ်းလူငယ်များအား ပအိုဝ်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။ ထိုနောက် နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ၀ပ်ကျောင်အောက် ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို ဗိုလ်ချုပ်စံသိန်းကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan State Nationalities Liberation Organization- SSNLO] အမည်သို့ ပြောင်းဖွဲ့ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအိုဝ်းစာပေညီလာခံကို အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင် မောက်မယ်မြို့နယ် ပင်ကဲုင်းရွာ၌ ရလလဖနှင့် Shan United Revolutionary Army (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။

၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၀င်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀၀ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်န၀ါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ၀မ်းရောဂါဖြင့် သေဆုံးခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၇၅ သြဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်န၀ါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။

၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်းဝင်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသဲုင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ န၀တ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။

၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၂၀၀၇ တွင် ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၂ မတ်လ (၁၀)ရက်နေ့တွင် အောင်ခမ်းထီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တောင်ကြီးမြို့တွင် တွေ့ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွက် ဖွံ့ဖြိုးရေးအကြောင်းကို တင်ပြဆွေးနွေးခဲ့သည်။

န၀တ စစ်အစိုးရနှင့် PNO တို့ ငြိမ်းချမ်းရေးသဘောတူပြီး နောက်ပိုင်းတွင် PNO သည် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ဆောင်လာလေသည်။

PNO သည် အောင်ခမ်းထီဦးဆောင်မှုကာလတွင် အောင်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

(၁) ပညာရေးကဏ္ဍတွင်

အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်း
အခြေခံပညာအလယ်တန်းကျောင်း (၁၉) ကျောင်း
အခြေခံမူလတန်းကျောင်း (၃၇) ကျောင်း ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။
(၂) ကျန်းမာရေးကဏ္ဍတွင်

တိုက်နယ်ဆေးရုံ (၆)ခု
ကျေးလက်ကျန်းမာရေးဌာန (၇)ခု ကို အဆောက်အဦးနှင့်တကွ ဖွင့်လှစ်နိုင်ခဲ့သည်။

(၃) လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်

တောင်ကြီးမြို့-ကျောက်တလုံး- မွေတော်ကက္ကူ၏ ကတ္တရာလမ်း (၃၂)မိုင်
နောင်တရား- ကျောက်တလုံး၏ ကျောက်ချောလမ်း (၃၆)မိုင် (၄)ဖာလုံ
ကျောက်တလုံး- နမ်းပန်၏ ကျောက်ချောလမ်း (၆) မိုင်
တောင်ကြီး- စလဲ - ပန်ကွဲ၏ ကျောက်ချောလမ်း (၂၁) မိုင် စသည်ဖြင့် ဖောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
၂၀၁၂ တွင် ကျောက်တောင်- ကျောက်တလုံး-နောင်ယာဆိုင်- ဆိုင်ခေါဝ်-ဟိုနမ်း-မောက်မယ်၏ (၈၈)မိုင်ရှိ ကားလမ်းဖောက်လုပ်ရန် စီစဉ်ထားသည်။

(၄) ဘာသာရေး ကဏ္ဍတွင်
၁၉၉၂ တွင် နိုင်ငံတော် စစ်အစိုးရထံမှ ဗုဒ္ဓပိဋကတ် (၃)ဘုံကို အစိုးရထံမှ ပင့်ဆောင်ခွင့်ရခဲ့သည်။
၁၉၉၄ တွင် ရန်ကန်မြို့၌ ရွှေတိဂုံစေတီ တောင်ရင်းရှိ ဗဟန်းတွင် ပအိုဝ်းအမျိုးသားဓမ္မရုံကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။
၂၀၀၁ တွင် ကက္ကူမွေတော်ဘုရား ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး စေတီပုထိုးများကို ပြုပြင်ခဲ့သည်။
၂၀၀၁ ဒီဇင်ဘာလတွင် ဗုဒ္ဓမြတ်သရီရဓါတ်တော်ကို သီရိလင်္ကာနိုင်ငံမှ သွားရောက်ပင့်ယူပြီး မွေတော်ကက္ကူစေတီတွင် ပူဇော်ခဲ့သည်။
၂၀၀၂ မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်၌ တန်ပေါင်း (၃၀၀၀)ရှိသော မဟာကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်သို့ လွဲအပ်လှူဒါန်းခဲ့သည်။
၂၀၀၃ တွင် သီရိလင်္ကာနိုင်ငံမှတဆင့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို ပအိုဝ်းဒေသသို့ ပင့်ယူလာပြီး ပူဇော်ခဲ့သည်။
(၅) စိုက်ပျိုးရေး ကဏ္ဍတွင် ပတ္ထမြားနဂါး ကုမ္ပဏီအနေဖြင့်

တိုက်ကြီးမြို့နယ် ဖလုံကျေးရွာတွင် ဆိုးဆေး ဧက (၅၀)၊ နာနတ်-သရက် ဧက (၁၀၀)၊ ကျွဲကော်-သံပုရာ ဧက (၁၀၀)
မှော်ဘီမြို့နယ်တွင် ဆိုးဆေး(၃)ဧက
ရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧက
ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ဆိုက်ခေါဝ်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀၀၀)ကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ၂၀၀၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့် သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။
၂၀၀၀ သြဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင် နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့် သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊ ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀၀)ဧက စုစုပေါင်း (၅၃၀၆) ဧကရှိသည်။
ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတ္ထမြားနဂါးကုမ္ပဏီအနေဖြင့်
(၁) မိုင်းရှူးရတနာမြေတွင်
၁၉၉၆-၂၀၀၃ ထိ ဆိုင်းလျံလုပ်ကွက် ကျောက်မျက်ရိုင်း ပိဿာချိန်(၄၄၁၈.၇၃) တူးဖော်ရရှိခဲ့သည်။
၂၀၀၀-၂၀၀၄ ထိလွိုင်ဆောင်ထောက်လုပ်ကွက်တွင် နိုင်ငံတော်နှင့်အကျိုးတူ(၁)တွင် လုပ်ကွက်ဧရိယာ (၅.၂၈)ဧကရှိပြီး (၄)နှစ်အတွက်း ကျောက်မျက် (၁၃၀၇.၆) ကီလိုဂရမ်ထွက်ရှိခဲ့သည်။
(၂) မိုးကုတ်ရတနာမြေတွင်
၂၀၀၁ ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ပြီး ဧရိယာအကျယ်အ၀န်းအနေဖြင့် (၂၀)ဧက လုပ်ပိုင်ခွင့်ရခဲ့သည်။ တူးဖော်ရသည့် ပတ္တမြား (၈၆၃၀၀)ဂရမ်ကို အခွန် (၃၆၆၅၀၀၀) ပေးဆောင်ရသည်။
(၃) ဖားကန့်ရတနာမြေတွင်

၁၉၉၆-၂၀၀၄ ထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်မှုဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါင်း (၁၅၂)ကွက်၊ (၁၅၂)ဧကရှိပြီး (၁၀)နှစ်ကာလအတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းအလေးချိန် စုစုပေါင်း (၁၁၂၅၂၉၈) ကီလို ရရှိခဲ့သည်။ ၂၀၀၀ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နမ့်မှော်(လုံးစွပ်)လုပ်ကွက်အမှတ် (၁၀၉)မှ တန် (၃၀၀၀) ကျောက်စိမ်းတုန်းကြီးကို တူးဖော်ရရှိခဲ့သည်။ ၎င်းကို ၂၀၀၂ မေလ (၂၆)ရက်နေ့တွင် PNO ဥက္ကဋ္ဌ အောင်ခမ်းထီက နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့သည်။
ရွှေတူးဖော်ရေးလုပ်ငန်းကို

Ruby Dragon Jade Co.,Ltd အနေဖြင့် ၀န်ကြီးဌာန သတလ(၂)ကို ၃၅း၆၅ ဖြင့် တရားဝင် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း (၃၆၀၂၃)ဖြင့် ရင်းနှီးမြုနှံခဲ့သည်။ ၁၉၉၆-၂၀၀၄ ထိ လုပ်ကိုင်ပြီး ရွှေပိဿာချိန် (၂၃၃.၉၅)ရရှိ၍ ကျပ်သိန်း (၂၉၆၃၆)ဖြင့် ရောင်းရသည်။
ဟိုပုံးမြို့နယ် လိုင်ဟာဖြားနှင့် ထီချောတောင်တွင် ခနောက်စိမ်း တူးဖော်လျက်ရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း

Ruby Jade Hotel ကို မြစ်ကြီးနားခရိုင်၊ ဖားကန့်မြို့နယ်၊ ယူမားကျေးရွာတွင် တည်ဆောက်ပြီး ကျပ်သိန်းပေါင်း (၂၇၇၂)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၄ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။
Jade Marina Resort Hotel ကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီရွှေဝါချိုင့်တွင် တည်ဆောက်ပြီး ကျပ်သိန်း (၂၀၀၀၀)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၅ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။
အင်းလေးကန်တွင် ရွှေကျွန်းမျှောဟိုတယ်ကို နမ်းပန်နှင့် သလဲဦးတွင် (၂)နေရာ ဖွင့်လှစ်ထားသည်။
စက်ရုံလုပ်ငန်းများ

မန္တလေးမြို့တွင် ကျောက်စိမ်းအချောထည်စက်ရုံ၊ ဧကရီ ရွှေပန်းတိမ်လုပ်ငန်းစက်ရုံ၊ တီကျစ် နဂါးဘိလပ်မြေစက်ရုံ၊ ကလောတွင် ၀ိုင်စက်ရုံ၊ သကြားစက်ရုံ လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။
အခြားစီးပွားရေးလုပ်ငန်းများ

Ruby Dragon Construction Co.,Ltd သည် အခြားစီးပွားရေးလုပ်ငန်းများအဖြစ် အဆောက်အုံများ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲ လျက်ရှိလျက်ရှိရာ ဗိုလ်တစ်ထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း သံလျက်စွန်းနေရာတွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ ဖားကန့်တွင် Ruby Jade Hotel၊ ငပလီရွှေဝါချိုင့်တွင် Jade Marina Resort Hotel၊ တီကျစ်တွင် ဘိလပ်မြေစက်ရုံ စသည့်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ကျမ်းကိုး

ပြည်ထောင်စုထဲကပအိုဝ်း
ဟ၀်သေထွိုက်ငါး အားဇာနည်းခေါင်ဆောင်တန်သီး သမဲင်တဖူရဲဉ်း
မြန်မာ့အလင်း နေ့စဉ်သတင်းစာ- ၂၀၁၂ မတ်လ (၁၂)ရက်နေ့၊ တနင်္ဂနွေနေ့
PA-OH PEOPLE by Mika Rolly



Sunday, May 6, 2012

Myanmar Moral Culture Based on Buddhism


Every country or every race has its own moral culture which is the characteristic of that country or that race. As for Myanmar, it has its own culture which is based on Buddhism. This chapter is concerned with Buddhist moral manners, namely: courtesy (Polite manners), gentleness in speech (Verbal politeness) and good thought (Mental politeness). 

Polite Manners 
(1) When one visits a certain pagoda or a certain monastery,one should wear proper dress. One must take off one's hat, umbrella and any foot wear before one enters the precinct of a pagoda or a monastery.

(2) One should not behave improperly in the precinct of a pagoda or a monastery or in the presence of an image of the Buddha or a monk.

(3) When one takes a seat near Buddhist monks or the virtuous or the aged, one must take a suitable place free from six faults of location: being too far, being too near, being at the front, being at the back, being at a high place and being against the wind. 

(4) When one passes by Buddhist monks, the virtuous or the aged or passes through an audience, one should go slowly leaning ones body and bowing one's head.

(5) When one gives something to someone or takes something from someone, one should give or take with one's two hands even though it may be a small thing.

(6) When one pays homage to Buddhist monks, parents or teachers, one should touch the floor or the ground with one's two knees, two hands and forehead.

(7) When one comes across Buddhist monks on the way, one should stand aside and pay obeisance to them taking off one's hat, umbrella, footwear and putting two palms together on the forehead.

(8) When one goes away from the presence of Buddhist monks, teachers, parents and the aged, one should make four or five backward steps with joined-palms and turn to ones desired direction.

(9) When one comes across Buddhist monks, teachers, parents and the aged on a narrow path, one should stop one's stepping and give way for them to pass. One should not jostle against them nor overtake them.

(10) One should generously offer one's seat to Buddhist monks, the aged, the infirm, and nuns while travelling by train or in a bus or in a boat.

(11) While Buddhist monks, teachers and parents are taking rest or sleeping, one should not disturb them in any way.

(12) If necessary, one should help Buddhist monks, nuns, the aged and the infirm by carrying their packages on the way.

(13) When one listens to the Dhamma, one should take off one's hat in honour of the virtues of Dhamma. If one wears Myanmar turban, one should expose one's hair. Even if one listens to the discourse from a tape recorder, one should put it on a high place. One should sit kneeling, joining one's two palms together in the meditation posture.

(14) One should place the Buddha's image, the Buddha's picture and the Buddhist scriptures on a high and noble place. If one wants to hold them, one should pay homage to them with joined-palms first. One should not put them down on the floor nor take them under one's arms.

(15) One should not greet Buddhist monks and nuns by shaking their hands nor gesture to them. One should greet them respectfully with joined-palms.

(16) A woman should not rearrange her garment nor beautify herself before Buddhist monks or the virtuous or the aged.

(17) A woman should not go to Buddhist monks and the aged in unsuitable dress which does not conform with tradition.

(18) A woman should not go to a Buddhist monk while he is in his private room. If it is necessary to go to a monk, she should take a man along with her.

(19) A woman should not pay homage to a Buddhist monk by spreading her hair on the ground nor by touching the monk's feet with herhand.

(20) When one meets others on the way, one should greet themm either with joined palms or with a bow or with a smile respectfully.

(21) When one wants to approach the bhikkhus, teachers, parents and the aged, one should make one's body clean in advance.

(22) One should not spit nor blow the nose carelesly at public places such as the pagoda platform, the precinct of the monastery, the hospital, the school and so on.

(23) One should not cough nor sneeze turning to someone. If one wants to do so, one should go out of the audience or clear it by blowing into a handkerchief. If one wants to fart, one should go away from the audience.

(24) While someone is having a meal, one should not hawk nor blow his nose in a place where the former can hear or see.

Verbal Politeness

(1) The Buddha should be addressed respectfully by the term: "The supreme Buddha" or "The Enlightened One"; not by the term "Gotama" (or) 'Buddha."

(2) One should not say that a shrine, an image of the Buddha, a Buddhist monk or a nun is "beautiful" or "pretty." One should use the words 'Sublime', 'glorious' or "Venerable" instead.

(3) If one is to say words of approval or denial while speaking with Buddhist monks and novices, one should reply respectfully and humbly: 'Certainly, Venerable Sir', 'No, Venerable Sir', and with parents and teachers: "Yes, Sir" (or) "No, Sir."

(4) If one wants to address an elderly Buddhist monk or a learned one, one should address "Sayadaw" or "Venerable." For a young Buddhist monk and a novice, one uses 'Reverend Sir."

(5) Moreover, an elderly Buddhist monk or a learned one should not be addressed by his name. He should be addressed by his birth-place or residential place such as "Venerable Mahasi Sayadaw", "Venerable Bago Sayadaw" and so on.
(6) A Buddhist monk or a novice used to call an old man or a youth "Dagagyi or Dagalay" , and an old woman or a young woman "Dagamagyi" or "Dagamalay

Mental Politeness

(1) One should not wish to get others' properties in an improper way.

(2) One should not breed a malicious mind to destroy others' properties and virtues.

(3) When one comes across someone, old or young, one should cultivate one's (metta) loving-kindness towards them thus: "May he be well and happy."

(4) Believing the law of Kamma and its results, one should cultivate a sympthetic mind towards all.

(5) One should not be jealous of superior ones, nor should one humiliate inferior ones, nor should one compete with companions of the same status. 

'The Civilized Terms Concerning Alms-food

(1) When Buddhist monks and novices go around for alms-food, it should be called "collecting alms-food." If one cannot offer alms-food, one should apologize "Would you mind going ahead?"

(2) If one wants to offer some food and drinks to a Buddhist monk or a novice, one should give them to him with two hands respectfully.

When one behaves according to the above rules, one will obtain merit and auspiciousness. One will be well-known as a civilized one in this existence. Moreover one will enjoy bliss,happiness and pleasure in future existences: 

The people of Myanmar, abiding by the Buddhist Teachings, are polite in behaviour, speech and thought. They can live peacefully through many generations.
( Chapter 8 : Titled 'Moral Culture', The Teachings of the Buddha, Basic Level, 1997, Ministry of Religious Affairs, Yangon. )

This, too, will pass..



ဒါမှမဟုတ် စိတ်ညစ်နေလား ပြီးသွားမယ် စိတ်မပူနဲ့။ဆရာဖေမြင့်ရဲ့ စာအုပ်မှ This,too,willpass. ဆိုတဲ့ဟာလေးကိုတင်ပြပေးချင်ပါတယ်။
စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်ုပ်တို့ မျဉ်းသားမိတတ်ကြသည်။ အကယ်၍ ကိုယ့်ဘ၀ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသအတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သောစာပိုဒ်မျိုး အရေးအသားမျိုး တွေ့လျှင်မူ ၀မ်းသာ၍မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲသည် နှစ်နှစ်ခြိုက်ခြိုက်စာပိုဒ်မျိုးကို ကျွန်ုပ်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။
တကယ် အံဝင်ခွင်ကျအနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ မနေနိုင်။
သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသောစကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်းကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ်သည်။
စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲစွဲမိသော စကားတစ်ခွန်းရှိသည်။
This, too, shall pass away.
ဒါလည်း ပြီးသွားမှာပါ၊ တဲ့။
စာသားက ရိုးရိုးလေးပင်။
သို့သော် တန်ခိုးရှိသည်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက်ဖြစ်ကာတနုံ့နုံ့ တွေးနေမိသည့်အခါမျိုးတွင် သည်စကားလေး ခေါင်းထဲ ပေါ်လာလျှင် စိတ်ထဲ ပေါ့ပါးသွားတတ်သည်။ အချိန်တန်ရင် ပြီးသွားမှာပါကွာ၊ ပူမနေပါနဲ့။ သည်စကားလေးက နှိမ့်သိမ့်အားပေါးသည်။အားပေးရုံပဲလား။ သိပ်အားတက်နေ ၀မ်းမြောက်နေ တစ်ကိုယ်တည်းပီတိတွေ ဖြာနေမိသည့်အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိဖော်ပေးသည်။ ဟေ့...သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်းအချိန်တန်ရင်ပြီသွားမှာ။တန်ဖိုးရှိလှသည့် စကား။ လောကကြီးထဲမှာသင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တစ်ခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကား။
သည်စကားကို ဘယ်သူစပြောခဲ့သလဲ။ သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ။ ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားသည်။ ပုံပြင်စတင်ထွက်ပေါ်သည့် နေရာကား အနောက်အာရှဒေသဖြစ်သည်။
တစ်ရံရောအခါ ရှင်ဘုရင်တစ်ပါးသည် စိတ်ပင်ပန်းဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက်၌ အမတ်ပညာရှိတို့တို့အား မိမိအားကိုးစရာ ဆောင်းပုဒ်တစ်ခု ရေးသားပြုပေးရန် တောင်းဆိုသည်။ ဆောင်းပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော နိမ့်ပါးစဉ်မှာပါသုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။မှူးမတ်တွေ ဆောင်းပုဒ်အမျိုးမျိုး တင်ပြကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။ နောက်ဆုံးသမီးတော်က သူမရွေးချယ်ထားသည့် ဆောင်ပုဒ်တစ်ခုကို မြလက်စွပ်တစ်ကွင်းမှာ ရေးထွင်ပြိး ဆက်သတော့မှ ရှင်ဘုရင်ကနှစ်သက်သဘောကျသွားသည်။ လက်စွပ်ပေါ်မှာ အာရေဗီဘာသာဖြင့် ရေးထွင်းထားသည့် စာသား၏ အဓိပ္ပာယ်က This, too, will pass ဟူ၍…
အနောက်အာရှမှ အိန္ဒိဝသို့ ရောက်ရှိနေသောသည်ပုံပြင်ကို ဥရောပ(အင်္ဂလန်)သို့ အဓိကသယ်ဆောင်ဖြန့်ချီခဲ့သူက အိန္ဒိယတွင် ပထမဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်ခဲ့သူ ၀ါရင်းဟေးစတင်း(စ) (Warren Hastings) (၁၇၃၂-၁၈၁၈) ဖြစ်သည်။ ဘုရင်ခံချုပ်ဟောင်း ဟေးစတင်း(စ) အင်္ဂလန်သို့ ပြန်ရောက်ပြီးသည့် နောက်တွင်(ဆန့်ကျင်ဘက်နိုင်ငံရေးသမားတစ်စု၏ ထိုးနှက်မှုကြောင့်) ဘုရင်ခံဘသက အာဏာအလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခြင်း ခံရသည်။
နောက်တွင် တရားရုံးက သူ၌ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့သော်လည်း ခုနစ်နှစ်တိုင်တိုင် ငွေကုန်လူပမ်းခံကာ အမှုကို ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ ထိုကာလအတွင်း This, too, will pass. စကားလေးဖြင့် မိမိကိုယ်ကိုအာပေးမြှင့်တင်ရကြောင်း၊ မိတ်ဆွေများအား ဟေးစတင်း(စ) ဖွင့်ဟပြောဆိုမိရာမှ သည်ပုံပြင်နှင့် သည်စကားသည် အင်္ဂလန်တွင် ပြန့်ပွားထင်ရှားသွားခဲ့သည်။
နောက်ပိုင်းတွင် ကဗျာဆရာ သီအိုဒိုတစ်လတန်(Theodore Tilton)(၁၈၃၅-၁၉၀၇) က Even This Shall Pass Away ခေါင်းစဉ်တပ်လျက် သည်စကားအကြောင်း ပုံပြင်ကိုလင်္ကာဖွဲ့ဆိုသည့်အခါ`၌မူ ပုံပြင်ထဲကရှင်ဘုရင်အား ပါရှားပြည်(ယခု အီရန်ပြည်) ကို အစိုးရသောမင်းဟု တိတိကျကျ ဖော်ပြထားတာတွေ့ရသည်။သူ့ ကဗျာပထမပိုဒ်က ဤသို့…….

Once in Persia reign a king,
Who upon his signet ring
Graved a maxim true and wise,
Which, if held before the eyes,
Gave him counsel at a glance
Fit for every change and chance;
Solemn words, and these are they;
"Even this shall pass away"



Friday, May 4, 2012

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ...

မဟာဗောဓိပင်နှင့်မဟာဗောဓိစေတီတော်..
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ 

ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် 

(သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် 

(ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ 

ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

In the evening after Sujata's lovely meal he went to Gaya and looked for a suitable place to sit down and meditate. He set under a tree called the Bodhi tree with his face 
to the East and made an earnest wish with very strong determination that " Though 
my skin, my nerves and my bones, shall waste away and my life blood go  dry i will not leave this seat until i have attained the highest wisdom called supreme Enlightenment that leads to Everlasting Happiness”

Wednesday, May 2, 2012

"ထိပ်ဆုံးသို့"


တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တတောင်ဆုံးပြန်တော့
တလုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား။

စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

(ငွေတာရီ)

Heroines of Peace Nobel Women Daw Aung San Suu Kyi (1991)





At the ceremony for Aung San Suu Kyi in December 1991, she was still being held in detention by the military dictatorship in Myanmar (Burma) and could only be represented by her two sons, her husband and her picture facing the audience. In his speech presenting the prize to her sons, Professor Francis Sejersted, chairman of the committee, declared, "Her absence fills us with fear and anxiety," but he felt we could also have confidence and hope. He went on to sum up the meaning of her prize:
In the good fight for peace and reconciliation, we are dependent on persons who set examples, persons who can symbolize what we are seeking and mobilize the best in us. Aung San Suu Kyi is just such a person. She unites deep commitment and tenacity with a vision in which the end and the means form a single unit. Its most important elements are: democracy, respect for human rights, reconciliation between groups, non-violence, and personal and collective discipline.
The sources of her inspiration, Sejersted explained, were Mahatma Gandhi, about whom she had learned when her mother was ambassador to India, and her father, Aung San, the leader in Burma's struggle for liberation. She was only two when he was assassinated, but she had made his life a center of her studies. From Gandhi she drew her commitment to nonviolence, from her father the understanding that leadership was a duty and that one can only lead in humility and with the confidence and respect of the people to be led. Both were examples for her of independence and modesty, and Aung San represented what she called "a profound simplicity."
We must add that undergirding her political philosophy in spirit and deed has always been her Buddhist faith, which is also the foundation for her belief in human rights. In championing human rights in her political opposition to the military dictatorship, she needed to be fearless. Sejersted referred to the incident during her election campaigning when she courageously faced a detachment of soldiers, whose officer lined them up in front of her, prepared to fire if she continued to walk down that street, which she did.
Several times in his speech Sejersted cited the collection of her essays, entitled Freedom from Fear, which her husband, Michael Aris, edited and published before the ceremony, so that her voice could be heard beyond the reach of her oppressors. The title essay begins, "It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it." Fearlessness is the best response to governmental violence. In conclusion she writes that "truth, justice and compassion... are often the only bulwarks against ruthless power." These are the teachings of Buddha.
Sejersted told how Suu Kyi spent many years abroad, first when with her diplomat mother in her younger years, then studying at Oxford, working at the United Nations in New York, marrying Aris, a British Tibetan scholar, starting a family when they were in Bhutan, finally ending up in England, after scholarly assignments in Japan and India. Burma was always on her mind and heart, however, especially after the military seized power in 1962. When she married Aris, she told him that one day she must return to Burma when she was needed.
It was to nurse her dying mother that she returned from England, but as the daughter of Aung San, she could not stay aloof when she saw the government brutally repressing a popular movement in opposition. She headed a political party in the elections which the military permitted, but she was so successful that even before election day, she was ordered confined to her home. Nevertheless, her party won by a great majority, after which its other leaders were jailed.
"We ordinary people, I believe," Sejersted declared, "feel that with her courage and her high ideals, Aung San Suu Kyi brings out something of the best in us... The little woman under house arrest stands for a positive hope. Knowing she is there gives us confidence and faith in the power of good."
As of this writing Suu Kyi is still under detention, separated from her family, despite efforts of many governments and the United Nations to secure her liberation. A group of Nobel peace laureates only got as far as Thailand in an attempt to bring their petition to the military dictators who hold her. In 1994, however, a U.S. congressman was permitted to see her, and, as a result of mediation by a Buddhist monk, she had a conference with members of the government. There is now more hope.

လက်ကိုင်ဖုန်းတစ်လုံး၏အရေးပေါ်အသုံးဝင်ခြင်း..


မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်
လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။

(၁) အရေးပေါ် အတွက် သုံးလို့ရတယ်
keypad ကို locked လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့ အိုကေပါတယ်)

(၂) ဖွက်ထားတဲ့ အပို ဘတ္ထရီ ရှိတယ်နော်

တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့

တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့ အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့ ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့

(၃) ကားထဲမှာ သော့တွေ ကျန်ခဲ့ရင်လည်း သုံးလို့ရတယ်

ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက် ပြောတာပါ တနေ့... အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့ ဘာလုပ်မလဲ ?။

1. လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားလိုက်ပါဦး။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းကြည့်ပါ။

ကားတံခါး ပွင့်သွားပါလိမ့်မယ်။

စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ လက်ကိုင်ဖုန်းကြောင့်ပါပဲ။


(၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျ

ကိုယ့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ ကိုယ့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊ ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး ကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ ကိုယ့်ဖုန်းရဲ့  ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူများတွေ မသိအောင် ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး များကို ကိုယ့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ................. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး ကိုယ်ဟာ ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ရင်တော့ ကိုယ့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ နို့ပေမယ့် ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့ မရနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

(ဟဲဟဲ..တစ်ခုရှိတာက မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)

ဒါတွေကတော့ ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက် ဖုန်းတွေအတွက် သီးသန့် ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokia ဖုန်းတွေက အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်း ပြန်ဖော်ပြလိုက်တယ်နော်။
( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့ တစ်ခုနဲ့ တစ်ခု မတူပါဘူး။)


Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလို ၀ယ်ပြီးတဲ့အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီး ကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Code တွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်း ပြတတ်ပါတယ်။

ကဲ..ပြောနေတာကြာပါတယ်။ ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-

IMEI ( International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06# ကိုနှိပ်ပြီးကြည့်လို့ရတယ်။

နောက်ပြီး LCD display ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။

အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။

Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

ဖုန်းရဲ့ ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့် ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာပြုပြင်ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ဖုန်း life time ကို သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။

မှတ်သားထားသော ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။

series 60 ဖုန်းတွေအ တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင် ဖုန်းပြန်ပွင့်သွားမှာပါ။
Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ.. တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတွေကို သိပ်ပြီး မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်း ၀င်သွားနိုင်ပြီးတော့ အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်း ကိုပို့လိုက်ရပါလိမ့်မယ်။
ကဲ.. လောလောဆယ် သိသလောက်ကတော့ ဒါပါပဲ ။ ထပ်ပြီးသိတာနဲ့ ထပ်ဖော်ပြပါ့မယ်။

Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488