ကွန်းကော့ဒ်လေယာဉ်ပျံဖြင့်လန်ဒန်မှနယူးယောက်သို့သုံးနာရီနှင့်သွားလာနေရပြီ။
နည်းပညာသည်ကမ္ဘာကိုပြောင်းလဲခဲ့ပြီ။ကျွန်တော်သည်နိုင်ငံတော်သီချင်းကိုလေးမျိုးဆိုခဲ့ရ၏။ “ဗြိတိန်၏ ဘုရားသခင်ကဘုရင်မကိုကယ်မတော်မူပါသီချင်း၊ ဂျပန်၏ ကိမိဂါယော သီချင်း၊ မလေးရှား၏ နိဂါရကု သီချင်း၊ နောက်ဆုံးစင်္ကာပူ၏ မာဂျူလစင်္ကာပူရ သီချင်း။ နှစ်ပေါင်းခြောက်ဆယ်ကြာနုင်ငံရေးကိုဤသို့ဖြတ်သန်းခဲ့ရ၏။ နိုင်ငံခြားတပ်ဖွဲ့ဝင်များရောက်လာကြ၊ ပြန်ထွက်သွားကြ၊ ဗြိတိသျှ၊ သြစတြေးလျ၊ အိန္ဒိယ၊ နောက်တော့ဂျပန်နှင့် သူ့အခြံရံတရုတ်(တိုင်ပေ)တွေ၊ကိုးရီးယားတွေ၊စစ်ပြီးတော့ဗြိတိသျှပြန်လာ၏။ ကွန်မြူနစ်သူပုန်များကိုတိုက်၏။ထို့နောင်စင်္ကာပူလွတ်လပ်ရေးရ၏။ အင်ဒိုနီးရှားနှင့်မလေးရှားထိပ်တိုက်ရင်ဆိုင်ရသည်။နိုင်ငံရေးအပြောင်းအလဲလှိုင်းတံပိုးများ
သည်ကျွန်တော့်ကိုတစ်လျှောက်လုံးသယ်ဆောင်သွားသည်။ ၁၉၅၄ခုနှစ်၊နိုဝင်ဘာလတွင်ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်များသည် ပြည်သူ့လှုပ်ရှားမှုပါတီ(ပီအေပီ)ကိုထူထောင်ကြသည်။ဤမျှခက်ခဲကြမ်းတမ်းသောပြ
ဿနာလမ်းကိုလျှောက်လှမ်းရမည်ကိုကြိုတင်တွက်ဆမိမြင်မိပါက ကျွန်တော်တို့နိုင်ငံရေးလောကထဲဝင်ရမည်ပင်မထင်။ကွန်မြူနစ်တရုတ်ပြည်၏အောင်မြင်မှုကြောင့် စင်္ကာပူနှင့်မလေးရှားရှိတရုတ်လူမျိုးတို့၏ဂုဏ်မာနကိုတွေ့ခဲ့ရသည်။ ၁၉၅၀ ခုနှစ်များဆီက ကျွန်တော်တို့ အင်္ဂလိပ်ပညာတတ်၊ ကိုလိုနီဘူဇွာပေါက်စအုပ်စုလေးတစ်စုသည်တရုတ်စကားပြောအများစုလူထုကြီးကို ပြိုင်နိုင်သောအရည်အသွေးမရှိ၊ အလေးရှားကွန်မြူနှစ်ပါတီ
ကိုယှဉ်ပြိုင်ရန်မည်သို့မျှော်လင့်နိုင်မည်နည်း။ဤသည်ကိုလည်းထည့်မတွက်ပါ။ ကျွန်တော်တို့ကဗြိတိသျှများကိုမောင်းထုတ်ချင်စိတ်ရှိကြပါသည်။
အစပိုင်းတွင်ကျွန်တော်တို့သည်တန်ဖိုးရှိသောသင်ခန်းစာများကို သင်ယူကြရသည်။အခြေနေများမှအဆက်မပြန်ပြောင်းလဲနေ၍သင်ယူမှုကိုရပ်၍မရ။ ကျွန်တော်တို့ပေါ်လစီကိုညှိနိုင်းနေရသည်။ကျွန်တော့်တွင်ဝန်ကြီးအများစုမှာစာသိပ်ဖတ်သူများဖြစ်ကြရာ
ဤအချက်သည်အားသာချင်ပင်ဖြစ်၏။ ကင်ဆွိ၊ရာဂျာ၊ဆွိဆင်စသူတို့ကျွန်တော်တို့သည်စိတ်ဝင်စားစရာကောင်းသောစာအုပ်များ၊ ဆောင်းပါးများကိုလက်ဆင့်ကမ်းဖတ်ကြ၏။အစတုန်းကကျွန်တော်တို့အားလုံးဘာမှမသိကြ။ နားမလည်ကြ။နောက်မှတဖြည်းဖြည်းအလုပ်လုပ်ရင်းသင်ယူကြရ၏။ ကျွန်တော်နှင့်လုပ်ဖော်ကိုင်ဖက်များသည်တစ်ယောက်လက်မှာတစ်ယောက်အသက်အပ်ထား
ကြသည်။တစ်ယောက်၏အားသာချက်၊အားနည်းချက်ကိုတစ်ယောက်ကသိရသဖြင့် ၊တစ်ယောက်ကိုတစ်ယောက်ယုံကြည်ကြ၏။ကံကောင်းသည်မှာကျွန်တော့်တွင် အမြင်တူကြသောဝန်ကြီးအုပ်စုအခိုင်မာရှိခြင်းပင်တည်း။အားလုံးသည်အရည်ချင်းပြည့်ပြီး တူညီသောပန်းတိုင်အရောက်လှမ်းရန်သန္နိဌာန်ချထားသူများဖြစ်ကြ
၏။ဤအုပ်စုသည်ဆယ်စုနှစ်နှစ်ခုမျှအတူလက်တွဲနေထိုင်ခဲ့ကြ၏။ ကင်ဆွိ၊ရာဂျာ၊ဆွိဆင်နှင့်ဘင်တန်တို့မှာထင်ရှား၏။သူတို့ကကျွန်တော့်ထက်အသက်ကြီးကြသည်။ ကျွန်တော်မှားသည်ထင်လျှင်ပြောဖို့ရာဝန်မလေးသူများဖြစ်ကြ၏။ သူတို့ကကျွန်တော့်ကိုမယိမ်းမယိုင်အောင်၊မားမားမတ်မတ်ရှိရန် ထိန်းကျောင်းပဲ့ပြင်ပေးကြ၏။တိုချင်ချဲ၊အွန်ပန်ဘွန်၊အက်ဒီဘာကာ၊ယုန်ညွတ်လင်၊ကင်နီဆိုင်ရ်၊
အော့သ်မင်ဝပ်ကဲ့သို့သော ပုဂ္ဂိုလ်ကျော်တွေလည်းကျွန်တော့်မှာအားကိုးစရာရှိကြသည်။ ၁၉၅၉ခုနှစ်၊အစိုးရစဖွဲ့စဉ်က မည်သို့အုပ်ချုပ်ရမည်။ စီးပွားရေး
နှင့်လူမှုရေးပြဿနာများကိုမည်သို့ကိုင်သွယ်ရမည်ကိုသိပ်မသိကြသေး။ မတရားသော၊တစ်ဖက်စောင်းနင်းနိုင်သောလူမှုအဖွဲ့အစည်းကိုပိုမိုကောင်းမွန်ရန် ပြောင်းလဲလိုစိတ်သာပြင်းပြခဲ့ကြသည်။အရည်ချင်းရှိသူများကို
သာလူမှန်နေရာမှန်တွေချထားရ၏။ဝန်ကြီးနှင့်တန်သူဝန်ကြီး၊ရိုးသားဖြောင့်မတ်ပြီး လုပ်ရည်ကိုင်ရည်ရှိသူကိုဌာနအကြီးကဲစသည်ဖြင့်ရွေးရသည်။ အလုပ်သမားများမိမိဘက်ပါအောင်လုပ်၊တစ်ချိန်တည်းမှာပင် ရင်းနှီးမြှပ်နှံသူများကိုလည်းစည်းရုံးတန်စည်းရုံး၊မလေးရှားအထောက်ပံ့မရှိဘဲ ကိုယ်ပိုင်ရပ်တည်နိုင်ရန်ပင်လည်ရပ်ခြားဈေးကွက်လည်းရှာရသေးသည်။ အလုပ်လုပ်ရင်းလျင်မြန်စွာပညာသင်ယူကြရ၏။ပုံသေနည်းတစ်ခုပြီးတစ်ခုစမ်းသပ်ရ၏ ။ကျွန်တော်သည်မည်သည့်သဘောတရား၏အကျိုးအားမှအဖြစ်မခံ။
ကျိုးကြောင်းဆင်ခြင်မှုနှင့် အမှန်တရား၏လမ်းညွန်မှုကိုသာ ခံယူ၏။အလုပ်ဖြစ်ရေးမဖြစ်ရေးနှင့်အရာရာကိုတိုင်းတာမှတ်ကျောက်တင်ကြည့်၏။ အလုပ်မဖြစ်လျှင်အချိန်ကုန်ဆက်မခံ၊စွန့်ပစ်ပြီးနောက်တစ်မျိုး
စမ်းကြည့်။အမှားကိုမည်သည့်နှစ်ခါမျှနှစ်ကြိမ်မလုပ်ဖြစ်အောင်သတိပြု၏။ အခြားသူများလုပ်သောအမှားကိုလေ့လာ၏။တစ်ခြားအစိုးရများမကြုံဖူးသောပြဿနာမျိုးတွေ ကျွန်တော်အစိုးရတွင်ကြုံဖူးသည်။ပြဿနာကိုမည်သူကဖန်တီးသလဲဆိုသည်ကိုတရားခံရှာကြည့်၏။ ထို့နောက်လက်တွေ့ကျကျဖြေရှင်းသည်။လေဆိပ်အသစ်တစ်ခုဆောက်မလား၊(သို့) ပညာရေးစနစ်ပြောင်းမလား။အရာရှိအဖွဲ့တစ်ဖွဲ့ကိုထိုစနစ်များအောင်မြင်နေ
သောနိုင်ငံများသို့လွှတ်ကာလေ့လာစေ၏။ကျွန်တော်တို့ထက်ရှေ့ရောက်နေသော ပခုံးပေါ်မှတက်၍ကြည့်ရန်ကိုကျွန်တော်ပို၍နှစ်သက်၏။စင်္ကာပူသည်ကြီးမားသည့်ဒုက္ခများနှင့် မကြုံရတာတစ်ခုလည်းကံကောင်းပါသည်။ကွန်မြူနစ်များနှင့်ကျွန်တော်တို့သည် ညီညွတ်ရေးတပ်ဦးဖွဲ့ကာအလုပ်လုပ်ခဲ့၏။ဒုတိယကမ္ဘာစစ်နောက်ပိုင်း
ပိုလန်တို့၊ချက်စလိုဗက်ကီးယားဆိုရှယ်လစ်ဒီမိုကရစ်တို့ကဲ့သို့ကျွန်တော်တို့ အ၀ါးအမျိုမခံရ။၁၉၅၀ခုနှစ်များကတရုတ်အလယ်တန်းကျောင်းသားအဓိဂရုဏ်းမှနေ၍ သင်္ခန်းစာယူကာအမျိုးသားပညာရေးပေါ်လစီသစ်ကိုချမှတ်နိုင်ခဲ့သည်။စီးပွားရေးကဏ္ဍတွင်လည်း အလားတူအခက်ခဲများကို ကျော်နင်းနိုင်ခဲ့၏။ကျွန်တော်သည်
ကျွမ်းကျင်သူနှင့်တစ်ပိုင်းတစ်စကျွမ်းကျင်သူများ၏ဝေဖန်မှုနှင့်အကြံပေးမှုတို့ကို လျစ်လျူရှုတတ်ရန်သင်ယူခဲ့၏။အထူးသဖြင့်လူမှုရေးနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များ၏စကားများကိုကံသေကံမမယုံကြည်။ ဆင်းရဲခြင်းပြဿနာကိုဘယ်လိုရှင်းမည်။လူမှုရေးကိစ္စများကိုမည်သို့လုပ်မည်စသော ပုံသေနည်းကိုယ်စီသူတို့တွင်ရှိ၏။ကျွန်တော်သည်မှန်မှန်ကန်ကန်အမြဲကြိုးစားခဲ့၏။ နိုင်ငံရေးအရတော့မှန်ချင်မှမှန်မည်။စင်္ကာပူရှိအနောက်မီဒီယာတို့၏ ကိုယ်စားပြုနိုင်ငံသတင်းထောက်များကသူတို့၏သဘောတရားများပို့ချ
ကာ၊ကျွန်တော်၏ပေါ်လစီများကိုဝေဖန်ကြ၏။ထိုနည်းအားဖြင့်သူတို့သည် မဲဆန္ဒရှင်များနှင့်အစိုးရအပေါ်ဩဇာလွှမ်းမိုးရန်မျှော်လင့်ကြ၏။ အကယ်၍ကျွန်တော်ကရှေ့နေဆက်လုပ်ကာနိုင်ငံရေးလောကသို့မ၀င်ခဲ့လျှင်
လူတစ်မျိုးဖြစ်ချင်ဖြစ်မည်။ကျွန်တော်၏အလုပ်အတွေ့အကြုံသည် ပို၍အကန့်သတ်ရှိကာမိုးကုတ်စက်ဝိုင်းကလည်းပို၍ကျဉ်းမြောင်းသည်။နိုင်ငံရေးကျတော့ အတိုင်းအဆမရှိကျယ်ပြောလှ၏။ တရုတ်ဆိုရိုးစကားတစ်ခုရှိ
သည်။”စာကလေးလည်းသေးပေမယ့်အစိတ်ပိုင်းကတော့ငါးခုရှိတာပဲ” ။ကျွန်တော်တို့နိုင်ငံသည်လည်းသေးပါသည်။သို့သော်နိုင်ငံကြီးများကဲ့သို့ပင် သူ့အထွာနှင့်သူကြီးမားသောပြဿနာများရှိစမြဲ။ပြည်တွင်းမှာရော၊
ပြည်ပမှာပါရှေ့နေတစ်ယောက်တွင်မရှိနိုင်သောလူမှုအဖွဲ့စည်းပေါင်းစုံအမြင်နှင့်ကမ္ဘာ့မအမြင်မျိုး ကျွန်တော်တို့တွင်ရှိရန်တာဝန်များကပေးထားခဲ့လေပြီ။အရှေ့တောင်အာရှရှိ စင်္ကာပူ၏ထူးခြားသောအနေအထားကိုကျွန်တော်မမေ့ပါ။ စင်္ကာပူရပ်တည်နိုင်ရန်ကျွန်တော်တို့သည်တခြားသောနိုင်ငံများထက် ပို၍စည်းလုံးပို၍ကြိုးစားပို၍ပြိုင်ဆိုင်နိုင်မှဖြစ်မည်။စင်္ကာပူအောင်မြင်မှုရရန်နှင့် ကျွန်တော်တို့ပြည်သူများအားအနာဂါတ်ပေးနိုင်ရန်မှာကျွန်တော်၏တာဝန်ဖြစ်သည်။ ညီညွတ်ပြိးဇွဲမာန်ထက်သန်သောခေါင်းဆောင်တစ်စု၊လက်တွေ့ကျပြီးအလုပ်ကြိုး
စားသောပြည်သူများကသူတို့ကိုထောက်ခံ၊ထိုအင်အားတို့ဖြင့်စင်္ကာပူအောင်မြင်ခဲ့ပါသည်။ ၁၉၆၅ခုနှစ်တွင်ဂျီဒီပီစင်္ကာပူဒေါ်လာသုံးသန်းသာရှိရာမှ၁၉၉၇ ခုနှစ်တွင်(၁၅)ဆများသောစင်္ကာပူဒေါ်လာ(၄၆)ကုဋေအထိဖြစ်
အောင်ကျွန်တော်မျှော်လင့်ခဲ့ပါသလား။ကမ္ဘာ့ဘဏ်စာရင်းအရဂျီအင်ပီ(၁၉၆၅)ရှိပြီး၊ ကမ္ဘာ့ဘဏ်တွင်ရှစ်နိုင်ငံမြောက်အများဆုံးဖြစ်ရန်မျှော်မှန်းဖူးသလား။ ဤမေးခွန်းမကြာခဏအမေးခံရဖူးသည်။ကျွန်တော်ကတော့”မမျှော်မှန်းပါဘူး”ဟုသာဖြေခဲ့၏။ သိပ္ပံနှင့်နည်းပညာ၊အထူးသဖြင့်သယ်ယူပို့ဆောင်ရေးဆက်သွယ်ရေးနှင့်ကုန်ထုတ်နည်းစံနစ်များ တိုးတက်လာ၍ကမ္ဘာကြီးကျုံ့ဝင်သွားသည်ကိုကျွန်တော်မည်သို့
ကြိုတင်မြင်နိုင်ပါမည်နည်း။စင်္ကာပူနိုင်ငံတိုးတက်မှုအောင်ပွဲသည် စင်္ကာပူနိုင်ငံများ၏တိုးတက်မှုများ၏ရောင်ပြန်ဟပ်ချက်ပင်ဖြစ်သည်။ သူတို့၏တီထွင်မှုများ၊နည်းပညာ၊ကုန်သွယ်မှုစသည်တို့တိုးတက် ၍စင်္ကာပူလည်းတိုးတက်ခဲ့ရ၏။ဤသည်မှာလူသားတို့၏ချမ်းသာရေးနှင့် ကောင်းမွန်စွာနေထိုင်ရေးတို့တိုးတက်စေရန်နယ်မြေသစ်ရှာဖွေခြင်း၊ ဇာတ်လမ်း၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်၏။အရှေ့အိန္ဒိယကုမ္မဏီ၏ ”စတမ်ဖို့ဒ်ရာဖဲယ်လ်”သည်၁၈၁၉ခုနှစ်တွင်တံငါသည်(၁၂၀)ဦးရှိသော ကျွန်းတစ်စုကိုတွေ့ရှိကာအိန္ဒိယမှတရုတ်သို့ရေးကြောင်းခရီး၏ကုန်သွယ်မှုအဖြစ်ပြောင်းလဲခဲ့၏။ အရှေ့တောင်အာရှရှိဗြိတိသျှအင်ပါယာ၏စီးပွားရေးဗဟိုဌာနအဖြစ်၎င်း
သည်နိုင်ငံတကာကုန်သွယ်မှုဖြင့်ကြွယ်ဝလာ၏။၁၈၆၉ခုနှစ်တွင်စူးအင်တူးမြောင်းဖွင့်သော
အခါရေကြောင်းခ၏ရီးတိုးပွားလာကာစင်္ကာပူ၏ကြီးထွားမှုကိုအားသစ်ထပ်လောင်းပေးသည်။
၁၉၄၂-၄၅ခုနှစ်၊ဂျပန်ကျူးကျော်ချိန်တွင်စစ်ကာလဖြစ်၍သင်္ဘောအသွားအလာလျော့နည်းလာ၏။ ပိတ်ဆို့မှုကြောင့်လည်းအသွားအလာမရှိသလောက်ဖြစ်လာ၏။ကုန်သွယ်မှုသိသိသာသာလျော့ကျကာ
အစားအသောက်နှင့်ဆေးဝါးများရှားလာသည်။ လူဦးရေတစ်သန်းမှတစ်ဝက်သည်မလေးရှားနှင့်ရီအောကျွန်းများသို့
ထွက်သွားကြသည်။ကျန်ရစ်သူအများစုမှာ၁၉၄၅ခုနှစ်၊သြဂုတ်လတွင် မဟာမိတ်တို့အောင်ပွဲရပြီးနောက်ရေလမ်းကြောင်းပြန်ဖွင့်သည်။ ကုန်သွယ်မှုပြန်ဖြစ်ထွန်းလာသည်။ထွက်ပြေးသူများပြန်လာကြသည်။
အတတ်ပညာတော်လှန်ရေးသည် နောင်နှးစ်(၅၀)တွင်အကြီးအကျယ်ပြောင်းလဲဦးမည်။ သတင်းအချက်အလက်အတတ်ပညာ၊ကွန်ပျူတာနှင့်ဆက်သွယ်ရေးများ၊
မိုင်ခရိုမီစသောတော်လှန်ရေး၊ မျိုးရိုးဗီဇကုသမှု၊လူ့ကိုယ်အစိတ်အပိုင်းဖန်တီးမှု၊
လူ့ကိုယ်အစားထိုးမှုများသည်လူ့ဘ၀ကိုပြောင်းလဲပေးလိမ့်မည်။ စင်္ကာပူနိုင်ငံသားတို့သည် နိုင်ငံခြားသားတို့နှင့်ဆက်ဆံရာတွင်အတုခိုးမြန်၏။ဖွံ့ဖြိုးသောနိုင်ငံများသို့ ကျွန်တော်တို့၏ထူးချွန်သောကျောင်းသားများကိုပို့သည်။ုပထမထိုနိုင်ငံများစကောလားရှစ်၊ နောက်တော့စင်္ကာပူနိုင်ငံစကောလားရှစ်ဖြင့်ပညာသင်စေ၏။ ကျွန်တော်သည်လည်းနိုင်ငံခြားခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ရာသူတို့က
ပညာပေးခဲ့၍ကမ္ဘာ့အပေါ်ကျွန်တော်၏နားလည်မှုများထပ်တိုးပွားခဲ့သည်။ ခတ်မ်ဖိုစ်ဖီးလ်၏ခေတ်သစ်တွေ့ဆုံမှုမှစတင်ခဲ့လျှင်စင်္ကာပူတည်ထောင်ခဲ့သည်မှာ
နှစ်ပေါင်း(၁၈၀)ရှိပြီ။ သို့သော်(၁၉၆၅)ခုနှစ်မတိုင်မီ(၁၄၆)နှစ်မှာဗြိတိသျှတို့၏ဆိပ်ကမ်းမြိုးငယ်လေးသာဖြစ်ခဲ့၏။ စင်္ကာပူသည်ကမ္ဘာတွင်အသုံးဝင်၍ရှင်သန်ခဲ့၏။လွတ်လပ်သောနိုင်ငံတစ်ခုရှိနေဆဲဖြစ်ရန် စင်္ကာပူနိုင်ငံသည် အာဏာဟန်ချက်ညီသောကမ္ဘာလိုအပ်၏။
သို့မှသာနိုင်ငံငယ်လေးများရှင်သန်နိုင်မည်။နိုင်ငံကြီးများသိမ်းပိုက်မှု၊ ၀ါးမျိုမှုမရှိမှဖြစ်မည်။အာရှပစိဖိတ်ငြိမ်းချမ်းရေးတည်ငြိမ်ရေးသည် အမေရိကန်၊ ဂျပန်နှင့်တရုတ်တို့သည် ပထ၀ီနိုင်ငံရေးရာ စိတ်ဝင်စားမှုများတွင်ပြိုင်ဆိုင်မှုများရှိနေ၏။သူတို့ကကျူးကျော်မှုနှင့် တရုတ်ချဲ့ထွင်မှုတို့သည်သူတို့၏ဆက်ဆံရေးကိုအနှောက်ယှက်ပေးနေဆဲဖြစ်၏။ ဂျပန်တို့သည်အမေရိကန်တို့နှင့်စိတ်ဝင်စားမှုများတွင်ပိုမိုဝေမျှကြသည်။ အမေရိကန်နှင့်ဂျပန်ကတစ်ဖက်တရုတ်နှင့်အခြားနိုင်ငံများကတစ်ဖက် ချိတ်ခွင်လျှာညှိနိုင်းဖို့အရေးကြီး၏။ဟန်ချက်ညီမျှမှုများဖြစ်လျှင် အရှေ့အာရှဒေသ အနာဂါတ်သည်တရားမျှတမှုပိုလွန်ကာ စင်္ကာပူသည် ကမ္ဘာအတွက်ဆက်လက်၍အသုံးဝင်နိုင်ပါမည်။
၁၉၅၈ခုနှစ်များကမည်သည့်အချိန်တွင်ကျွန်တော်၏နိုင်ငံရေးဘ၀ စခဲ့သလဲ၊ကျွန်တော်မသိ။ထိုစဉ်ကကျွန်တော်သည်စစ်အေးအောင်ပွဲခံသူများဘက်မှ ရှိနေကာတည်ငြိမ်မှု၊ကုန်သွယ်မှု၊အနာဂါတ်နှင်ဆက်သွယ်မှုအောက်မှနေ၍ စီးပွားရေး၊လူမှုရေးတိုးတက်မှုများရခဲ့သည်။ကျွန်တော်တို့သည်
ကြီမားသောနိုင်ငံရေး၊လူမှုရေး၊စီးပွားရေးအပြောင်းလဲများရှိသော ကာလတစ်လျှောက်နေထိုင်ခဲ့သည်။ အခက်ခဲဆုံးနှးစ်များမှာ ၁၉၆၅ခုနှစ်တွင်လွတ်လပ်ရေးရပြီးချိန်မှ၁၉၇၁ခုနှစ်၊ဗြိတိသျှတို့ဆုတ်ခွာချိန်အထိဖြစ်၏။
ဗြိတိသျှတပ်များ၏ပင်မတပ်ဖွဲ့များသာကျန်ခဲ့ကာ၊အလုပ်လက်မဲ့ပြဿနာကိုကြီးစွာမခံစားရတော့မှ ကျွန်တော်တို့အသက်ရှူရှောင်ခဲ့၏။ စက်မှုမဖွဲ့စည်းကြီးသည် အသိပညာရှိသူကိုသာ လမ်းဖွင့်ပေးတော့မည်။ ကျွန်တော်တို့
လည်းသင်ယူကြကာအသိပညအခြေခံသောကမ္ဘာကြီး၏အစိတ်အပိုင်းဖြစ်နေကြရမည်။
ဆယ်စုနှစ်သုံးစုအတွင်းအောင်မြင်မှုများဖြင့်အနာဂါတ်အတွက် မှိန်းနေ၍မရတော့။ မည်သို့ဆိုစေကျွန်တော်တို့မကျဆုံးလိုလျှင်ပိုမိုသာလွန်သောအခွင့်လမ်းပေါ်တွင် ရပ်တည်နေကြရပါမည်။ကျွန်တော်တို့ကိုတိုးတက်မှုရအောင်ကူညီခဲ့သောအခြေ
ခံနည်းနာများကိုလိုက်နာကြရန်လိုအပ်ပါသည်။တိုးတက်မှုအသီးပွင့်များကို ဝေမျှကာလူမှုရေးညီတူမျှတမှုရှိရမည်။အားလုံးအတွက်ညီမျှသောအခွင့်ရေးများရှိစေရမည်။ အထူးအဖြင့်အစိုးရတွင်ခေါင်းဆောင်ပိုင်းမှအစလုပ်ငန်းအတွက် အကောင်းဆုံးအမျိုးသား၊အမျိုးသမီးတို့ဖြင့်ဆက်လက်တည်ထောင်သွားရန်လိုအပ်ပါသည်။
(ဟိန်းလတ်၏တတိယကမ္ဘာမှပထမကမ္ဘာသို့စာအုပ်မှထုတ်နုတ်တင်ပြပါသည်..။)