BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Friday, January 25, 2013

စင်္ကာပူ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု ၏ မွတ်ဆလင်အပေါ်အမြင်}


မွတ်ဆလင်အဖွဲ့ အစည်းတွေနဲ့ အတိုက်အခံ မဖြစ်ချင်ပေမယ့် ပွင့်ပွင့်

လင်းလင်းပဲ ပြောခဲ့ရတယ် ။ အစ္စလမ်တွေ မများလာခင်အထိ ငါတို့နိုင်ငံ

ဟာ အေးအေးချမ်းချမ်း ပဲ တိုးတက် လာခဲ့တယ် ။ ဘာကြောင့် များလဲလို့

ငါ့အမြင်ကို မေးရင် - ဒီ ပြင် လူတွေက အချင်းချင်း ရောနှောလို့ ရတယ် ။

မိတ်ဆွေဖွဲ့လို့ ရတယ် ။ အပြန်အလှန် အိ မ်ထောင် ပြုလို့ရတယ် ။

အိန္ဒိယန်း နဲ့ တရုတ် ၊ တရုတ် နဲ့  အိန္ဒိယန်း သူတို့ အချင်းချင်း

ဆက်ဆံနှီးနှော ရတာ ပိုလွယ်တယ် ။ မွတ်ဆလင်တွေ နဲ့  ကျတော့

အဲသလို မဟုတ်ဘူး ။ အဲဒါ အာရပ်နိုင်ငံတွေ က မွတ်စလင်တွေကြောင့်ပဲ။

မင်းက မွတ်ဆလင်ကို လက်ထပ်ချင်ရင် မင်းကိုယ်တိုင်လည်း မွတ်ဆလင်

လုပ်ရ ၊ ဖြစ်ရမယ် ။ ဒါကြီးက မွတ်ဆလင် ဘာသာဝင်

မဟုတ်သူ တစ်ယောက်အတွက် အတော်ခက်တဲ့ ကိစ္စကြီးပဲ ။ ဆိုလိုတာက

လိုက်(ဖ်) စတိုင်တွေ အကုန် လုံးပြောင်း ရတာ ။ မင်း ဗလီတက် မယ်ဆိုရင်

အာရပ် ဘာသာ သင်ရတယ်။ ရွတ်ရ ၊ ဖတ်ရ တာကလည်း အာရပ် လို ။

အစားအစာတောင် မှ အာရပ် ပုံစံ ။ ဒါက ကျော်လွှားဖို့ တော်တော်ခက်

တဲ့ကိစ္စ လို့ ငါမြင်တယ် ။ ရာဇာရတန္နန် ရဲ့ အိုင်ဒီယိုလော်ဂျီ ကို

ငါမွေးစားခဲ့တာ ။ ဒီ အခက်အခဲက ဆယ်စုနှစ် များစွာ

ကြာတာတောင် ကျော်ဖြတ်နိုင် ဖို့မလွယ်ကူလှဘူး ဆိုတာ

ငါကောင်းကောင်း သဘောပေါက် ခဲ့တယ် ။ အခု လက်ရှိ အဖွဲ့  ကို

မရရအောင် တဖြည်းဖြည်းချင်း ငါတို့စည်းရုံး ယူခဲ့ ရတာ ။

လက်ရှိ အခြေအနေအရ ငါပြောမယ် ။ ဘယ် လူမျိုး ၊ ဘယ်ဘာသာဝင်

မဆို အလွယ်တကူ နှီးနှောနေထိုင် လို့ရတယ် ။ အစ္စလာမ် ကလွဲရင် ။

လီကွမ်ယု

စင်္ကာပူ ပထမဆုံးဝန်ကြီးချုပ် ။

http://www.lee-kuan-yew.com/

http://www.scribd.com/doc/106758539/Mr-Lee-Kuan-Yew-s-View-on-Islam

Wednesday, January 23, 2013

သာသနာ့လမ်းစဉ်ဆိုတာ

သာသနာ့လမ်းစဉ်ဆိုတာ “စေရာသွား၊ ထားရာနေ” ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒလည်း
မဟုတ်ဘူး။ “ကြိုက်သလိုနေ၊ အချိန်တန်ရင် လာကယ်မယ်”လို့ အာမခံ
တာဝန်ယူထားတဲ့ ကယ်တင်ရှင်ဝါဒလည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုး၊
ကိုယ်ထူကိုယ်ထ၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ကမ္မဿကတာဝါဒသာ ဖြစ်တယ်။ ကိုယ့်ဒုက္ခ
ကိုယ်ပဲ နုတ်ရ, လျှော့ရမယ်။ ကိုယ့်ချမ်းသာကို ကိုယ်ပဲရအောင်ယူရမယ်၊
သာသနာဆိုတာ လမ်းခင်းပေးရုံ လမ်းညွှန်ပေးရုံ လမ်းဖွင့်ပေးရုံပဲ
တတ်နိုင်ပါတယ်။ လမ်းပေါ်ရောက်အောင်တက်သွားပြီး သွားရမှာကတော့
ကိုယ့်အလုပ်ပါ။
 ( တိပိဋက ယော-ဆရာတော်)


 ကိုယ့်အတွက်သာကြည့်တတ်ပြီး သူ့အတွက် မကြည့်တတ်ရင်၊ မျက်မှောက်အတွက်သာ မြင်တတ်ပြီး
နောင်ရေးအတွက် မမြင်တတ်ရင် လောကီအတွက်သာ ဦးတည်တတ်ပြီး လောကုတ္တရာအတွက်
ဦးတည်ချက်မထားတတ်ရင် တဖက်မျှသာမြင်သူဖြစ်လို့ လူ့စွမ်းရည်မကုံလုံ
မပြည့်စုံသေးပါဘူး။ လူစင်မမီ၊ လူသားမပီသသေးပါဘူး။
(တိပိဋက ယော-ဆရာတော်)



လူ့ဘဝဆိုတာ အကာနှင့်အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို
ဆွဲထုန်ယူနိုင်ပါလိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် (သို့မဟုတ်)
အကာနှင့်အနှစ်  ပြောင်းပြန် အမြင်လွဲနေရင် အဖိုးတန်လှတဲ့ လူ့ဘဝမှာ
အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တဘဝ ဆုံးတတ်ပါတယ်။
(တိပိဋက ယော-ဆရာတော်)


Friday, December 28, 2012

စပ်ကူး မပ်ကူး မလွယ်ဘူး


လူထွက် ရဟန်း၊
နန်းကျ ဘုရင်၊
ပင်စင် အငြိမ်းစား၊

ယောက်ျားလူထူး၊
ဤသုံးဦးကား၊
စပ်ကူး မပ်ကူး၊
မလွယ်ဘူးတည့်။

နေထိုင်ရေးခက်ခဲသူ သုံးယောက်ရှိသည်ဟူ၏။ ယင်းသုံးဦးသည်ကား---
၁။ လူထွက်ရဟန်း
၂။ နန်းကျဘုရင်
၃။ ပင်စင်အငြိမ်းစား-တို့ ဖြစ်ပါသည်။


၁။ လူထွက်ရဟန်း---
ယင်းသည် ရှေးစကားဖြစ်ပုံရသည်။ ယခုခေတ်မှာတော့ ဘုန်းကြီးလူထွက်ဟု
ဆိုကြသည်။ ဘုန်းကြီးလူထွက်များသည် အတိတ်ကာလက ရဟန်းဘဝတုန်းက နေရ ထိုင်ရ
နှီးနှောပြောဆိုရသည် များမှာလည်း လူဝတ်ကြောင်များနှင့် မတူသော
ရဟန်းသာမဏေများနှင့်အတူ နေထိုင်ပြောဆိုရသည်။
လေ့လာသင်ယူရသည်များမှာလည်း လူမှုကိစ္စအတတ်ပညာများနှင့် မစပ်ဆိုင်။
သံသရာဝဋ်မှ ထွက်မြောက်ကြောင်း တရားစာပေများဖြစ်သည်။


ရဟန်းဘဝ မပျော်မွေ့သဖြင့် လူ့ဘောင်လောကသို့ ရောက်လာသည့်အခါ
ကလေးသူငယ်များကို စာသင်ရာ၌ လူ့လောက ကကြီး၊ ခကွေးမှစ၍ သင်ရလေရာ
အရာရာစိမ်းနေသည်။


စားဝတ်နေရေးမှာလည်း မြတ်စွာဘုရား၏ သာသနာ့ဝန်ကို ထမ်းဆောင်နေသောကြောင့် မြတ်စွာဘုရား
ပေးသနားသည့် စားစရာ၊ ဝတ်စရာ၊ နေစရာများကို ရခဲ့ပေရာ မိမိကိုယ်တိုင်
ရှာဖွေလုပ်ကိုင်ရန်မလိုဘဲ
ပြည့်စုံခဲ့သည်။ လူ့ဘဝကိုရောက်သောအခါတွင်ကား စားဝတ်နေရေးအတွက်
ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင်ရှာဖွေရပေတော့သည်။ လုပ်ခဲ့သည့်အလေ့အကျင့်
မရသေးသည့်အတွက် စိမ်းနေပြန်သည်။


ပြင်ပတွင် စကားပြောရာ၌လည်း ရဟန်းဘဝတုန်းနှင့် လားလားမျှ မဆိုင်တော့ချေ၊
အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် ခေါ်ဝေါ်ရမည့်အစား ဒကာကြီး၊ ဒကာမကြီး-ဟူသော
ဝေါဟာရနှင့် ကွဲလွဲလှပေသည်။ သွားလာနေထိုင်ပုံကလည်း အတော်ပင်သတိထားရသည်။
ရဟန်းဘဝတုန်းက သင်္ကန်းတင်သည့် ဘယ်ဘက်လက် မလှုပ်မရှား ငြိမ်သက်ခဲ့သည်မှာ
တော်ရုံနှင့်မပျောက်နိုင်။ သတိထားပြီး လှုပ်ရှားပေးနေရသည် မဟုတ်ပါလော။


ရှေးကပုံပြင်တပုဒ်ရှိသည်။ လူထွက်ခါစ ရဟန်းလူထွက်တယောက် ဆီရောင်းလေတော့--
ဆီဗျို့...ဆီ..
ဆီများ ကပ္ပိကြဦးမလား...လို့ ယောင်အော်မိသည်။
ဟဲ့..ဟဲ့..ဆီသည်ကြီးက ဘုန်းကြီးလူထွက်ကြီးနဲ့တူတယ်လို
့ မိန်းမတချို့က
ရယ်မောပြောသံကြားလေရာ
ယောင်လို့ပါ ဒကာမကြီးတို့-လို့ ပြန်ပြောမိကာ မိမိမှားမှန်းသိတော့
အတင်းပြေးခဲ့ရသတဲ့။


ဤသို့သောအကြောင်းများကြောင့် ရဟန်းဘဝမှ လူ့ဘဝသို့ပြောင်းလာသည့်
ရဟန်းလူထွက်များအား စပ်ကူးမပ်ကူး မလွယ်ဘူး-ဟု ဆိုရမည်သာတည်း။


၂။ နန်းကျဘုရင်---
ယခုခေတ်မှာတော့ နန်းကျသည့်ဘုရင်က ရှားပါးပစ္စည်းတခုဖြစ်သည်။
ဇာတ်ပွဲထဲတွင်လောက်သာရှိသည်။
ရှေးကဘုရင်များသည် ဘုန်းတန်ခိုး အလွန်ကြီးကြသည်။ လိုတရ ပြည့်ဝကြသည်။
လူတို့၏ အသက်စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်သည်ဟုပင် မှတ်တမ်းတင်
ပြောစမှတ်ရှိခဲ့သည်။


ဘုရင်များသည်လည်း သူတို့အသုံးအနှုန်းဝေါဟာရ သီးသန့်ရှိသည်။ ရေသောက်သည်ကို
ရေကြည်တော်
သောက်သည်-ဟု ပြောရသည်။ ထမင်းစားသည်ကိုလည်း ပွဲတော်တည်သည်-ဟု ပြောရသည်။
လမ်းသွားသည်ကို စကြာတော်ဖြန့်သည်။ ကြွချီတော်မူသည်ဟု ပြောရသည်။ ရေနှင့်
အစားအသောက် စသည်တို့ကို ကိုယ်တိုင်ယူသောက်စားရသည်မရှိ။ ကျေးတော်၊
ကျွန်တော်၊ ကိုယ်လုပ်တော်တွေကသာ ဆက်သ,ရသည်။ သွားလိုရာသို့လည်း
ကျေးကျွန်တို့က ယေါတော်၊ စကြာယာဉ်တော်များဖြင့် ထမ်းပို့သယ်ဆောင်ရသည်။


ယင်းသို့ ဘုန်းတော် ကံတော် ကြီးမားကြသည့် ရှင်ဘုရင်များသည် မိမိထက်
ဘုန်း၊ လက်ရုံး၊ တန်ခိုး၊ အာဏာကြီးသူတက်လာ၍ နန်းကျသောအခါ မပြောတတ်,
မဆိုတတ်၊ မသောက်တတ် မစားတတ်၊ မသွားတတ် မလာတတ်၊ မနေတတ် ဖြစ်သွားသည်။
ရေကြည်တော် ဆက်သ,သူ၊ ပွဲတော်အုပ် ဆက်သ,သူ မရှိတော့ပြီ။ အစစအရာရာ
အခက်အခဲရှိလာတော့သည်။ ဤသို့ နန်းကျဘုရင်များ နေရေးထိုင်ရေး
အခက်အခဲကြုံတွေ့ရသည်။


၃။ ပင်စင်အငြိမ်းစား---
အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ အခစားဘဝဟူသည် ကောင်းသည် ဆိုးသည်
ပြောဖွယ်မရှိ။ မိမိအားပေးအပ်၍ မိမိက လုပ်ပါမည်ဟု ဝန်ခံထားသော
အလုပ်တာဝန်များကို ထမ်းဆောင်ရသည်။ နည်းသည် များသည် ပြောရန်မလို။
မိမိရာထူး၊ အလုပ်တာဝန်အတွက် သတ်မှတ်ထားသည့် လုပ်အားခကို ခံယူရသည်။
ပိုလျှင်စု၍ လိုလျှင် ရှာရုံသာရှိသည်။ မှန်မှန်လုပ်၊ မှန်မှန်ယူ၊
မှန်မှန်သုံးနေရသည်။ အေးဆေးသည်ဖြစ်စေ၊ ပူပင်သည်ဖြစ်စေ ဤအခစားဘဝအခြေအနေ၌
အကျင့်ရ နေသားကျနေပြီဖြစ်သည်။


ရက်ပေါင်းများစွာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ
ကျင်လည်ခဲ့ရသည်ဖြစ်သောကြောင့် ယဉ်ပါးနေပြီဖြစ်သည်။ ယင်းသို့ ကျင်းသားရ၊
နေသားကျပြီး ယဉ်ပါးသော အခြေအနေမှ အပြောင်းအလွဲဖြစ်ကာ
ပင်စင်အငြိမ်းစားဘဝသို့ ရောက်လာသည်ဆိုလျှင် အူကြောင်ကြောင်၊ ယောင်ချာချာ
ဖြစ်နေတတ်ပေသည်။ လုပ်ကိုင်နေကျအလုပ်ကလည်း စွန့်ခွါခဲ့ရပြီ။
လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူများနှင့်လည်း ဝေးခဲ့ပြီ။ ရနေကျ
အခကြေးငွေများကိုလည်း မ၇တော့။ သုံးစွဲနေကျအတိုင်းလည်း သုံးစွဲနိုင်ချင်မှ
သုံးစွဲနိုင်ပေမည်။ အခြေအနေအဟောင်းမှ အခြေအနေအသစ်သို့ပြောင်းလာခါစ
ပင်စင်အငြိမ်းစားအတွက် မလွယ်ကူတော့။ အခက်အခဲနှင့် ကြုံရပေတော့မည်။
ဤသည်များကို သုံးသပ်၍ ----


လူထွက်ရဟန်း၊ နန်းကျဘုရင်၊ ပင်စင်အငြိမ်းစား၊ ယောကျာ်းလူထူး၊
ဤသုံးဦးကား၊ စပ်ကူးမပ်ကူး၊ မလွယ်ဘူးတည့်။


ကျွန်တော်သည် အစိုးရဝန်ထမ်းတဦး ဖြစ်သည်။ (၂၀၁၁)ခုနှစ်ထဲတွင်
အသက်(၆၀)နှစ်ပြည့် ပင်စင်သွားရတော့မည်။ ပင်စင်နီးနေသည့်အတွက် ပြင်ဆင်စရာ
မရှိမဟုတ် ရှိသည်။ မည်သည့်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းကိုမျှ မဝင်ဘဲ စာပေများ
ဇောက်ချရေးတော့မည်ဟု ကြိုတင်စီစဉ်ထားသည်။ ကြိုတင်၍
ပြီးခဲ့သော(၁၀)နှစ်ခန့်မှစ၍ စာပေလောကထဲသို့ ခြေလှမ်းတဖက်
လှမ်းထားပြီးဖြစ်သည်။ သို့သော် အထက်ဖော်ပြချက်များအရ ပင်စင်အငြိမ်းစားဘဝ
စပ်ကူးမပ်ကူး ကာလရောက်သည့်အခါ တောင်တောင်အီအီ မဖြစ်ဖို့တော့
တင်းရင်းထားရဦးမည်။ တကယ်ပဲ တင်းရင်းရလေမလား၊ ပင်စင်အငြိမ်းစားဘဝတွေက
စပ်ကူးမပ်ကူးကာလ တကယ်ပဲ မလွယ်ဘူးလား။ မိမိဉာဏ်ရှိသလောက်နှင့်
သုံးသပ်မိသည်။


ဆာဂျေအေ ဦးမောင်ကြီး---
မြန်မာသက္ကရာဇ် (၁၂၃၃-၁၃၁၆) ခုနှစ်ခန့်က ထင်ရှားကျော်ကြားသည့်
ပုဂ္ဂိုလ်ကြီးမှာ ဆာဂျေအေ ဦးမောင်ကြီး ဖြစ်သည်။ ဤပုဂ္ဂိုလ်ကြီးသည်
မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာသည့် တဦးတည်းသော ဘုရင်ခံဖြစ်သည်။
တရားဝန်ကြီး ပြည့်ထဲရေးဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးလည်း ဖြစ်ခဲ့သေးသည်။


မြန်မာသက္ကရာဇ်(၁၃၁၂)ခုနှစ်ခန့်
အခါက ထိုင်းနိုင်ငံ လန်ပန်းမြို့၊
ညောင်ဝိုင်းကျောင်းဆရာတော် အရှင်ဝါယမ ရန်ကုန်မြို့သို့ ကြွတော်မူလာသည်။
ဆရာတော်မှာ ထိုင်းနိုင်ငံ၌ သာသနာပြုနေတော်မူသော်လည်း မူရင်းဇာတိမှာ
ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ စည်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည်
ထိုင်းနိုင်ငံမှရောက်လာပြီး ထိုင်းနိုင်ငံရှိ မြန်မာအမျိုးသားများနှင့်
အတက်အသွယ်ရှိသည်။ ဆာဂျေအေ ဦးမောင်ကြီးထံသို့ ကြွတော်မူသည်။


ထိုအခါ ပင်စင်အငြိမ်းစားဖြစ်သည့် ဆာဂျေအော ဦးမောင်ကြီးသည် သားသမီး
ဆွေမျိုးသင်္ဂဟ အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်း စည်းစိမ်ဥစ္စာ
ပြည့်စုံချမ်းသာစွာရှိသည်။ သို့သော် လူများစွာနှင့် တွေ့ဆုံမှုကို
ရှောင်ရှားကာ နေက္ခမ္မပါရမီဖြည့်လျက် ကမ္မဋ္ဌာန်းတရား ပွားများနေကြောင်း
ဆရာတော်ဦးဝါယမက မိန့်ကြားတော်မူသောကြောင့် အေးချမ်းစွာ တရားပွားနေသည့်
ပင်စင်စား အငြိမ်းစားကြီးအကြောင်းကို လေ့လာမှတ်သားခဲ့ရသည်။


စာပေလောကတွင်လည်း တပ်မတော်ဘက်ဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက်အကြီးအကဲ၊
အရာထမ်းများစွာ အငြိမ်းစားယူပြီး စာရေးသားမှုပြုနေကြသည်။ ပင်စင်စား
အငြိမ်းစားနှင့် မတူချေတော့ ပျော်မွေ့နေကြသည်ကို တွေ့ရသည်။


ဤသို့ဆိုလျှင်  ပင်စင်အငြိမ်းစား၏ စပ်ကူးမပ်ကူးကာလ မလွယ်ဘူးဟူသော စာချိုးသည်---
ထို့ပြင်တဝ၊ ပျော်ရွှင်မြူးတူး၊ လူထူး ၆-ဦး ဆိုသည့် ဧကစ္စေဝါဒလင်္ကာလည်း
ရှိနေပြန်သေးတော့-
အိမ်ထောင်ဦးစ၊
ထီပေါက်စနှင့်၊
ထောင်မှလွတ်ကင်း၊
ပဉ္ဇင်းလူထွက်၊
နန်းတက်ဘုရင်၊
ပင်စင်အငြိမ်းစား၊
ယောက်ျားလူထူး၊
ဤခြောက်ဦးကား၊
အရူးအမူး၊
လွန်ပျော်မြူး၏။


လင်္ကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ-
၁။ အိမ်ထောင်ဦးစ လူသား
၂။ ထီပေါက်စ လူသား
၃။ ထောင်မှထွက်လာခါစ လူသား
၎။ ရဟန်းဘဝမှ ထွက်လာခါစ လူသား
၅။ ဘိသိက်ခံ ထီးန်းတက်ပြီးခါစ လူသား
၆။ ပင်စင်စား အငြိမ်းစားဖြစ်ခါစ လူသား
ဤလူခြောက်ယောက်တို့သည် အရူးအမူး အလွန်ပျော်မြူးကြသူများ ဖြစ်သည်ဟု ဆိုပေသည်။

မိမိသည် ဝန်ထမ်းဖြစ်သည့်အတွက် ပင်စင်စားရခြင်းသည် နည်းခြင်း၊
များခြင်းကို အသာထား၍ မိမိထမ်းဆောင်ပြီးမြောက် အောင်မြင်မှုအတွက်
လုပ်ကိုင်လာခဲ့ရသည့် ဝန်ထုပ်ဝတ်ပိုး တာဝန်ဝတ္တရားကြီးကို
မိမိအလှည့်ကုန်ဆုံးသည်အထိ ချောချောမောမောဖြင့် ချထား၍
အနားယူခွင့်ရခဲ့လေပြီဖြစ်ရာ မည်မျှဝမ်းသာအားရ ဖြစ်လေမည်နည်း။
ပေါ့ပေါ့ပါးပါး စိတ်အားကိုယ်အား အနားယူခွင့်ရသွားပြီ ဖြစ်သည်။


ယင်းသို့ ပေါ့ပေါ့ပါးပါး အနားယူခွင့်ရသွားပြီဖြစ်သောကြော
င့် မိမိဝါသနာပါ
လေ့လာလုပ်ကိုင်ချင်ပါလျက် မလေ့လာ၊ မလုပ်ကိုင်ရသေးသော အလုပ်များကိုလည်း
လုပ်ကိုင်ခွင့်ရသွားပြီဖြစ်သည်။ ယင်းသို့ ဝါသနာပါရာအလုပ်နှင့်
လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို လုပ်နိုင်ခွင်ရခြင်းသည်လည်း လူပလောက၊
လူ့ဘဝ၌ အလွန်အရသာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် အခွင့်အရေးကြီးကို
ရရှိခြင်းဖြစ်ပေသည်။ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝသစ်တခုကို
အစပြုလိုက်ခြင်းပင် ဖြစ်သည်။ ပင်စင်အငြိမ်းစားအဖြစ် အောင်ပွဲကြီးရခဲ့ရာမှ
ဆက်လက်၍ အောင်ပွဲအသစ်များရရန် ဦးတည်လိုက်ခြင်းပင် ဖြစ်ပေ၏။
ထို့ကြောင့် အရူးအမူး ပျော်ရွှင်မြူးတူးသူ ၆-ဦးစားရင်းတွင်
ပင်စင်အငြိမ်းစားကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။


ဖော်ပြပါ ပျော်ရွှင်မြူးတူးသူ ၆-ဦးတွင် ခြွင်းချက်အနေဖြင့်
မကြိုက်မနှစ်သက်ဘဲ ညားကြရသည့် အိမ်ထောင်ဦးည၊
ထီပေါက်သည်ကြားရ၍ ရူးသွားသူ၊
ထောင်ကလွတ်ပြီး အခြားအမှုနှင့် ထပ်အဖမ်းခံရသူ၊
ရဟန်းလူထွက်ပြီး အဆက်အသွယ်ပြုထားသည့် အမျိုးသမီးက လက်မခံသော ရဟန်းလူထွက်၊
နန်းတက်သည့်ညမှာပင် အဆိပ်မိသေဆုံးရသည့် ဘုရင်၊
ရသည့်လုပ်သက်ဆုငွေနှင့် ပင်စင်လစာများ နည်းပါး၍ မလောက်အင စိတ်ညစ်ရသူ
ပင်စင်စားများ ရှိနေတတ်ပေသေးရာ ပျော်ရွှင်မြူးတူးဖြစ်ဖွယ်ရာဟူ
သည်တို့ကို
ချင့်တွက်ဖွယ်ရာ ရှိပေတော့၏။

တရားသဘောအရ ဝေဖန်ကြည့်ပါမူ ပင်စင်အငြိမ်းစားတိုင်း၏ဘဝကို ဝမ်းနည်းကြေကွဲ
အခက်အခဲဘဝတွေချည်းသာ ဖြစ်သည်ဟု ဆိုပြန်လျှင်လည်း အငြင်းပွားစရာ၊
ဝမ်းသာရွှင်ပျ သာယာလှသည့် ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပေသေးသည်။

ပင်စင်အငြိမ်းစားဘဝတိုင်းကို ဝမ်းသာရွှင်ပျ သာယာလှသည့်ဘဝများဟု
ဆိုပြန်လျှင်လည်း အငြင်းပွားစရာ။ ဝမ်းနည်းကြေကွဲ အခက်အခဲရှိနေသည့်
ပင်စင်အငြိမ်းစား ဘဝများကလည်း ရှိနေပြန်သည်။ ဤသို့ဆိုလျှင်
ပင်စင်အငြိမ်းစားနှင့် အမှန်တရားကား မည်သို့ပါနည်း။


ပင်စင်အငြိမ်းစားနှင့် အမှန်တရား (သမာနဝါဒ လင်္ကာ)---
ပင်စင်အငြိမ်းစား၊ အိုယောက်ျား၊
သင်အားယခု၊ လမ်းညွှန်ပြုအံ၊
လူ့ဘဝတာ၊ တစ်သက်လျာကား၊
မကြာခဏ၊ မြန်လွန်းလှ၏၊
တက်ကြွပျော်ဖွယ်၊ အားငယ်ညှိုးမှု၊
ကိစ္စစုကို၊ မပြုရှောင်ရှား၊
စွန့်ပယ်ထား၍၊ တရားအမှန်၊
သိမြင်ရန်သာ၊ ကြိုးစားကာဖြင့်၊
ထွက်ရာလမ်းစဉ်၊ လိုက်စေချင်သည်၊
ပင်စင်အငြိမ်းစား၊ အိုယောက်ျား...။


လူသားတို့ထွက်ရာလမ်း---
အမှန်တရား သိမြင်ရေးဟူသော ထွက်ရာလမ်းသည် ပင်စင်အငြိမ်းစားများနှင့်သာ
ကန့်သတ်သက်ဆိုင်သည်မဟုတ်ပါ။ ပင်စင်အငြိမ်းစားများကဲ့သို့ပင်
လူသားတိုင်းမှာ ဘဝသံသရာ၌ ရွှင်လန်းအားရ တက်ကြွမြူးပျော်ဖွယ်တွေ အသင်္ချေအနန္တ
တွေ့ကြရ၊ ဆုံကြရ၊ ကြုံကြရပါသည်။ အားငယ်ညှိုးနွမ်း၊ ပင်ပန်းဆင်းရဲမှုတွေ
အသင်္ချေအနန္တနှင့် ကြုံကြရ၊ ဆုံကြရပါသည်။


ယင်း အကောင်း,အဆိုးနှစ်ပါး လောကဓံတရားများ၏ နောက်ကွယ်မှာ ဝဲလည်လိုက်နေရန်
မသင့်ပါ။ အမှန်တရားကိုသိမြင်၍ ထွက်ရာလမ်းစဉ်လိုက်ရန်မှာ
ပင်စင်အငြိမ်စားများသာမက လူသားတိုင်း လူသားတိုင်း လိုအပ်လှပါသည်။


ကိုမောင်သန်းဝင်း
(ဂမ္ဘီရ ၂၀၀၉-ဇူလိုင်လ)


ကောက်နှုတ်ဖော်ပြသည်
(မော်လူး)

Monday, December 24, 2012

လီကွမ်ယု စင်္ကာပူ

စင်ကာပူနိုင်ငံ ချမ်းသာသောနိုင်ငံဖြစ်အောင် ဦးစီးဆောင်ရွက်ခဲ့သော
လီကွမ်ယု-သည် လီမျိုးနွယ်ဝင်
ဟတ်ကာတရုတ်လူမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၁၉၂၃-ခုနှစ် စက်တင်ဘာလ ၁၆-ရက်နေ့တွင်
စင်ကာပူ၌ မွေးဖွားခဲ့သည်။ လီကွမ်ယု၏ ဘိုးဘွားများသည်
၁၉-ရာစုနှောင်းပိုင်းမှစ၍ စင်ကာပူနိုင်ငံ၌
စတင်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ
ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့်
သင်ကြားသော စာသင်ကျောင်းများသို့
တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍
ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင်
အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် မိဘများ၏
ကြပ်မတ်မှုကြောင့်
၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး စင်ကာပူတွင်
နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ၀င်ခွင့်ရခဲ့သည်။
လီကွမ်ယုသည် ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့်
စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် ၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ်
အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ ပထမစွဲ၍
အောင်မြင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။
ဂျပန်ခေတ်တွင်
တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက်
ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။
၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ်
အလုပ်ရခဲ့သည်။

လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ
မုန့်ပဲသရေစာရောင်းသူ စသည့် ကြုံရာအလုပ်များဖြင့်လည်း ၀မ်းရေးကို တဖက်က
ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု ရှာဖွေစုဆောင်း
ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို
စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့်
ကိုလိုနီဝါဒ ကျင့်သုံးမှုများကို ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်

အတွက်
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ
လည်း ကိန်းအောင်းလာခဲ့သည်။
၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်)
ချူးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့်
ပညာသင်ခဲ့စဉ်အတွင်း ဘ၀တူလက်ဝဲယိမ်း စင်ကာပူ-မလေး ကျောင်းသားများနှင့်
ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို ခံခဲ့ရသည်။

၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ၀တ်လုံအဖြစ်
ဆောင်ရွက်လျက် တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး
နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး
သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင်
ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို
စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင်
ပိုမိုတိုးချဲ့လာသည့် ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။

၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ
ဖြစ်လာသည်။ လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏
ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု သြဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ
စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ လီကွမ်ယုသည်
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင်
ကြိုးစားခဲ့သည်။

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး
စတုရန်းမိုင် ၁၇၃-မိုင် ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ
လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု ၁၉၅၉-စင်ကာပူဒေသ၌ ၀န်ကြီးချုပ်
ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင်
အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို
ထမ်းဆောင်ခဲ့ရသည်။ ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့်
အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် အဓိကရုဏ်များ၊ PAP ပါတီမှာ
ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊
ဘဏ္ဍာရေးလိုငွေများပြားမှု စသည့် စီးပွားရေးပြဿနာပေါင်းစုံကို
ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌ လီကွမ်ယုသည် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့်
တိုးတက်လာစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့်
စားဝတ်နေရေး အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်
ဖန်တီးသကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း
ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ အများသုံးအိမ်သာတွင်
သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ
ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင်
အသန့်ရှင်းဆုံးနှင့် စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။
မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင်
ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ၀န်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန်
စည်းကမ်းတင်းကျပ် ထားသကဲ့သို့ လာဘ်စားဖို့မလိုအောင်လည်း လုပ်ခလစာများ
လုံလုံလောက်လောက် ပေးထားသည်။ ၀န်ကြီးချုပ် လီကွမ်ယု၏ လစာမှာ
အမေရိကန်သမ္မတ၏ လစာထက်ပင် များသည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာ
နိုင်ငံရေးတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင်
၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP ပါတီကသာ အာဏာရရှိနေသည်။
နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကို အထူးအလေးထားသည်။
ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများ
တွင်
စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ၀န်ကြီးချုပ်ဟောင်း
ဝါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊
စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ
ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက
အရေးပါသောအကြောင်းရင်း တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ
မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။

ကိုးကား

ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)

Tuesday, November 27, 2012

Welcome toTazaungmone Festival of Lights (Taunggyi-Shanstate)

In 'Tazaungmone' (November), Tazaunding' Festival is held on the full
moon day of Tazaungmone
according to the Myanmar calendar. Homes, buildings and streets are
illuminated and monks are
provided with robes and various requisites at Kahtein (ceremony of
offering robe to monks). The offering of 'Ma-tho-thin-gan'
saffron-coloured robes weaving ceremony is held on the eve of the full
moon day of 'Tazaungmone' in one night. On that day, young women teams
of weavers compete with one another to complete weaving robes
overnight. Crowds watch intensely as the'go signal is given for the
teams to start speed weaving at a stretch from evening onwards till
completion at dawn for offering to the great image of Lord Buddha. The
weaving of this special robe is still done the traditional way as a
demonstration and contest of weaving skill.

During the 'Kahtein' Festival some Myanmar young men usually send up

fire balloons.

Hot Air Balloons & Fireworks Festival


The Taunggyi hot-air balloon competition is the most popular main

attraction in Myanmar during winter.
The hot-air balloons are made up of hand-made paper beautifully
designed with colorful fireworks and
firecrackers.

Foreign tourists who are touring Taunggyi during November can surely

consider yourselves lucky as you
have the chance to see the beauty and enjoyment Tazaungdaing Festival
in Taunggyi.

Tazaungmone Festival of Lights

Venue: nation wide

Kyaiktiyo Pagoda (Golden Rock) Festival

Venue - Kyaik Hto, Mon State

Hot Air Balloons & Fireworks Festival

Venue - Taunggyi, Shan State

Tuesday, November 20, 2012

အစောင့်အရှောက်ဟူသည်

ကိုယ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ နုတ်ဖြင့် မကောင်းမှုကိုပြုသောသူ၊ စိတ်ဖြင့်မကောင်းမှုကိုပြုသောသူတို့သည် မိမိကိုယ်မိမိ စောင့်ရှောက်သူများမဟုတ်ကြပေ။
ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခေတ်မီသော ကွန်မန်ဒိုခြေလျင်တပ်၊ နည်းပညာ
ကြီးများဖြင့် စောင့်ရှောက်ကာရံထားစေကာမူ မိမိကိုယ်မိမိ စောင့်ရှောက်သူများမဟုတ်ကြပေ။
ထိုစောင့်ရှောက်သူများသည် ပြင်ပအစောင့်ရှောက်များသာဖြစ်၍ အတွင်းအစောင့်ရှောက်မဟုတ်သော
ကြောင့် စိတ်ချနိုင်သောအစောင့်ရှောက်မဟုတ်နိုင်ပေ။
ကိုယ်ဖြင့်ကောင်းသောအမှုကို ပြုသောသူ၊ နုတ်ဖြင့်ကောင်းသောအမှုကိုပြုသောသူ၊ စိတ်ဖြင့် ကောင်းသော
အမှုကိုပြုသောသူတိုသည့် မိမိကိုယ်မိမိ အမှန်တကယ်စောင့်ရှောက်သူများဖြစ်ကြသည်။
ထိုသူတို့သည် ဆင်တပ်၊ မြင်းတပ် စသည့် ခေတ်မီသောလက်နက်တပ်ကြီးများဖြင့် မစောင့်ထားသော်လည်း မိမိကိုယ်မိမိ စောင့်ရှောက်သူများဖြစ်ကြသည်။
ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊
စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏။ ကိုယ် နုတ် စိတ်နှလုံး သုံးပါးလုံးကို စောင့်စည်းနိုင်သူကို
ပစ္စုပ္ပန်ရော တမလွန်အတွက်ပါ မိမိကိုယ်မိမိ လုံခြုံအောင် စောင့်ရှောက်သူများဟု ဆိုအပ်၏။
(သံယုတ္တပါဠိတော်  ကောသလသံယုတ္တ သုတ္တန်)

Friday, November 9, 2012

ကမ္ဘာ ဆိုတာဘာလဲ .....

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။
တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။
ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။
အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။
ကမ္ဘာစစ်၏ အစ .......
ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။
“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။
“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။
အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။
ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။
ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။
အရေးကြီးဆုံး အလုပ်နှစ်ခု ......
ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။
ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။
စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။
အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။
အာရှမှာ အကုန်လုံးပြည့်စုံတယ်......
သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။
ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။
ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။
ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....
ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။
လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။
ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "

သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆
Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488