BLOGGER>> >VIEW ALL POSTS & TO READ THE LATEST POST>> > BLOGGER>>>ပိုစ်အားလုံးကြည့်ရန်နှင့်ပိုစ်အသစ်ဖတ်ရန်>>>သို့

Friday, July 27, 2012

မွေးနေ့အတွက်အမှတ်တရစကား..



မိမိ၏ မွေးနေ့ကျရောက်ရာ အခါကာလ သမယမှာ မွေးနေ့အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြသူများ အားလုံး
လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ မွေးနေ့အမှတ်တရစကားနဲ့ပတ်သက်လို့
ဒီနေရာမှာပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာဘုရားရှင်ကအရှင်အာနန္ဒာမထေရ်ကိုမိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံခေါ ပနေတံအာနန္ဒ ယံမနုဿဘူတောကာလံကရေယျ = အာနန္ဒာရလူရယ်လို့ ဖြစ်လာပြီးရင် သေကြရတယ်ဆိုတာဘာမှ အဆန်းမဟုတ်ပါဘူး”လို့ မိန့်ကြားခဲ့ပါတယ်။
အလားတူစွာဘဲ မွေးတစ်နေ့သေတစ်နေ့ ဆိုတဲ့လောက စကားနှစ်ခွန်းပါ။
မိခင်ဝမ်းဗိုက်ကနေ ကိုးလလွယ်ဆယ်လဖွား ဆိုတဲ့စကားနဲ့အညီ မွေးတစ်နေ့ ဆိုတဲ့စကားတစ်ခွန်းကိုတော့ လွန်မြောက်သွားခဲ့ပါပြီ။ သေတစ်နေ့ဆိုတဲ့ စကားတစ်ခွန်းဘဲကျန်ပါတော့တယ်။ အဲဒီစကားကိုတော့ မကြားချင်ပေမယ့်
ကြားကိုကြားရမှာဘဲလေ။ ဘယ်ပုဂ္ဂိုလ် သတ္တ၀ါ ဘယ်ဖန်ဆင်းရှင်ကမှ ဟန့်တားထားနိုင်စွမ်းမရှိပါဘူး။နီးနေသမျှ ဝေးစေခဲ့တာဟာ ဒီမွေးနေ့ကျရောက်ခြင်းပါဘဲ။
ဝေးသမျှ နီးစေတာဟာလည်း ဒီမွေးနေ့ကျရောက်လာခြင်းပါဘဲ။
ပျော်ရွှုင်လွတ်လပ်တဲ့လူငယ်ဘ၀ကို တစ်နေ့ထက်တစ်နေ့ ဝေးစေတယ်။
လူငယ်များလိုလွတ်လပ်ခြင်းမရှိတော့တဲ့ လူကြီးဘ၀နဲ့ မွေးသည်မှစ သေဆုံးရမည့်နေ့တိုင်အောင် တစ်ရွေ့ရွေ့ ဦးတည်စေ နီးစေတာ ဟာလည်း ဒီမွေးနေ့ကျရောက်လာခြင်းပါဘဲလေ။
ဒီကနေ့တော့ မိမိရဲ့ အသက်အားဖြင့် (၂၇)နှစ်ပြည့်တင်းတဲ့နေ့ပါဘဲ။သာသနာ့ဘောင်သက်တမ်းအားဖြင့် (၁၇)နှစ်ဝန်းကျင်။ရဟန်းဝါတော်အနေနဲ့(၇)၀ါ ပြည့်လို့ (၈)၀ါမြောက်ဝင်ပါတော့မယ်။ စာသင်ယူနေရဆဲမို့လို့ နေရာအတည်တကျလည်းမရှိသေးသလို မိမိကိုယ်တိုင် အားရကျေနပ်လောက်တဲ့ အလုပ်မျိုးလဲ ကောင်းကောင်းမလုပ်ဖူးသေးပါဘူး။ တစ်ခါတစ်လေများ မိမိကိုယ်မိမိ မျောက်တစ်ကောင်များလို့အောက်မေ့ရတယ်။ ဟိုပြောင်းဒီရွှေ့ နေရာကလည်းစုံလို့ပါဘဲ။ ဒါကတော့ ပျာယာခတ်နေတဲ့ မိမိအခြေနေကြောင့်ပါဘဲ။ တစ်ခါတစ်လေများကိုယ်က တစ်မျိုးဖြစ်ချင်တယ် သူကမဖြစ်စေချင်ဘူး။ သူကဖြစ်စေချင်တယ် ကိုယ်ကမဖြစ်ချင်ဘူး။အဲလိုအခြေနေတွေကြောင့်မို့ ဘ၀ဟာ မျောက်လိုပုံစံ ဟိုခုန်ဒီကူးဘ၀နဲ့ဗျာများသွားခဲ့ရပါတယ်။ တော်ပေသေးလို့ အခုန်အကူးဟာမှန်ကန်ခဲ့လို့သာ ဒီလိုအခြေနေထိရောက်သွားခဲ့ရတယ်။
မိမိဘ၀မှာ ပညာရေးနဲ့ပတ်သက်လာရင် အားထားအားပြုနိုင်လောက်တဲ့ ဒကာ/ဒကာမတွေမရှိခဲ့တော့ ကိုယ့်ဒူးကိုယ်ချွန် ရတာကတစ်ဖက် မြတ်ဆရာများနဲ့ဘဲ အားထားပြုခဲ့ရတာတစ်ဖက်မို့ အချိန်မတန်ဘဲ ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရတာဆိုလည်းမမှားပေဘူးပေါ့။ တကယ်လို့များပညာကြိုးစားသင်ယူနေရတဲ့အချိန်မှာ မိမိအတွက်လိုအပ်ချက်တွေပြည့်စုံခဲ့ ရင်မိမိရဲ့ပညာရေးပိုင်းမှာ မျှော်မှန်းထားသည့်ပညာရေးအဆင့်မှာရောက်နေနိုင်လောက်ပါပြီ။ဒါပေမယ့် အဲသလိုမဖြစ်ခဲ့ဘူးလေ။မိမိ၏အတွေ့အကြုံအရအနေနဲ့ လူဆိုတာ မြင့်သော၊ပို၍မြင့်သော ပုဂ္ဂိုလ်များအပေါ် ကရုဏာသက်စရာမဟုတ်ပါဘဲလျက် ကရုဏာသက်တတ်တယ်။ချီးမြှောက်စရာမလိုအပ်ပါဘဲလျက် ချီးမြှောက်တတ်တယ်။ နိမ့်သော၊ ပို၍နိမ့်သော ပုဂ္ဂိုလ်များအပေါ်၌မူ ကရုဏာသက်သင့်စရာ ဖြစ်ပါလျက် မသက်တတ်ကြတာအမှန်ဘဲလေ။ချီးမြှောက်စရာလိုအပ်ပါလျက်မချီးမြှောက်တတ်ကြ။သမုဒ္ဒရာ၌သာ မိုးရွာလိုကြတယ်။လွင်တီးခေါင် ကုန်းပေါ်၌ မိုးမရွာလိုကြ။ဤသည်ပင်လျှင် လူတို့၏ဓမ္မတာပါဘဲ။ဒါတွေကို မိမိအနေနဲ့ အတော်အသင့်နားလည်ထားသည်ဖြစ်လို့ မိမိအနေနဲ့ ကိုယ်ပိုင်တဲ့ကိုယ့်ဘ၀ကိုရည်မှန်းရာ လမ်းကြောင်းကနေ မတိမ်းစောင်းရလေအောင် ဖြေသိမ့်စရာအနေနဲ့ရစေခဲ့တာအမှန်ပါဘဲလေ။ ဒါကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဘဲလေ ဘယ်တတ်နိုင်ပါ့မလဲနော်။
မြတ်ဆရာများ၏ အရှိန်အ၀ါအောက်မှာ ခိုလှုံကြီးပြင်းခဲ့ရသူမို့ စာသင်ချိန် တုန်းက အခက်ခဲတွေနဲ့ရင်ဆိုခဲ့ရတာတွေကလွဲရင် အားလုံးဟာစည်းကမ်းတကျနဲ့နေရတာဘဲမို့ မိမိဘ၀အတွက်ကံကောင်းမှုဘဲပေါ့။ မြတ်ဆရာက မျက်ခြေမပြတ်စောက်ရှောက်ခဲ့လို့တပည့်ဖြစ်တဲ့မိမိအနေနဲ့ ကြိုးစားနေထိုင်ရတယ်။တပည့်ကကြိုးစားနေထိုင်လို့မြတ်ဆရာက စောင့်ရှောက်တယ်။ဒါအပြန်အလှန်ကျေးဇူးပြုမှုဘဲလေ။

ဆရာကချီးမြှောက်ပေမယ့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် စာသင်ဖော်စာသင်ဖက်တွေက အမြင်ကြည်လေ့ မရှိပါဘူး။ အမြဲတမ်းဘဲ အထင်လွှဲတာ ခံနေရတတ်တာ ဆရာနဲ့အနေနီးနေတဲ့တပည့်တိုင်းမှာ ဒီသဘောတရားကို သိနိုင်မှာပါ။ဒါပေမယ့် ဆရာရဲ့ချီးမြှောက်မှုကိုခံရတဲ့ တပည့်ဘ၀မှာဆရာ က မျက်ခြေမပြတ်မစာင့်ရှောက်ခြင်းမခံ့ရရင် မိမိရဲ့ငယ်ဖော်သူငယ်ချင်း/ ရွာကသူငယ်ချင်းတွေလိုဘဲ ကလေးတွေတစ်ပုံတစ်ပင်ကြီးနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘ၀မျိုးရောက်သွားမှာအမှန်ပါဘဲလေ။ တစ်ခါတစ်လေများ ကိုယ့်ဇာတိရပ်၇ွာကို အလည်ပြန်တဲ့အခါ ကိုယ့်သူငယ်ချင်းတွေပြန်တွေ့တော့
သားသမီးတွေတစ်ပုံတစ်ပင်ကြီးနှင့် ခက်ခက်ခဲခဲ ကြိုးစားလုပ်ကိုင်နေကြရတာကို မြင်ရခြင်းအားဖြင့် ကိုယ့်အမြင်နဲ့သူတို့ကို သနားမိတာပေါ့။ ကိုယ်ကတော့ မြို့ကြီးမှာနေပြီး ဆရာအားကိုးနဲ့ သွားချင်ရာလျှောက်သွား လွတ်လပ်နေတဲ့ဘ၀ကို ပိုင်ဆိုင်ထားနေဆဲလေ။
ဒါကတော့ ကိုယ်ပိုင်အမြင်ပေါ့။ သူတို့အနေနဲ့ မိမိကိုမြင်ခြင်းအားဖြင့် ပြန်ပြီးသနားနေမိမှာအမှန်ဘဲ။ သူတို့ကတော့ ကိုယ်ပိုင်မိသားစုတွေနဲ့ပိုင်ဆိုင်ထားကြပြီဆိုတော့ ခက်ခဲပေမယ့် သူတို့ကိုသူတို့တော့ ကျေနပ်နေကြမှာအမှန်ဘဲလေ။
အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ မိမိဘ၀အတွက်တော့ ရှေးရှေးဘ၀တုန်းက ကုသိုလ်ကောင်းမှုမျိုးစေ့တွေနည်းခဲ့လို့သာ ဒီဘ၀မှာဘုန်းကံအားနည်းတယ်လို့ဘဲမှတ်ယူရတာကလွှဲလို့ဘာမှမတတ်နိုင်ဘူးလေ။

ဘ၀ရဲ့အခြံအရံအဖြစ် ဂုဏ်ပကာသနတွေနဲ့ အခြံရံပြုဖို့ထက် အတတ်ပညာ၊အသိပညာ၊ကိုယ်ပိုင်တဲ့ကိုယ်ကျင့်ဂုဏ်သိက္ခာနှင့် ခြံရံတတ်ဖို့က မိမိရဲ့ဘ၀ပေးအခြေနေတွေကြောင့် ပိုအားသန်စေခဲ့တာပါ။
ဘာဘဲဖြစ်ဖြစ်ပေါ့ မွေးနေ့ရောက်ပြီဆိုမှတော့ အမှတ်တရလေးတော့ ကျန်ခဲ့ရမှာပေါ့။ အဓိကတော့ သေတစ်နေ့ဆိုတဲ့ လက်ကျန်စကားတစ်ခွန်း မရောက်သေးခင်အထိ လက်ကျန်အချိန်လေးမှာတော့.......................
Repair for the worst , Do for the best and Hope for the best .ပေါ့။
အမှားကို ပြင်ဆင်မယ်၊ အကောင်းဆုံးကို တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်မယ်။ အကောင်းဆုံးကို မျှော်လင့် နေမယ်ပေါ့။ ကိုယ့်ဘ၀ရဲ့တန်ဖိုးကို ကိုယ်သိပြီးလုပ်သင့်တာရှေ့ဆက်လုပ်ဖို့ပါဘဲလေ။
တကယ်လို့များ မိမိဖြတ်သန်းရာနေ့တိုင်းကို မိမိကိုယ်ပိုင်ဘ၀အတွက် ကောင်းတာနဲ့ဘဲစပ်ယှဉ်ပြီး ကိုယ်၊နှုတ်၊ စိတ်တွေကို ပုံမှန်အဖြူရောင်လေးဆေးရောင်ခြယ်ပေးမယ်ဆိုရင်တော့
မွေးနေ့ရောက်တယ်ဆိုတာ အဆန်းမဟုတ်ဘူးပေါ့။
အားလုံး အားလုံး အနှစ်တရာ ကာလပတ်လုံး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခ လွန်ပြည့်ဝ၍ နေရသည်ကို မိမိသည်လည်း
ထပ်တူ မြင်ရလို၏..။
ဒါမွေးနေ့လက်ဆောင်အမှတ်တရစကားဘဲလေ။ အားလုံးကိုလေးစား ခင်မင်လျက်.....
အရှင်လက္ခဏသာမိ(တောင်ကြီး)။

Saturday, July 21, 2012

ဘ၀တစ်ခု အချစ်နှစ်ခု (ဘယ်သူမပြု မိမိအမှု)

ချမ်းသာစစ်မည်သည်ကို အမိကလည်းမပေးနိုင်၊ အဘကလည်းမပေးနိုင်၊ ဆွေမျိုးကလည်း မပေးနိုင် ၊ ချမ်းသာတုကိုသာ ပေးနိုင်၏၊ မိမိ၏ စိတ်မြတ်က သာလျှင် မိဘဆွေမျိုး
တို့က ပေးနိုင်သော ချမ်းသာထက်
ပို၍ပို၍ စစ်မှန်သော ချမ်းသာကိုပေးနိုင်၏။ (ဓမ္မပဒ)
ဤလောက၌ ချမ်းသာကို ပေးနိုင်သူ
များရှိကြပါ၏။ မိဘများက လည်းပေးနိုင်၏။ ဆွေမျိုးများကလည်းပေးနိုင်၏။ ချမ်းသာသူမိတ်ဆွေကောင်းများကလည်းပေးနိုင်၏။ မ စနိုင်သူများကလည်းပေးနိုင်၏။ နတ်ဒေ၀ါများကလည်း ပေးနိုင်၏။ ဆုတောင်းပြည့် ကိုယ်းကွယ်ရာများကလည်း ပေးနိုင်၏။ သို့ရာတွင် ထိုထိုပုဂ္ဂိုလ်များပေးနိုင်သော ချမ်းသာဟူသည်ကား အရည်အသွေးအားဖြင့် အတုသာဖြစ်၏။ ကာလအားဖြင့် ထာဝရမဟုတ်သောခဏသာဖြစ်၏။ အလွန်ဆုံးကြာလျှင် တစ်သက်တာ သာလျှင်ဖြစ်၏။ တကယ်တမ်းချမ်းသာကိုပေးနိုင်သည်ကား မိမိကုသိုလ်ကံသာဖြစ်၏။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကာလကဖြစ်၏။ ထိုအချိန်က မြတ်စွာဘုရားရှင် သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်၏။ တကယ်ဖြစ်ရပ်သည် စိတ်ကူးယဉ်ဖြစ်ရပ်ထက် ဆန်းကြယ်သည် ဟူ၍ ဤ၀တ္ထုကို ဖတ်ရှုလေ့လာဖူးသော ပညာရှင်များသည်
အသိမှတ်မပြုဘဲမနေနိုင်ခဲ့ပေ။
သောရေယျပြည်တွင် အလွန်ကြွယ်ဝသောဇနီးမောင်နှံရှိ၏။ သူတို့တွင် အလွန်ချစ်ရသော သားရတနာ တစ်ယောက်ရှိ၏။ သောရေယျ သူဌေးသား ဟူ၍ ပိဋကတ်စာတော် မှတ်တမ်းတွင် အထင်ရှားတွေ့မြင်နိုင်ပါ၏။ သူဌေးသားသည် အချိန်အရွယ်သို့ရောက်သောအခါ သူ၏မိဘများက သူ့ကိုသင့်တော်သော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးလိုက်၏။ သူကားကိုယ်တိုင်လည်း ပျိုတိုင်းကြိုက် လှတဲ့သူဖြစ်၏။ ကိုယ်ကိုယ်တိုင်လည်းလှသလောက် အလှပကိုအလွန်မက်မောသူလည်းဖြစ်၏။ အမှန်အားဖြင် သူ့ဇနီးသည်လည်း လှပသူပင်ဖြစ်ပါ၏။ သို့ရာတွင် လောကအလှဟူသမျှသည် အမြင့်ဆုံးသဘောကို ဆောင်သည်ဟူ၍မရှိ။ အသာဆုံးသဘောကို ဆောင်နိုင်ရိုးထုံးစံမရှိ။ သည်အလှသဘောကို သောရေယျသူဌေးသားအနေနဲ့ နားလည်နိုင်စွမ်းမရှိ။ အခြားသာလှသောသူတစ်ယောက်နှင့် မတွေ့သေးမှီ သောရေယျသူဌေးသားသည် သူ၏ဇနီးကို သူကအလှဆုံးဟူ၍ မှတ်ယူထား၏။ မြတ်စွာဘုရား၏ ညီတော်နန္ဒမင်းသားသည်ပင်လျှင် ဤသို့ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။ ပုထုဇဉ်များအနေနဲ့ ဤသို့မှတ်ထင်တတ်မှုသည် သဘာဝတော့ကျလှပါ၏။ အဆန်းတော့မဟုတ်ပါချေ။ သောရေယျသူဌေးသားသည် သူ၏ဇနီးနှင့် သားနှစ်ယောက်ရ၏။ ထိုစဉ်ကာလအထိ သူ၏ဘ၀သည် ဘာမှပြောစရာမလိုလောက်အောင်ကို အဘက်ဘက်မှ ပြည့်စုံပါ၏။ ဥစ္စာပစ္စည်းနှင့် သားသမီးရတနာများသည် ဘာမျှပြောစရာမရှိ။ ဘာမျှပြောစရာမရှိသောဘ၀ဖြင့် အသက်ရှင်နေရခြင်းသည်ပင် သောရေယျအတွက် လောကချမ်းသာဖြင့် သူအပြည့်ဝခံစားနေရခဲ့၏။ တစ်ခုသောနေ့တွင် သောရေယျသူဌေးသားသည် သူငယ်ချင်းတစ်ယောက်နှင့်အတူ ရေချိုးရန် ယာဉ်ငယ်တစ်စီးဖြင့် ရေချိုးဆိပ်သို့ ထွက်ခဲ့၏။ နောက်ပါအခြွေရံများလည်း များစွာပင်လိုက်ခဲ့ကြပါ၏။ ထိုနေ့ကားသောရေယျသူဌေးသားအတွက် ဘ၀တစ်ခု အချစ်နှစ်ခုတွေ့စေမည် ဘ၀၏ တစ်ဆစ်ချိုးအကွေ့ကို ဖြစ်ပေါ်စေမည့်နေ့ ကို သောရေယျသူဌေးသားကိုပင် မဆိုထားနှင့်  ပုထုဇဉ်လူသားတိုင်းကြိုတင်၍မသိနိုင်ပါချေ။ တကယ့်လိုများ
ငါဘာဖြစ်မည်ဆိုသည့် အခြေနေကိုကြိုတင်၍သိနိုင်လျှင်ကား ပုထုဇဉ်များအနေနဲ့ ရှေ့ဆက်သင့်လျှင်ရှေ့ဆက်ရမည်သာ။ ရှောင်ကြဉ်သင့်လျှင်လည်း ရှောင်ကြဉ်ကြမည်သာ။ ထိုသို့ ကြိုတင်၍မသိနိုင်တာကြောင့် သောရေယျသူဌေးသားသည် လမ်းတွင် ရှင်မဟာကစ္စည်း မထေရ်နှင့်တွေ့၏။ ရှင်မဟာကစ္စည်းမထေရ်ကား အလွန်သပ္ပာယ်သောမထေရ်ဖြစ်၏။ လောကဝေါဟာရ အခေါ်ဝေါ်နှင့်ပြောရလျှင် အလွန်ချောသော၊ အလွန်လှသောမထေရ်ဖြစ်၏။ သောရေယျသူဌေးသားသည်
သူ့ဇနီး၏ အလှကိုသာ အလှဆုံးဟုပင်ထင်ခဲ့၏။ လောကမှာလည်း အမျိုးသားများတကယ်လှပြီဆိုလျှင် အမျိုးသမီးအလှက အရှုံးပေးရသည်ကို ထောက်ရှုခြင်းအားဖြင့် ရှင်မဟာကစ္စည်း အထေရ်၏ အလှကိုမြင်လိုက်သောအခါ သောရေယျသူဌေးသားသည် အလှကိုသာ ကိုယ်းကွယ်တတ်သူတို့၏ ထုံးစံအတိုင်း ရင်သပ်ရှုမော အံ့သြသွားလေ၏။ အံ့သြရုံသာလျှင် ကိစ္စမရှိ။ ရင်သပ်ရှုမော အလှကိုတပ်မက်မောသော တဏှာဖြင့် တပ်မက်မောလျှင်တော့ မိမိဘ၀ကိုတစ်ချိုးကွေ့ပြောင်းလဲစေနိုင်၏။ သောရေယျသူဌေးသားသည်လည်း ရှင်မဟာကစ္စည်းမထေရ်၏ အလှကို ဤသို့တောင့်တလိုက်၏။
” ဤမထေရ်သည်မူလည်း ငါ၏မယားဖြစ်ပါမူကား ကောင်းလေစွ၊ သို့မဟုတ် ငါ့မယား၏အဆင်းသည်လည်း ဤမထေရ်၏ အဆင်းကဲ့သို့ ဖြစ်ပါမူကား ကောင်းလေစွ” ဤတောင့်တချက်သည် သူ၏ဘ၀ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေနိုင်သော တောင့်တာချင်မှန်းသူမသိနိုင်ပါချေ။ အကယ်၍များသိခဲ့လျှင်လည်း ဤသို့တောင့်တာနေမည်မဟုတ်။ မသိခြင်းကြောင့်ပင် မတောင့်တာသင့်သော အရာကိုသူတောင့်တမိချေပြီ။ ဥပမာဖြင့်ဆိုရသော်..
လေးညို့မှ ပစ်လွှတ်လိုက်မိသောမြားကို ပြန်၍ မရုပ်သိမ်းနိုင်တော့သလို သူတောင့်တလိုက်မိသော မနောကံ အကုသိုလ်သည် တစ်ဖန်ပြန်၍ ရုပ်သိမ်းရန်မစွမ်းနိုင်တော့။ ပစ်လွှတ်လိုက်သောမြားသည် မစူးဝင်စေချင်သောအရာဝတ္ထုများကို အားကုန်စူးဝင်သွားသလို သူတောင့်တလိုက်သေ မနောအကုသိုလ်ကံသည် သူ့ကိုချက်ချင်းပင် ယောက်ျားဘ၀မှ မိန်းမဘ၀သို့ အသွင်ပြောင်းလဲစေခဲ့ပါပြီ။
သူသည် ရှင်မဟာကစ္စည်းမထေရ် အပေါ် ပြစ်မှားမိသောမနောကံအကုသိုလ်ကြောင့် သောရေသူဌေးသားဘ၀မှ သောရေယျသူဌေးသမီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။ ဤသို့သောဖြစ်ရပ်ကို ဆေးပညာရှင်များက မည်သို့သတ်မှတ်ကြမည်ကို မသိနိုင်သော်လည်း ကမ္မ၀ိသယော အစိန္တေယော ဟူသောမြတ်ဗုဒ္ဓဒေသနာတော်အရ ကောင်းကံ၊ မကောင်းကံတို့၏ အရာသည် ကြံစည်ခြင်းငှါမစွမ်းနိုင် ဟူသည်နှင့်အညီ သောရေယျသူဌေးသားသည်ပင်လျှင် သူကြိုတင်၍
ကြံစည်ခြင်းငှါမစွမ်းသာခင် သူပြုခဲ့သောအကုသိုလ်ကံသည် ယောက်ျားစင်စစ်ဘ၀မှသည် မိန်းမစစ်စစ်ဘ၀သို့ ဖြစ်သွားစေသည်ကိုတော့ ဒဏ္ဍာရီမဟုတ် ပိဋကတ်မှတ်တမ်းတော်မှာ အထင်အရှားရှိခဲ့ပါသည်။ သောရေယျသူဌေးသားသည် ရှက်လိုက်သည်ဖြစ်ခြင်း၊ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိတော့။အမှန်အားဖြင့်သူသည် ယခုဘသ၌ပင် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ ရဟန္တာဖြစ်မည့်ပါရမီရှင်ဖြစ်၏။ ပါရမီရှင်ဖြစ်သော်လည်း အကုသိုလ်ကံက မညှာတာ။ အကုသိုလ်နယ်ရောက်လျှင် ဘယ်သူ့ကိုမှမညှာတာ အစွန်းကုန် အကျိုးပေးလိုက်ခြင်းပင်ဖြစ်၏။
ထိုကြောင့်သောရေယျသူဌေးသားလို ပါရမီရှင်များသည်ပင်လျှင် အ၀ိဇ္ဇာနှင့် တဏှာကြောင့် မှားတတ်ကြသေးလေရာ ငါဘယ်တော့မှ မမှားဘူး ဟူသောခံယူချက်များကို ခံယူတတ်ကြသောပုထု
ဇဉ်များသည် အဘယ်မျှလွဲမှားနေနိုင်ကြသနည်း။ ထိုကဲ့သို့သောပုထုဇဉ်များသည် မိမိတို့၏မိုက်မဲမှုကို
မိမိတို့ကပြန်မမြင်တတ်ကြသဖြင့် မမှားသင့်သည်ကို ဆက်ကာဆက်ကာမှားနေလေတော့၏။ သို့သော်ငြားလည်း အမှားကိုမြင်တတ်ကြသော ပညာရှိ လူနတ်ဗြဟ္မာတို့သည် ဤလောက၌အထင်အရှား
ရှိပါ၏။ မိမိတို့ပြုထားသော ကောင်းကံ၊ မကောင်းကံတို့သည် အကျိုးမပေးရမချင်း အရိပ်ပမာလိုက်၍နေကြ၏။
Nothing cannot produce something ဆိုထားသည်နှင့်အညီ ကုသိုလ်ကံ၊ အကုသိုလ်ကံသာမရှိတော့လျှင်
ကောင်းကျိုး၊မကောင်းကျိုးသည်လည်း ရှိနေနိုင်တော့မည်မဟုတ်ပေ။ There is no cause there is no result
အကြောင်းတရားမရှိလျှင်လည်း အကျိုးတရားရှိမနေနိုင်တော့ပေ။ သောရေယျ သူဌေးသား၏ သူငယ်ချင်းနှင့်
အခြွေရံများသည် သောရေယျသူဌေးသားကိုရှာကြ၏။ မည်သည့်နေရာမှရှာမတွေ့နိုင်သောအခါ သူတို့သည်အိမ်ကို ပြန်သွားပြီဟူ၍မှတ်ထင်ပြီး သောရေယျပြည်သို့ ပြန်သွားကြ၏။ သူ၏မိဘကိုအကျိုးအကြောင်းပြောပြ၏။ မိဘများသည် တတ်နိုင်သမျှ သူတို့၏သားကို ရှာဖွေကြပြန်၏။
ရှာမတွေနိုင်တော့ သည့်အဆုံး သေပြီဟူ၍ ယူဆပြီး ရက်လည်ဆွမ်းကိုပါသွတ်လိုက်ကြ၏။
သောရေယျ သူဌေးသမီးသည် ခြေဦးတည့်ရာသို့ လျှောက်သွားနေခဲ့ပြီး ကံအားလျော်စွာပင် တက္ကသိုလ်ပြည်သို့သွားသော လှည်းကုန်သည်များနှင့် တွေ့၍ လှည်းများ၏နောက်မှ အစဉ်တစိုက် လိုက်သွား
ခဲ့၏။ ထို့နောက်ခြေကျင်မလိုက်နိုင်တော့သောအခါ အဖိုးအခကိုပေး၍ လှည်းကိုစီးလိုက်သွားခဲ့၏။လှည်းကုန်သည်များသည်လည်း အမျိုးသမီး၏ အဆင်းသဏ္ဌာန်ကိုကြည့်ပြီး တက္ကသိုလ်ပြည်က သူဌေးသားအားဆက်သရန် ရည်ရွယ်ပြီး အမျိုးသမီးကို ကောင်းမွန်စွာစောင့်ရှောက်
၍ခေါ်ဆောင်သွား၏။ တက္ကသိုလ်ပြည်သို့ရောက်သောအခါ လှည်းကုန်သည်များသည် တက္ကသိုလ်ပြည်သားသူဌေးအား အကျိုးအကြောင်းကိုရှင်းပြကြလေရာ တက္ကသိုလ်ပြည်သူဌေးသားတွင်လည်း ဇနီးမရှိသဖြင့် သောရေယျသမီးကိုပင် သိမ်းပိုက်လိုက်တော့၏။ အမျိုးသားနှင့် အမျိုးသမီးအိမ်ထောင်ပြုကြရာတွင် ရေစက်ကြောင့်လည်းဖြစ်နိုင်၏။ နီးစပ်မှုကြောင့်လည်းဖြစ်နိုင်၏။ အမှန်စင်စစ် သူတို့အိမ်ထောင်ပြုကြရာ၌ကား ရေစက်ကြောင့် ယုံမှားသံသယဖြစ်နိုင်စရာမရှိပေ။
အမျိုးသမီးသည် ယောက်ျားဘ၀ဖြင့် သားနှစ်ယောက်ကိုရခဲ့ဖူး၏။ ယခု တက္ကသိုလ်ပြည်သူဌေးကတော်ဘ၀ဖြင့်လည်း သားနှစ်ယောက်ကိုရပြန်၏။တစ်ဘ၀ထဲတွင် အချစ်နှစ်ခုနှင့်တွေ့
၍ စုစုပေါင်း သားလေးယောက်ရခဲ့၏။ သည်ဖြစ်ရပ်ကား ဆန်းကြယ်လှ၏။ တစ်ခုသောနေ့တွင်သူဌေးကတော်သည် လေသာပြတင်းမှ အပြင်သို့ငေးကြည့်နေစဉ် မိမိ၏ မိတ်ဆွေဟောင်းကိုတွေ့၏။ ထိုမိတ်ဆွေဟောင်းကား သောရေယျပြည်သား သူမ၏ဆော့ဖော်ဆော့ဖက် သူငယ်ချင်းပင်ဖြစ်၏။ သူငယ်ချင်းနှင့် အတူပင် ယာဉ်ငယ်ကိုစီးကာ သောရေယျပြည် ရေချိုးဆိပ်သို့အတူသွား
ခဲ့သည်မဟုတ်ပါလား။ ရှင်မဟာကစ္စည်းမထေရ်ကိုမြင်၍ ပြစ်မှားမိသဖြင့် မိန်းမဖြစ်ခဲ့ရ၏။ ထိုစဉ်ကမူ သူငယ်ချင်းများ သိမည်စိုးသဖြင့် ရှက်၍ခြေဦးတည့်ရာ တိတ်တဆိတ် ထွက်ပြေးခဲ့၏။ ယခုမူပြန်လည်ဆုံတွေ့သောအခါ သူဌေးကတော်သည် သူငယ်ချင်းနှင့်စကားပြောလိုလှ၏။ မိမိဘ၀ကို
တက္ကသိုလ်ပြည်၌ အဆုံးသတ်တော့မည်ဟု ဆုံးဖြတ်လိုက်ခါမှ သူဌေးကတော်၏ ထိုဆုံးဖြတ်ချက် ပြန်ပြင်ရတော့မည်ဖြစ်၏။ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုလာသော ဘ၀ကံကြမ္မာ၏စွမ်းအင်ကို အဘယ်သူက
တားဆီးနိုင်ပါမည်နည်း။သူဌေးကတော်သည်မိမိ၏ အစေအပါးတို့အား သူငယ်ချင်းသောရေယျပြည်သား သူဌေးသားကို အခေါ်ခိုင်းလိုက်၏။ သောရေယျပြည်သားသူဌေးသားသည်လည်း ခေါ်ခိုင်းသည့်အတိုင်းပင်လိုက်
ခဲ့၏။ သူဌေးသားသည် တက္ကသိုလ်ပြည်သို့ အလည်အပတ်ရောက်လာသည်မဟုတ်။ လှည်းပေါင်းငါးရာနှင့်ကုန်
ကူးရန်ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့်သူသည် အခြားလှည်းငါးရာတို့အားခေတ္တထားခဲ့ပြီး လာခြင်းဖြစ်၏။
သောရေယျပြည်သားသူဌေးသားသည် တက္ကသိုလ်ပြည်သူဖြစ်နေသော သူဌေးကတော်ကို တွေ့မြင်သောအခါ မမှတ်မိဘဲရှိနေ၏။ ထို့နောက်မှ တက္ကသိုလ်ပြည်သူဖြစ်နေသော သူဌေးကတော်က အကျိုးကြောင်းစုံလင်စွာ ပြန်ပြောပြလိုက်မှ ထိုစဉ်က ဖြစ်ရပ်ကို ပြန်လည်အမှတ်ရလေတော့၏။
သူငယ်ချင်းသူဌေးသားကား အသိပညာဗဟုသုတရှိသူဖြစ်၏။ ရှင်မဟာကစ္စည်းမထေရ်အားပြစ်မှားမိသော အကုသိုလ်ကံသည် မထေရ်ကျေနပ်အောင်တောင်းပန်ပါက ပြေပြောက်သွားမည်ဖြစ်ကြောင်းကို သိ၏။ သော
ရေယျသူဌေးသမီးအတွက် ၀ဋ်ကျွတ်ချိန်ရောက်ပြီဖြစ်သောကြောင့် ကံအားလျော်စွာပင် ရှင်မဟာကစ္စည်းမထေရ်သည် တက္ကသိုလ်ပြည်၌သီတင်းသုံးနေလေ၏။ ထို့ကြောင့်သူဌေးကတော်၏သူငယ်ချင်းသည် ဘ၀တွင်အမွန်ဆုံးသောကောင်းမှုကို ပြုရန်ဆုံးဖြတ်လိုက်၏။ အမွန်မြတ်ဆုံးသော ကောင်းမှုဟူသည်ကား သောရေယျသူဌေးသမီးက ရှင်မဟာကစ္စည်းမထေရ်အပေါ် ပြစ်မှား
မိသောအကုသိုလ်ကံကို ပြေပျောက်စေရန် သူဌေးကတော်က မထေရ်အား တောင်းပန်အောင် ဦးစီးဦးဆောင်၍
ဆောင်ရွက်ပေးခြင်းဖြစ်၏။ ထိုသို့ဆောင်ရွက်ပါမှလည်း သောရေယျသူဌေးသမီးသည် သူဌေးသားအဖြစ်ပြန်၍ဖြစ်သွားပေလိမ့်မည်။ ထိုကြောင့်သူငယ်ချင်းသူဌေးသားသည် သူဌေးကတော်နှင့်တိုင်ပင်၍ ရှင်မဟာကစ္စည်းမထေရ်ကို အိမ်သို့ကြွပါရန် သွားရောက်၍ပင့်ဆောင်၏။
နောက်တစ်နေ့တွင် ဆွမ်းခံချိန်တွင် မထေရ်သည် သူဌေးကတော်အိမ်သို့ ကြွလာတော်မူ၏။ ထိုအခါသူငယ်ချင်းသူဌေးသားက သူဌေးကတော်ကို မထေရ်အား ပူဇော်သက္ကာရတို့ဖြင့် ပူဇော်စေပြီးနောက်
မိမိ၏ဖြစ်စဉ်အပြစ်ကို ၀န်ချတောင်းပန်ခိုင်း၏။ သူဌေးကတော်သည်လည်းဝန်ချတောင်းပန်၏။ သူငယ်ချင်းသည်လည်း အကျိုးကြောင်းရှင်းပြပြီး ကူ၍တောင်းပန်၏။ ရှင်မဟာကစ္စည်းမထေရ်သည်လည်း
အပြစ်ကို ”ငါသည်းခံ ၏” ဟူ၍ သည်းခံတော်မူ၏။ ထိုအခါ သောရေယျသူဌေးသမီးသည် သောရေယျသူဌေးသားဘ၀ကို ပြန်လည်၍ရရှိသွားလေတော့သည်။
တစ်ဘ၀တည်း၌ ယောက်ျားလည်းဖြစ်၊ မိန်းမလည်းဖြစ် လိုက်ရသော သောရေယျသူဌေးသားသည်
များစွာသံဝေဂဖြစ်စေခဲ့၏။ အမှန်အားဖြင့်ပါရမီ ပွင့်ချိန်တန်ခြင်းပင်ဖြစ်၏။ ထို့ကြောင့်သောရေယျသူဌေးသားသည် ငြိမ်းချမ်းသောဘ၀ကိုတည်ဆောက်ရန် ရှင်မဟာကစ္စည်းမထေရ်၏အထံတော်၌ ရဟန်းပြု၏။ ရှင်ဟာကစ္စည်းမထေရ်သည်လည်း သောရေယျသူဌေးသားကို ရဟန်းပြုပေးပြီးနောက် ကမ္မဌာန်းသင်ပေး၏။ အမည်အားဖြင့်သောရေယျ ရဟန်းပင်ခေါ်တွင်လေ၏။ ရှင်မဟာကစ္စည်းမထေရ်သည် သောရေယျရဟန်းကို နောက်ပါပြု၍ သာဝတ္ထိပြည်သို့
ဒေသစာရီကြွချီတော်မူလေ၏။ သောရေယျ ရဟန်း၏ နှစ်ဘ၀ဖြစ်ရပ်ကို ကြားသိကြသော သူများက တုန်လှုပ်
ချောက်ချားကာ ရဟန်းထံချဉ်းကပ်၍မေးကြ၏။ ရင်သပ်ရှုမောလည်းဖြစ်ကြ၏။ သံဝေဂရစရာလည်းဖြစ်ကြ၏။ သားလေးယောက်ရမှုနှင့် စပ်၍ မေးကြရာတွင် အဖဘ၀ဖြင့်ရသော သားနှစ်ယောက်ထက် အမိဘ၀ဖြင့်ရသော
သားနှစ်ယောက်ကို ပို၍ ချစ်ခင်ကြောင်း သောရေယျရဟန်းက ပြန်လည်ဖြေကြား၏။
မေးခွန်းများဖြေကြားရဖန်များသောအခါ သောရေယျရဟန်းသည် ရှက်စနိုးဖြစ်လာ၏။ ထို့ကြောင့် တစ်ပါးတည်းကိန်းအောင်းကာ ရဟန်းတရားများကို ကြိုးစားအားထုတ်လေရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ
ရဟန္တာဖြစ်သွားလေတော့၏။ တစ်ခါတစ်ရံ သောရေယျမထေရ်၏ ဘ၀နှင့် မေးခွန်းများမေးမြန်းကြသောအခါ
သောရေယျမထေရ်က ” ငါ့အားတစ်စုံတစ်ယောက်သောသားတို့အပေါ်၌ ချစ်ခြင်းတရားမရှိတော့ပြီ” ဟူ၍ ဖြေကြားလေသောအခါ ရဟန်းများက ထိုအကြောင်းကို မြတ်စွာဘုရားအားသွားရောက် လျှောက်ထားကြ၏။
ထိုအခါမြတ်စွာဘုရားက သားတော်သောရေယျမထေရ်သည် အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုသွားပြီဖြစ်သဖြင့်
သူ၏ဖြေကြားချက်သည်မှန်ကန်ကြောင်း အထက်ပါဆိုအပ်ခဲ့ပြီးသောဂါထာဒေသနာတော်ကို ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။ အမှန်အားဖြင့် ချမ်းသာစစ်စစ်ဟူသည်ကား သူတစ်ပါးက ပေးနိုင်သည်မဟုတ်။
မိမိစိတ်ကသာ ပေးနိုင်သောချမ်းသာဖြစ်၏။ မိမိစိတ်ကပေးခြင်းဟူသည်မှာ မှန်ကန်သောဝိပဿနာကျင့်စဉ်ဖြင့်
ကျင့်ခြင်းပင်ဖြစ်၏။ သောရေယျမထေရ်သည်လည်း မှန်ကန်သောဝိပဿနာကျင့်စဉ်ဖြင့် ကျင့်ခဲ့သောကြောင့်
လောကုတ္တရာစိတ်ကိုထားနိုင်ပြီး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင် သည်ကို သင်္ခန်းစာရစေပါသည်။ ”ကိုယ်ပြုသောကံ ပဲ့တင့်သံ ကိုယ့်ထံပြန်လာမည် ”ဟူသော ပညာရှိတို့၏စကားကိုလည်း အထပ်ထပ်ခါခါ ပြန်လည်ရွတ်မိပါတော့သည်။
(ဓမ္မပဒ စိတ္တ၀ဂ် သောရေယျ သူဌေးသားဝတ္ထုနှင့် ဦးရွှေအောင် ဓမ္မပဒ)

Wednesday, July 4, 2012

သရဏဂုံအကြောင်းသိကောင်းစရာများ..

သရဏဂုံဆိုသည်မှာ “သရဏဂမန”
ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း
 ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
 သရဏ-ကိုးကွယ်ရာအားထားရာအဖြစ်
ဖြင့် ဂမန- ဆည်းကပ်ခြင်းကို 
“(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။သရဏရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။
အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။
သရဏဂုံ(၂)မျိုး
လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။
ထိုတွင်...
(၁) လောကီသရဏဂုံသည်...
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။
ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
(၂) လောကုတ္တရာသရဏဂုံသည်…
သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။
သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။
သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး
၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျနစွာ မသိခြင်း၊
၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊
အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။
သရဏဂုံတည်ခြင်း
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။
သရဏဂုံပျက်ခြင်း နှစ်မျိုး
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံ တည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။
သရဏဂုံဖြစ် မဖြစ်
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
သရဏဂုံဆောက်တည်ပြီးသောသူသည် ...
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။
သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,

တတိယမ္ပိ ဗုဒ္ဓံ...

စသည်ဖြင့် ဆက်ဆိုပါ။
အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။
သရဏဂုံတည်ခြင်း၏အကျိုး
သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။
တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။
ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။
ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင်လည်းရွတ်ဆိုပွားများနေခဲ့သည်။ အိပ်ပျော်သွားသည်အထိ ရွတ်ဆိုပွားများနေခဲ့သည်။ မိဘနှစ်ပါးကို လည်း အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခဲ့သည်။
မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။
နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။


ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။
တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။
ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။
ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကောင်းစွာပြုအပ် သော ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော၊့ ပါရမီ ပြည့်စုံလုံ လောက်သည့်အခါ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားကြရပေလိမ့်မည်”ဟု လျှောက်ထားခဲ့သည်။
ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့ပါသည်။
ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။
၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
(By အရှင်ဥက္ကံသ(ဖားအောက်တောရ) ..)

Sunday, July 1, 2012

This, too, will pass..

ဆရာဖေမြင့်ရဲ့ စာအုပ်မှ This,too,willpass. ဆိုတဲ့ဟာလေးကိုတင်ပြပေးချင်ပါတယ်။
စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်ုပ်တို့ မျဉ်းသားမိတတ်ကြသည်။

အကယ်၍ ကိုယ့်ဘ၀ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသအတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သောစာပိုဒ်မျိုး အရေးအသားမျိုး တွေ့လျှင်မူ ၀မ်းသာ၍မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲသည် နှစ်နှစ်ခြိုက်ခြိုက်စာပိုဒ်မျိုးကို ကျွန်ုပ်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။
တကယ် အံဝင်ခွင်ကျအနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ မနေနိုင်။သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသောစကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်းကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ်သည်။
စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲစွဲမိသော စကားတစ်ခွန်းရှိသည်။
This, too, shall pass away.
ဒါလည်း ပြီးသွားမှာပါ၊ တဲ့။
စာသားက ရိုးရိုးလေးပင်။
သို့သော် တန်ခိုးရှိသည်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက်ဖြစ်ကာတနုံ့နုံ့ တွေးနေမိသည့်အခါမျိုးတွင် သည်စကားလေး ခေါင်းထဲ ပေါ်လာလျှင် စိတ်ထဲ ပေါ့ပါးသွားတတ်သည်။ အချိန်တန်ရင် ပြီးသွားမှာပါကွာ၊ ပူမနေပါနဲ့။ သည်စကားလေးက နှိမ့်သိမ့်အားပေးပါသည်။အားပေးရုံပဲလား။ သိပ်အားတက်နေ ၀မ်းမြောက်နေ တစ်ကိုယ်တည်းပီတိတွေ ဖြာနေမိသည့်အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိဖော်ပေးသည်။ ဟေ့...သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်းအချိန်တန်ရင်ပြီသွားမှာ။တန်ဖိုးရှိလှသည့် စကား။ လောကကြီးထဲမှာသင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တစ်ခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကား။
သည်စကားကို ဘယ်သူစပြောခဲ့သလဲ။ သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ။ ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားသည်။ ပုံပြင်စတင်ထွက်ပေါ်သည့် နေရာကား အနောက်အာရှဒေသဖြစ်သည်။
တစ်ရံရောအခါ ရှင်ဘုရင်တစ်ပါးသည် စိတ်ပင်ပန်းဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက်၌ အမတ်ပညာရှိတို့တို့အား မိမိအားကိုးစရာ ဆောင်းပုဒ်တစ်ခု ရေးသားပြုပေးရန် တောင်းဆိုသည်။ ဆောင်းပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော နိမ့်ပါးစဉ်မှာပါသုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။မှူးမတ်တွေ ဆောင်းပုဒ်အမျိုးမျိုး တင်ပြကြသည်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။ နောက်ဆုံးသမီးတော်က သူမရွေးချယ်ထားသည့် ဆောင်ပုဒ်တစ်ခုကို မြလက်စွပ်တစ်ကွင်းမှာ ရေးထွင်ပြိး ဆက်သတော့မှ ရှင်ဘုရင်ကနှစ်သက်သဘောကျသွားသည်။ လက်စွပ်ပေါ်မှာ အာရေဗီဘာသာဖြင့် ရေးထွင်းထားသည့် စာသား၏ အဓိပ္ပာယ်က This, too, will pass ဟူ၍…
အနောက်အာရှမှ အိန္ဒိဝသို့ ရောက်ရှိနေသောသည်ပုံပြင်ကို ဥရောပ(အင်္ဂလန်)သို့ အဓိကသယ်ဆောင်ဖြန့်ချီခဲ့သူက အိန္ဒိယတွင် ပထမဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်ခဲ့သူ ၀ါရင်းဟေးစတင်း(စ) (Warren Hastings) (၁၇၃၂-၁၈၁၈) ဖြစ်သည်။ ဘုရင်ခံချုပ်ဟောင်း ဟေးစတင်း(စ) အင်္ဂလန်သို့ ပြန်ရောက်ပြီးသည့် နောက်တွင်(ဆန့်ကျင်ဘက်နိုင်ငံရေးသမားတစ်စု၏ ထိုးနှက်မှုကြောင့်) ဘုရင်ခံဘသက အာဏာအလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခြင်း ခံရသည်။
နောက်တွင် တရားရုံးက သူ၌ အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့သော်လည်း ခုနစ်နှစ်တိုင်တိုင် ငွေကုန်လူပမ်းခံကာ အမှုကို ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ ထိုကာလအတွင်း This, too, will pass. စကားလေးဖြင့် မိမိကိုယ်ကိုအာပေးမြှင့်တင်ရကြောင်း၊ မိတ်ဆွေများအား ဟေးစတင်း(စ) ဖွင့်ဟပြောဆိုမိရာမှ သည်ပုံပြင်နှင့် သည်စကားသည် အင်္ဂလန်တွင် ပြန့်ပွားထင်ရှားသွားခဲ့သည်။
နောက်ပိုင်းတွင် ကဗျာဆရာ သီအိုဒိုတစ်လတန်(Theodore Tilton)(၁၈၃၅-၁၉၀၇) က Even This Shall Pass Away ခေါင်းစဉ်တပ်လျက် သည်စကားအကြောင်း ပုံပြင်ကိုလင်္ကာဖွဲ့ဆိုသည့်အခါ`၌မူ ပုံပြင်ထဲကရှင်ဘုရင်အား ပါရှားပြည်(ယခု အီရန်ပြည်) ကို အစိုးရသောမင်းဟု တိတိကျကျ ဖော်ပြထားတာတွေ့ရသည်။သူ့ ကဗျာပထမပိုဒ်က ဤသို့…….
Once in Persia reign a king,
Who upon his signet ring
Graved a maxim true and wise,
Which, if held before the eyes,
Gave him counsel at a glance
Fit for every change and chance;
Solemn words, and these are they;
"Even this shall pass away"

Friday, June 22, 2012

အဖြူရောင်မုသားသုံးတတ်ပါစေ(အင်တာနက်မှတ်စု)

ရှုပ်ထွေးပွေလီနေတဲ့ ဒီလောကမှာ အသင်သည် စည်းစိမ်ချမ်းသာတွေပြည့်စုံနေခြင်းဖြင့် ဘ၀ကို ရှင်သန်နိုင်သလို ဆင်းရဲနွမ်းပါးခြင်းများဖြင့်လည်း ရှင်သန်နိုင်တယ် မသေရုံတမယ်လည်း ရှင်သန်နိုင်သလို တော်သင်ရုံ ဖြင့်လည်း ရှင်သန်နိုင်တယ် ။

သို့သော် လူတိုင်းမှာ လိုအပ်ခြင်းဆိုတာ အမြဲရှိနေတယ် လောဘလည်း ရှိနေတယ် ဒေါသလည်း ၊မောဟလည်း ရှိနေတယ် လုံ့လလည်းရှိတယ်၊ရဲရင့်ခြင်း ၊ရိုးသားခြင်း၊ရောင့်ရဲခြင်း၊သဘောထားပြည့်ခြင်း များရှိနေချင်ရှိနေမယ် မရှိချင်လည်း မရှိနေနိုင်ဘူး
ရှိအောင်လည်း ကြိုးစားချင်ကြိုးစားမယ် မကြိုးစားချင်လည်း မကြိုးစားနိုင်ဘူး ဘာပဲဖြစ်ဖြစ်အသင့်မှာ လိုအပ်မှုတွေရှိနေတာကတော့
အမှန်ဘဲနော် ...........လူတိုင်းကို ကြည့်ပြီး ထင်မြင်ချက်အမျိုးမျိုးနှင့်အတူ မုဒိတာ ပွားချင်ပွားမယ် မကောင်းတဲ့စိတ်တွေ ပွားချင်ပွားမယ်
ဒါတွေက ကိုယ့်အပေါ်မှုတည်တယ် ..........အဓိက က ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုကိုယ် အရင်မေးပြီးရင် ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်မှာ
ရှိနေတဲ့အရည်အချင်းတွေကို တိုင်းကြည့် လိုနေရင် ထပ်ဖြည့် ပိုနေရင် တော့ကိုယ်ဖြစ်ချင်တာကို လုပ် ဘာပဲဖြစ်ဖြစ် ဒူးလောက်မှန်းမှ ရင်လောက်ကျမယ်နော် ...တစ်ချို့ကတော့ လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့စကားပုံတွေရှိတယ် ဒါကလည်း အတိုင်းအတာတစ်ခု
ထိမှန်ပါတယ် ...ပြီးပြည့်စုံတဲ့အရာဆိုတာ ဒီလောကမှာ မရှိဘူး....ဘယ်သူဟာ ဘာလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတာ ဘုရားကလွဲရင်
ဘယ်သူတော်စင်မှမသိနိုင်ဘူး လေ.....လောကမှာ လူတွေက လိမ်ကြတယ် သူများကိုလည်း လိမ်တယ် ကိုယ့်ကိုကိုယ်လည်းလိမ်တယ်
သူများကိုလိမ်တော့ လူဖြစ်တစ်ခါရှုံးတယ် ကိုယ့်ကို ကိုယ်လိမ်တော့ အခါတစ်ရာ မက ရှုံးတယ် ....လိမ်တယ်ဆိုတာ မကောင်းဘူး တစ်ချို့ကမလိမ်ဘူး ညာတယ်လေ ...ဒါပေမယ့်အတူတူပါပဲ ..မုသားသုံးတာ သုံးတတ်ရင်ကောင်းပါတယ် ဘာဖြစ်လို့ကောင်းသလဲလို့ပြောရင် အခြေအနေအချိန်အခါပေါ်မှုတည်ပြီး မုသားဆိုတာ သုံးသင့်ပါတယ်
မုသား မှာ အဖြူ နဲ့အမည်းဆိုတာရှိတယ်....မုသားအမည်းကတော့ မုသာဝါဒါကံထိုက်မှာပေါ့ သူက တစ်ဦးဦးကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလို့လေ အဓိကပြောချင်တဲ့မုသားဖြူကအရှင်သာရိပုတ္တရာမထေရ်လောင်းကြီးကိုယ်တိုင်သုံးခဲ့တာပါ
ဘုရားဟော ဇာတ်တော်ဖြစ်ပါတယ်....အတိုချုပ်ပဲပြောပြပါရစေ
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်ပေါ့ ဘုရင်ကြီးဟာ သူတော်ကောင်းတရား (၇)ပါးကို ကျင့်သုံးပြီး မင်းကျင့်တရားဆယ်ပါးနဲ့အညီ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို့ထားက ဘုရားတရားသံဃာ အပေါ်သ
ဒ္ဓါတရား ကိုင်းရှိုင်းတာပေါ့ဗျာ
ဘယ်လောက်ထိ ဘာသာတရားကိုင်းရှိုင်းသလဲဆိုရင် သူပွဲတော်အုပ်တည်မယ့်အချိန်မှာ အလှူခံလာရင် သူစားမယ့် ပွဲတော်အုပ်တောင် မစားဘဲ လှူတာပေါ့ ...ဒါကြောင့်လည်း သူ့တိုင်းပြည်မှာ ရာဇ၀တ်မှုတွေကင်းရှင်းပြီး အေးချမ်းသာယာကြတာပေါ့ဗျာ.....
တစ်နေမှာတော့ ဗာရာဏသီပြည်ရဲ့ အရှေ့တံခါးဘက်ရွာတစ်ရွာမှာ သူဆင်းရဲ လင်မယားနှစ်ယောက်နေကြတယ် သူတို့ဟာ အလုပ်ကို
မည်မည်ရရမလုပ်ကြဘူး ပြီးတော့ ယောက်ျား ဟာ သူ့မယားကို ချစ်တယ်ပေါ့ဗျာ တစ်ဦးနှင့်တစ်ဦးလည်း ချစ်ကြတာပေါ့....
မယားဖြစ်တဲ့သူမှာ ကိုယ်ဝန်ရှိလာတော့ မိန်းမဖြစ်သူက ချဉ်ချင်းတက်တယ်လေ (စာကြွင်း/ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတွေမှာ ဒီအချိန်ရောက်ရင် ဒီလိုဖြစ်တတ်တယ်ဆိုတာကြားဖူးပါတယ်။ ဥပမာ ဒေ၀ဒတ်ကိုကိုယ်ဝန်ဆောင်ခဲ့စဉ်တုန်းကလည်း ဝေဒေဟီမိဖုရားသည် ဘုရင့်၏လက်ယာလက်ရုံးသွေးကိုသောက်ချင်တဲ့ ချဉ်ခြင်းဖြစ်တာပါဘဲလေ။ )အဲ့မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးတာပေါ့ ဘာချဉ်ချင်းတက်တာလဲ ဘာလဲပေါ့နော်။အဲ့မှာ မယားဖြစ်သူက ဗာရာဏသီပြည့်ရှင် မင်းတရားကြီးရဲ့ ပွဲတော်အုပ်ကို စားချင်ပါတယ်လို့ပြောတော့ ယောက်ျားဖြစ်သူက
တွေဝေသွားတယ် ပထမတော့ ဘာပဲလုပ်ရရပေါ့ လေ နောက်တော့ ဘုရင့်ပွဲတော်အုပ်ဆိုတော့ သေဒဏ်လေ ဒီတော့ မိန်းမဖြစ်သူကို
ပြောတာပေါ့ တခြားဟာ ပြောလို့မရဘူးလားပေါ့ မိန်းမကလည်း မရဘူး ဒီဟာမှ မစားရရင်သေတော့မယ် ဘာရယ်ပေါ့။
ယောက်ျားက အမျိုးမျိုးလှည့်ပတ်ပြောလို့မရတော့ ဒီတော့ ရအောင်လုပ်ရတော့မယ်လေ မိန်းမကိုချစ်တာကိုး အဲ့ဒါနဲ့
လင်မယားနှစ်ယောက်စလုံး အကြံထုတ်ကြတာပေါ့ မယားဖြစ်သူက ယောက်ျားကိုပြောတယ် တို့ဘုရင် ဟာ ဘာသာတရားကိုင်းရှိုင်းတယ် ဒီတော့ ယောက်ျားကို ရဟန်းဟန်ဆောင်ပြီး မွန်းတည့်မတည့်မီ ဘုရင်လေသာဆောင်ရှေ့နားဘက်ကနေ
ဖြည်းဖြည်းသွားဖို့ပြောတယ် ....ဘုရင်ကလည်း ပွဲတော်အုပ်မတည်မီ လေသာဆောင်ကနေ အပြင်ကိုလှမ်းကြည့်ပြီး မှ သူက ပွဲတော်အုပ်တည် တာကိုး၊ ဒီတော့ ယောက်ျားကလည်း မယားစကားအတိုင်း ကတုံးတုံး သင်္ကန်းဝတ်ပြီး သပိတ်ယူကာ ရဟန်းအတုပေါ့နော် ရဟန်းဟန်ဆောင်ပြီး မိန်းမကို မြို့ပြင်က ဇရပ်မှာ စောင့်ခိုင်းထားခဲ့တာပေါ့ ....ပြီးတော့ ဘုရင် ရှိရာ လေသာဆောင်ဘက်ကို တရွှေ့ရွှေ့ထွက်ခါလာတာပေါ့....အဲ့အချိန်မှာ ဘုရင်ကလည်း ပွဲတော်အုပ် တည်ဖို့ရန်လေသာဆောင်ဘက်ကိုကြွချီလာတာပေါ့ဗျာ...အပြင်ဘက်ကို ဘုရင်က လှမ်းကြည့်လိုက်တော့ ရဟန်းတစ်ပါးကို တွေ့သွားတယ် ဒီတော့ နဂိုရှိ သဒ္ဒါတရားတွေဟာ ထကြွလာပြီး စိတ်ထဲက နေ ...အို ..ဘုရားသားတော် ရဟန်းတစ်ပါးပါလား
မွန်းတည့်ချိန်နီးနေပြီ ဆွမ်းကွမ်းရောအဆင်ပြေပါ့မလား ငါတည်မယ့်ပွဲတော်အုပ်ကို လှူမယ်ပေါ့ နော်..ဒါနဲ့ မင်းချင်းတွေကို အခေါ်လွှတ်တာပေါ့...ရဟန်းအယောင်အဆောင် သူဆင်းရဲသားလည်း ဘုရင်ခေါ်တယ်ဆိုတော့ ကြောက်ကြောက်နဲ့လိုက်သွားတာပေါ့မိန်းမက ဘုရင်ပွဲတော်အုပ်ကို မှ စားချင်နေတာကိုး ဒီတော့ မထူးပါဘူး ဆိုပြီး သတ်ချင်လည်း သတ်ပါစေ လို့တွေးပြီး လိုက်သွားတယ်
ဘုရင်ရှေ့ရောက်တော့ ဘုရင်က ပွဲတော်အုပ်ကို ကပ်လှူလိုက်တာပေါ့ ဒီတော့ သူဆင်းရဲသားရဟန်းအတု ၀မ်းသာသွားတယ် ..ပြီးတော့ခပ်သုတ်သုတ်ပဲ ဘုရင့်နန်းတော်ဘက်ကနေ မြို့ပြင်ဇရပ်ဆီကို အမြန်ချီတက်တော့တာပေါ့....ဘုရင်ကတော့ လှုလိုက်ရလို့ ပီတီတွေဖြစ်နေတာပေါ့ ပြီးတော့ သူလှူလိုက်တဲ့ ရဟန်းဟာ သာမန်မဖြစ်နိုင်ဘူး ရဟန္တာတွေများဖြစ်နေမလားဆိုပြီးတွေးမိက စစ်သူကြီးတစ်ယောက်ကို အနောက်ကနေမသိမသာ လိုက်ကြည့်ခိုင်းတာပေါ့...ဒီတော့ ရှင်သာရိပုတ္တ၇ာလောင်းစစ်သူကြီးကအနောက်ကနေလိုက်ကြည့်တာပေါ့ဘုရင်ကခိုင်းတာကိုးရဟန်းအတုလည်းမသိဘူးလေ ..သူက သူ့မိန်းမဆီကိုသာစိတ်ကရောက်နေတာကိုးအဲ့ဒီမှာ ဇရပ်ကိုလည်းရောက်ရော သူခြုံထားတဲ့ သင်္ကန်းတွေကိုချွတ်ပြီး မိန်းမနဲ့ အတူ
ခုနကရလာတဲ့ ပွဲတော်အုပ်တွေကို အတူတူစားကြတာပေါ့ ..ဒါကို စစ်သူကြီးက မြင်တော့ ဘာလုပ်ရမလဲစဉ်းစားမိသွားတယ်
ဘုရင်ကိုဘယ်လို ပြန်လျှောက်ရမလဲလို့ စဉ်းစားနေရတာ ဘုရင်ကလည်း ဒီရဟန်းကို ယုံကြည်နေတာလေ တော်ကြာ ဒီကိစ္စသာအမှန်အတိုင်းလျှောက်လိုက်ရင် ဘုရားသားတော် ရဟန်းတွေအပေါ်ယုံကြည်မှုတွေကင်းမဲ့သွားနိုင်တယ်...ပြီးတော့ သူဆင်းရဲလင်မယားနှစ်ယောက်လည်း သေဒဏ် အပြစ်ပေးခံရမယ်လေ ...ဒီတော့ ဘုရင်လည်း
ဗုဒ္ဓသာသနာကို ပိုပြီးယုံကြည်သွားအောင်၊သူဆင်းရဲလင်မယားလည်း မင်း ပြစ်မင်းဒဏ်မခံရအောင်နှင့် သူလည်း အမှန်အတိုင်းလျှောက်တင်နိုင်အောင်
စစ်သူကြီးက မုသားသုံးမယ်လို့ စဉ်းစားပြီး နန်းတော်ကိုပြန်လာတာပေါ့.....ဘုရင်ကလည်း နန်းတော်ဝမှာ စစ်သူကြီးကို ပွဲတော်အုပ်တောင်မတည်သေးဘဲစောင့်မျှော်နေတာပေါ့ ပြီးတော့ မှုးမတ်တွေအရှေ့မှာ သူက သူ့ရဲ့ထင်မြင်မှုကိုသိစေချင်တယ်လေ
ဒီတော့ ဘုရင်က ပြုံးလျှက်နဲ့ စစ်သူကြီး မေးတာပေါ့ ငါပွဲတော်အုပ်လှူလိုက်တဲ့ ရဟန်း ကိုလိုက်ကြည့်တော့ ဘာမြင်ရလိုက်လဲလို့ မေးလိုက်တယ် ...စစ်သူကြီးကလည်း အရှင်မင်းကြီး ပွဲတော်အုပ်လောင်းလှူလိုက်တဲ့ဲ့ ရဟန်းဟာ မြို့ပြင်လည်း ရောက်ရော ရဟန်းအသွင်
ပျောက်သွားပါတယ်ဘုရားလို့ လည်းဖြေရော ဘုရင်ကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ပွဲတော်အုပ်တည်ဖို့ ထွက်သွားပါလေရောဗျာ
ဘုရင့်စိတ်ထဲမှာတော့ ရဟန်းအသွင်ပျောက်သွားတယ်ဆိုတာ မိုးပေါ်ပျံတာဖြစ်ဖြစ် မြေလျှိုးတာဖြစ်ဖြစ် တစ်ခုခုပေါ့ သူက ရဟန္တာလို့ ထင်နေတာကိုး....ဒီတော့ဗျာ အရှင်သာရိပုတ္တရာမထေရ်မြတ်လောင်းကြီးဖြစ်တဲ့စစ်သူကြီးဟာ အခုလို မုသားသုံးလိုက်တဲ့အတွက် ဘယ်သူတစ်ဦးတစ်ယောက်မှ အပြစ်မရှ အထိအခိုက်မရှိဘဲ ဆင်ခြင်တုံးတရားရှိရှိဖြင့် အသုံးချတတ်သွားတာ
ဘယ်လောက်ကောင်းလိုက်လဲနော် ..ဒီမုသားဟာ တကယ်တော့ အဖြူရောင်မုသားလေးပါပဲလေ။
အားလုံးပျော်ရွှင်ချမ်းမြေ့လို့ အသိတရားများတိုးပွားနိုင်ကြပါစေ..။

Monday, June 18, 2012

အရာထင်သောစကားများ(အင်တာနက်မှတ်စု)


လူတိုင်းမှာ မိမိ ကိုယ်ပိုင်ဘ၀လေး တစ်ခု ကိုယ်စီကိုယ်စီရှိကြပါတယ်...။
ကိုယ်ရတဲ့ ဘ၀လေးကို ကိုယ်ဘယ်လိုယူဆပါသလဲ ။ ကိုယ်ဘယ်လိုခံယူသလဲ ။

ဘယ်လိုစိတ်ထားမျိုးနဲ့ ဘယ်လိုနေထိုင်သလဲ ။ အရေးကြီးတာ တခဏ လေးရလာတဲ့ 
ဘ၀တာတိုတို နေမညိုခင်လေးမှာ တန်ဖိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်
စိတ်ချမ်းချမ်းသာ

နဲ့  နေထိုင်သွားနိုင် ဖို့ ပါပဲ...။ လူအများစုဟာမိမိရတဲ
့ကိုယ်ပိုင်ဘ၀လေးကိုမကျေနပ်ကြဘူ
း မိမိထက်သာလွန်တယ်လို့ ထင်တဲ
့တခြားသူတွေကိုကြည့် ပြီး

အားမလိုအားမရဖြစ်တတ်ကြတယ် ။ အဲသလိုဘ၀မျိုး မဖြစ်ရကောင်းလားဆိုပြီး
မကျေမနပ်နဲ့  စိတ်အားငယ်၊ စိတ်ဆင်းရဲ
စိတ်ဓာတ်ကျခြင်းတွေ....အဲလိုအတွေးမျိုးတွေ

သူငယ်ချင်းတို့ တွေ ရောဝင်မိသေးလားကွယ်.....။ မိမိကိုယ် ကိုမကျေနပ်တဲ
့စိတ်တွေလေ......၀င်ခဲ့ ဖူးတယ်ဆိုရင်တော့ ..ဆရာ့ စကားလေးကို မယ်ထွေးက
မျှဝေ

ပေးချင်ပါတယ်.....ဆရာ့ ဆုံးမပေးခဲ့ တဲ့  အရာထင်တဲ့ စကားလေးပါ......။

စိတ်မချမ်းမသာဖြစ်ရပြီ ၊ စိတ်ညစ်ရ ပြီ ၊ စိတ်ဓာတ်ကျပြီ
ဆိုရင် မိ မိရဲ့ စိတ်ကိုသေသေချာချာရှင်းရှင်းလင်းလင်း ကြည့်  လိုက် ဖို
့လို လိမ့် မယ်။

ငါဘာလို့ စိတ်ညစ်နေရတာလည်းလို့ ပြတ်ပြတ်သားသား မေးကြည့် ဖို့ လို လိမ်
့မယ်...။အဲသလိုကြည့် လိုက်ရင် အခါပေါင်းများစွာမှာ ငါဟာဘ၀မှာ ဘာဆို ဘာမှ

အရေးမပါတဲ့  အသေးအဖွဲလေးတွေကြောင့်  အလကားနေရင်းစိတ်ညစ်
စိတ်ဓာတ်ကျနေတာပါလားဆိုတာကို အံ့ သြဖွယ်ကောင်းလောက်အောင် တွေ့ မြင်ရမှာ

အမှန်ပါပဲ ........

.................တစ်ခါတလေများ ဒီထက် အံ့ သြစရာကောင်းတာတောင်တွေ့ ရလိမ်
့ဦးမယ် ။ လူတစ်ယောက်ဟာ ကိုယ့် ဘ၀ကို မပိုင်ပါလား ။မိမိရဲ့ ပျော်ရွှင်မှု


စိတ်ချမ်းသာမှု့  တွေဟာမိမိမပိုင် ဘဲ တခြားသူတစ်ယောက်ရဲ့  လက်ထဲကို ဝ
ကွက် ပြီး အပ်ထားသလိုမျိုးပေါ့  ။ အဲဒီိလူက ပျော်စေ ဆိုမှ မိမိကပျော်ခွင်
့ရတဲ့ ဘဝ

အဲဒိလူကမင်းစိတ်ညစ်ဆိုရင်သေလောက်အောင်စိတ်ဓာတ်ကျရတဲ့ ဘ၀ ။အဲဒီိလူရဲ
့မျက်နှာကိုကြည့် ပြီး သူ့  ရဲ့ အမိန့် ကိုစောင့် ပြီး ပျော်ရွှင်မှု့ 
လေးတွေကို မျှော်လင့် 

ရတဲ့ ဘ၀..။ဘယ်လောက်တောင်ဆိုးတဲ့ ဘ၀လဲကွယ်....။

တကယ်တမ်းကျတော့ အဲသလိုမျိုး မဖြစ် သင့် ဘူး ၊ မဖြစ်ရဘူး ၊
အဲသလို မိမိ ဘ၀ ကိုစိုးပိုင်ထားသူတွေဟာ မိမိရဲ့ အချစ်ဆုံးတွေ..ဒါမှမဟုတ်
အမုန်းဆုံး

သူတွေ ပဲ ဖြစ်တတ်တယ်..။ မိမိချစ်တဲ့ သူရဲ့  ချစ်ခင်ဂရုစိုက်မှု့  ကို
လိုချင်တယ်..မုန်းတဲ
့သူကမိမိဘ၀ကိုပိုင်ဆိုင်ထားတာမျိုးလည်းရှိနေတတ်တာပဲ..။အဲဒီလူရဲ့ 

လောင်းရိပ်အောက်ကမထွက်နိုင်ဘူး။လုံးဝမပျော်ရွှင်ရ..၊စိတ်ညစ် ရ၊
စိတ်ဓာတ်ကျ... အစွန်းရောက်တဲ့ ..အချစ်နဲ့ အမုန်းတွေ ပေါ့ ..။ အဲလို
တွေကြုံလာရင်တော့ 

မိမိရဲ့ စိတ်ကိုပြန်ကြည့် ပြီး တရားလွန်မဖြစ်အောင်
၊မခံစားဖြစ်အောင်...မိမိစိတ်ကို စောင့် တည် ရလိမ့် မယ်..။

မိမိဘ၀ကို မိမိပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်..၊ပြီးတော
့မိမိရဲ့ ပျော်ရွှင် စိတ်ချမ်းသာမှု့ ကို မိမိရဲ
့လက်ထဲမှာပဲထားရမယ်..၊တခြားဘယ်သူ့  လက်ထဲမှာမှ

မထားရဘူး မိမိဘ၀ကိုမိမိပဲပိုင်ဆိုင်ရမယ် ..တခြားသူတွေ နဲ့ လည်း
လိုက်ပြီးနှိုင်းယှဉ်မနေရဘူး..။ကိုယ့် ရဲ့ ဘ၀လေးကို ကျေကျေနပ်နပ်နဲ
့.ကိုယ်လိုချင်တာဘာလဲ

ကိုယ်စိတ်ဝင်စားတတ်တာဘာလဲ ၊ကိုယ်ဟာ ဒီလောကကြီးထဲကို ဘာလုပ်ဖို
့ရောက်လာတာလည်း....ဆိုတဲ့ မေးခွန်းတွေကိုမေးရမယ်..။ဒီမေးခွန်းတွေကို
မညှာပဲ...

မညာတမ်းဖြေဆိုနိုင်ဖို့ ကြိုးစားရ မယ်...။ငါ့ ရဲ့ စိတ်ချမ်းသာမှု့ ကို
တခြားဘယ်သူမှ မဖျက်ဆီး နိုင်စေရဘူး လို့  ခိုင်မာတဲ့ 
ဆုံးဖြတ်ချက်ရှိရမယ် ။

တခြားဖြစ်တာပျက်တာမှန်သမျှ ဟာ ကိုယ်နဲ့  မဆိုင်ဘူး။
ကိုယ်ကလည်းဘာဆိုဘာမှ မတတ်နိုင်ဘူး..။ဘာကိုမှလည်းလိုက်ပြီးပြောင်းလဲ
ပစ်လို့  မရ ဘူး ဆိုရင်

ကိုယ်တတ်နိုင်တာ တစ်ခုပဲရှိတယ် ။ အဲဒါကတော့ ကိုယ့် ရဲ့ စိတ်သဘောထားကို
ပြုပြင်ပြောင်းလဲပစ်ဖို့ ပါပဲ ။ မိမိရဲ့ စိတ်သဘောထားကိုတော့  မိမိ
ပိုင်ဆိုင်တာ ပဲ...။

ကိုယ့် လက်ထဲမှာ ရှိတာကိုပဲ ကိုယ်ပြောင်းလဲပစ်၇တော့ မယ်..လေ.. ...

အကောင်းဆုံးစိတ်..၊ အကောင်းဆုံးအတွေးအခေါ်..လေးတွေနဲ့ .
အကောင်းဆုံးနဲ့ အမှန် ဆုံး ..အရိုးအရှင်း ဆုံးစကားလေးကတော့  ကောင်းတာတွေ
လုပ်ရင်
ကောင်းတာတွေ ခံစားရမယ်..တွေးပြီး ကောင်းအောင်ကြိုးစားပြီးနေတတ်ဖို့ ပါ ဘဲလေ...။
ဘ၀မှာ စိတ်ဓာတ်ခွန်အားအမြဲတမ်းရှိစေဖို့ ခွန်အားရှိတဲ့စာပေကိုများများဖတ်ဖို့လိုပါလိမ့်မယ်။


Friday, June 15, 2012

Ganges River (Ganga) Varanasi, India ...

The name of the Ganges is known all throughout the land of India. This river that runs for 1,560 miles ..
The name of the 
Ganges is known 
all throughout the land of India. This river that runs for 1,560 miles from the Himalayas all the way to the Bay of Bengal is more than just flowing water. This river is life, purity, and a goddess to the people of India. The river is Ganga Ma, "Mother Ganges." Her name and her story is known all throughout the land. It is the story of how she poured herself down from heaven upon the ashes of King Sarga's sons. Her waters would raise them up again to dwell in peace in heaven. Not only that, but anyone who touches these purifying waters even today are said to be cleansed of all sins.
As soon as the day begins, devout Hindus begin to give their offerings of flowers or food, throwing handfulls of grain or garlands of marigolds or pink lotuses into the Ganges. Others will float small oil lamps on its surface. Or as stated in "Banaras City of Light" by Diana L. Eck, "they may take up her water and put it back into the river as an offering to the ancestors and the gods" (Eck 212). In cupped hands they will also take the ritual drink of the Ganges and then fill a container to take with them to the temple. On great festivel occasions, Hindus ford the river in boats, shouting "Ganga Mata Ki Jai!" (Victory to Mother Ganga!)
Every morning thousands of Hindus, whether pilgrims or residents, make their way into the holy water of the Ganges. All of them face the rising sun with folded hands mumering prayers. Eck states:

"There are few things on which Hindu India, diverse as it is, might agree. But of the Ganges, India speaks with one voice. The Ganges carries an immense cultural and religious meaning for Hindus of every region and every sectarian persuasion." (214)
The Ganges is a place of death and life. Hindus from all over will bring their dead. Whether a body or just ashes, the waters of the Ganga are needed to reach Pitriloka, the World of the Ancestors. Just as in the myth with King Sargas' 60,000 sons who attained heaven by Ganga pouring down her water upon their ashes, so the same waters of Ganga are needed for the dead in the Hindu belief today. Without this, the dead will exist only in a limbo of suffering, and would be troublesome spirits to those still living on earth. The waters of the Ganges are called amrita, the "nectar of immoratality".


Cremation anywhere along the Ganges is desirable. If that is not possible, then the relatives might later bring the ashes of the deceased to the Ganges. Sometimes, if a family cannot afford firewood for cremation, a half-burned corpse is thrown into the water. A verse from the Mahabharata promises, "If only the bone of a person should touch the water of the Ganges, that person shall dwell, honored, in heaven."
For the living, bathing in the Ganges is just as important. Hindus will travel miles and miles to have their sins washed away in these holy waters. For years Hindus have declared that there is nothing quite as cleansing as the living waters of the River of Heaven. This "pure" water is suppoce to wash their sins away.

The river Ganges draws all kinds of people and life seems to continually be bustling at its side. On the platforms and ghats are barbers cutting and trimming hair, and children flying their kites. You may see young men wrestling, exercising, or in deep meditation. Washermen are beating their clothes on stones at the edge. Multi-colored saris and all sorts of wet clothes are laid out to dry in the sunshine. A boy may be washing his dog while a mother is taking her yelling child into the Ganges for the first time. "Banaras: India's City of Light" by Santha Rama Rau states:

"There are beggars, idlers, vendors, touts, the young, the old, the curious, the remote, the talkers, the guides, the priests, the families simply out for a stroll, the ascetics, the crippled, the woman scrubbing out household pots and pans, the toughs, the gently curious ones. All are there along the Ganges" (Rau 244).
Unfortunately, with all the life the Ganges brings, pollution is also brought. Some of the worst waterborn diseases are dysentery, hepatits, and cholera. Money is being raised by the government and other groups such as the Swatcha Ganga to clean the Ganges. None the less, the Ganges is still the purifying waters for the Hindus of India. As stated in "Travel in India" by Jean Tavernier, "The land where the Ganges does not flow is likened in one hymn to the sky without the sun, a home without a lamp, a Brahmin without a Vedas" (Tavernier 236).

Bibliography:
-Eck, Diana. BANARAS CITY OF LIGHT. New York: Alfred A. Knopf, 1982.
-Rau, Santha. "Banaras: India's City of Light" NATIONAL GEOGRAPHIC. Feb. 1995






Related Posts Plugin for WordPress, Blogger...

Contact E-mail- ashinlekna@gmail.com Phone No.+917388868427

7022 7398 4270 7488